Hands-on Photos ေတြ ထြက္ေပၚလာတဲ့ Xiaomi Mi 9

0
519

Xiaomi Mi 9 ကို တရား၀င္ေၾကညာဖို႔ ရက္ပိုင္းအလိုမွာပဲ သူ႔ရဲ႕ Hands-on Photo ေတြ ထြက္ေပၚလာပါတယ္။ ဓါတ္ပံုမ်ားဟာ ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ ဒီဇိုင္းနဲ႔ တူညီပါတယ္။ အရြယ္ေသး Notch မွာ ကင္မရာ ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ 3D Face-scanning System ေတာ့ မပါလာႏိုင္ပါဘူး။

အေနာက္ဘက္မွာကင္မရာ သံုးလံုးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ အေနာက္ကင္မရာမ်ားဟာ 48+13+16MP Camera မ်ား ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ အေနာက္ဘက္က ေတာက္ေျပာင္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ အနိမ့္ဆံုး ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းဟာ ေစ်းႏႈန္းဟာ ယြမ္ ၂၉၉၉ ( ၄၃၆ ေဒၚလာ) ေလာက္ ျဖစ္မွာပါ။ Android Pie အေျချပဳ MIUI 10 နဲ႔ ပြဲထြက္လာႏုိင္ပါတယ္။

ယခင္ထြက္ေပၚခဲ့ဖူးတဲ့ သတင္းမ်ား အရ Xiaomi Mi 9 မွာ ၆.၄ လက္မ  19:9 FHD+ AMOLED Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19.5:9 ျဖစ္ပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာကို မေတြ႕ရတဲ့ အတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို သံုးလာႏုိင္ပါတယ္။ သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ ေရွာင္မီရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ နည္းပညာ အသစ္ကို သံုးထားႏုိင္ပါတယ္။

တန္ဖုိး အနည္းဆံုးေမာ္ဒယ္မွာ 6/128GB ပါလာမွာပါ။ လီဂြ်န္က သူဟာ Redmi Note 7 ထက္ အားသြင္းျမန္မယ္လို႔ ေျပာထားတဲ့ အတြက္ 27W Fast Charging ပါလာႏုိင္ပါတယ္။ ဘက္ထရီ ပမာဏက 3500mAh ျဖစ္ပါတယ္။ Wireless Charging မပါဘူးလို႔ သတင္းထြက္ေနပါတယ္။  သူ႔ကို Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ Snapdragon 855 Chipset ေမာင္းႏွင္ထားႏုိင္ပါတယ္။ သူ႔မွာ X50 LTE Modem ပါလာမလား၊ 5G Modem ကို သံုးထားမလား ဆိုတာ မသိရေသးပါဘူး။

unicode

Hands-on Photos တွေ ထွက်ပေါ်လာတဲ့ Xiaomi Mi 9

Xiaomi Mi 9 ကို တရားဝင်ကြေညာဖို့ ရက်ပိုင်းအလိုမှာပဲ သူ့ရဲ့ Hands-on Photo တွေ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံများဟာ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ ဒီဇိုင်းနဲ့ တူညီပါတယ်။ အရွယ်သေး Notch မှာ ကင်မရာ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် 3D Face-scanning System တော့ မပါလာနိုင်ပါဘူး။

အနောက်ဘက်မှာကင်မရာ သုံးလုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာများဟာ 48+13+16MP Camera များ ပါမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်က တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနိမ့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းဟာ ဈေးနှုန်းဟာ ယွမ် ၂၉၉၉ ( ၄၃၆ ဒေါ်လာ) လောက် ဖြစ်မှာပါ။ Android Pie အခြေပြု MIUI 10 နဲ့ ပွဲထွက်လာနိုင်ပါတယ်။

ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများ အရ Xiaomi Mi 9 မှာ ၆.၄ လက်မ  19:9 FHD+ AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာကို မတွေ့ရတဲ့ အတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို သုံးလာနိုင်ပါတယ်။ သူ့မှာ မကြာခင်က ကြေညာထားတဲ့ ရှောင်မီရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ နည်းပညာ အသစ်ကို သုံးထားနိုင်ပါတယ်။

တန်ဖိုး အနည်းဆုံးမော်ဒယ်မှာ 6/128GB ပါလာမှာပါ။ လီဂျွန်က သူဟာ Redmi Note 7 ထက် အားသွင်းမြန်မယ်လို့ ပြောထားတဲ့ အတွက် 27W Fast Charging ပါလာနိုင်ပါတယ်။ ဘက်ထရီ ပမာဏက 3500mAh ဖြစ်ပါတယ်။ Wireless Charging မပါဘူးလို့ သတင်းထွက်နေပါတယ်။  သူ့ကို Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 855 Chipset မောင်းနှင်ထားနိုင်ပါတယ်။ သူ့မှာ X50 LTE Modem ပါလာမလား၊ 5G Modem ကို သုံးထားမလား ဆိုတာ မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.