Enterprise Gadget Trending

patent အရ clamshell စတုိင္လ္ဖုန္း Apple လုပ္ေဆာင္ေနျပီဟု ခန္႕မွန္း

Zawgyi Version

ဆမ္ေဆာင္းနဲ႕ ဟြာေ၀းတို႕ဟာ ေခါက္ခ်ိဳးဖုနး္ေတြကို ထုတ္ျပဖို႕ရက္မတုိင္မီ အစြမ္းကုန္ၾကိဳးစားေနၾကပါတယ္။ ဒီေတာ့ Apple ကလည္း လိုက္လုပ္ေဆာင္ေတာ့မယ့္သေဘာ ရွိေနပါတယ္။
flexible display နဲ႕ hinge(ပတၱာ) တို႕ပါ၀င္တဲ့ပစၥည္းေလးတစ္ခုကို patent တင္ထားပါတယ္။ ဒီေတာ့ Apple လည္း လုပ္ေဆာင္ေနျပီလို႕ သတ္မွတ္ႏုိင္ပါတယ္။

patent ကိုၾကည့္လိုက္ေတာ့ clamshell စတုိင္လ္ ေခါက္ခ်ိဳးဖုန္းေလးျဖစ္ပါတယ္။ အျခားသူေတြလုပ္ေဆာင္ေနတဲ့ဖုန္းအမ်ိဳးအစားေတြနဲ႕ေတာ့ ကြာျခားပါတယ္။ ေခါက္လိုက္တဲ့အခါ မ်က္ႏွာျပင္တစ္ခုတည္းျဖစ္သြားျပီး အိတ္ေထာင္တုိင္းနဲ႕ ကိုက္ညီတဲ့ဖုန္းေလးအျဖစ္ ေတြ႕ျမင္ရပါတယ္။ ျဖန္႕လိုက္ခ်ိန္မွာ ပိုမိုၾကီးမားတဲ့မ်က္ႏွာျပင္ကို အသားေပးထားျခင္းေတာ့ မဟုတ္ပါဘူး။ အေရးပါတာတစ္ခုကေတာ့ form factor မဟုတ္ဘဲ ကြဲထြက္ေနတယ္လို႕ ဆိုရမွာပါ။

patent ထဲမွာ Apple ဟာ hinge တစ္ခုကို အေျခခံထားျပီး သံုးဘားဆက္၊ ေလးဘားဆက္ လုပ္ေဆာင္သြားမွာပါ။ patent ရဲ႕ ေဖာ္ျပခ်က္အရ flexible display ေတြကို hinge ေပၚမွာအုပ္ျပီး ကြယ္ထားမယ္လို႕ သိရပါတယ္။ ဒါေၾကာင့္ ေကြးညြတ္ႏုိင္တဲ့အျပင္ hinge ေတြကိုလည္း ျမင္ရမွာမဟုတ္ပါဘူး။

၂၀၁၁ ကတည္းက ေခါက္ခ်ိဳးဖုန္းေတြကို Patent တင္တာရွိေနေတာ့ Patent ေတြမွာကို အမ်ိဳးမ်ိဳးကြဲေနတာေတြ ထပ္ေတြ႕ရပါတယ္။ ေခါက္ခ်ိဳးစမတ္ဖုန္းကေတာ့ ပိုျပီးဆီေလ်ာ္မယ္လို႕ ထင္ပါတယ္။ ပံုေလးကေတာ့ နည္းနည္းဆန္းပါလိမ့္မယ္။

OLED dislay ကို အသံုးျပဳသြားမွာျဖစ္ျပီး ဖုန္းရဲ႕ေဘးႏွစ္ဖက္ကေတာ့ အေတာ္ေလးကြဲေနမွာျဖစ္ျပီးေတာ့ Hinge နဲ႕ ခ်ိတ္ဆက္ထားမွာပါ။

စိတ္၀င္စားစရာေကာင္းတာက Apple အေနနဲ႕ ေခါက္ခ်ိဳးဖုန္းေရစီးေၾကာင္းထဲကို ၀င္လာမလားဆိုတာပါပဲ။ ၂၀၂၀ေလာက္မွ အေစာဆံုးအေနနဲ႕ ေတြ႕ျမင္ရႏုိင္တယ္လို႕လည္း ေျပာေနၾကျပန္ပါတယ္။

Unicode Version

ဆမ်ဆောင်းနဲ့ ဟွာဝေးတို့ဟာ ခေါက်ချိုးဖုန်းတွေကို ထုတ်ပြဖို့ရက်မတိုင်မီ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ဒီတော့ Apple ကလည်း လိုက်လုပ်ဆောင်တော့မယ့်သဘော ရှိနေပါတယ်။
flexible display နဲ့ hinge(ပတ္တာ) တို့ပါဝင်တဲ့ပစ္စည်းလေးတစ်ခုကို patent တင်ထားပါတယ်။ ဒီတော့ Apple လည်း လုပ်ဆောင်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

patent ကိုကြည့်လိုက်တော့ clamshell စတိုင်လ် ခေါက်ချိုးဖုန်းလေးဖြစ်ပါတယ်။ အခြားသူတွေလုပ်ဆောင်နေတဲ့ဖုန်းအမျိုးအစားတွေနဲ့တော့ ကွာခြားပါတယ်။ ခေါက်လိုက်တဲ့အခါ မျက်နှာပြင်တစ်ခုတည်းဖြစ်သွားပြီး အိတ်ထောင်တိုင်းနဲ့ ကိုက်ညီတဲ့ဖုန်းလေးအဖြစ် တွေ့မြင်ရပါတယ်။ ဖြန့်လိုက်ချိန်မှာ ပိုမိုကြီးမားတဲ့မျက်နှာပြင်ကို အသားပေးထားခြင်းတော့ မဟုတ်ပါဘူး။ အရေးပါတာတစ်ခုကတော့ form factor မဟုတ်ဘဲ ကွဲထွက်နေတယ်လို့ ဆိုရမှာပါ။

patent ထဲမှာ Apple ဟာ hinge တစ်ခုကို အခြေခံထားပြီး သုံးဘားဆက်၊ လေးဘားဆက် လုပ်ဆောင်သွားမှာပါ။ patent ရဲ့ ဖော်ပြချက်အရ flexible display တွေကို hinge ပေါ်မှာအုပ်ပြီး ကွယ်ထားမယ်လို့ သိရပါတယ်။ ဒါကြောင့် ကွေးညွတ်နိုင်တဲ့အပြင် hinge တွေကိုလည်း မြင်ရမှာမဟုတ်ပါဘူး။

၂၀၁၁ ကတည်းက ခေါက်ချိုးဖုန်းတွေကို Patent တင်တာရှိနေတော့ Patent တွေမှာကို အမျိုးမျိုးကွဲနေတာတွေ ထပ်တွေ့ရပါတယ်။ ခေါက်ချိုးစမတ်ဖုန်းကတော့ ပိုပြီးဆီလျော်မယ်လို့ ထင်ပါတယ်။ ပုံလေးကတော့ နည်းနည်းဆန်းပါလိမ့်မယ်။

OLED dislay ကို အသုံးပြုသွားမှာဖြစ်ပြီး ဖုန်းရဲ့ဘေးနှစ်ဖက်ကတော့ အတော်လေးကွဲနေမှာဖြစ်ပြီးတော့ Hinge နဲ့ ချိတ်ဆက်ထားမှာပါ။

စိတ်ဝင်စားစရာကောင်းတာက Apple အနေနဲ့ ခေါက်ချိုးဖုန်းရေစီးကြောင်းထဲကို ဝင်လာမလားဆိုတာပါပဲ။ ၂၀၂၀လောက်မှ အစောဆုံးအနေနဲ့ တွေ့မြင်ရနိုင်တယ်လို့လည်း ပြောနေကြပြန်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.