Smartphone Trending

48MP Camera ပါလာမယ့္ OPPO F11 Pro

48MP Camera Phone ေတြ ထြက္ေပၚလာပါၿပီ။ OPPO ကလည္း 48MP Camera ပါတဲ့ F11 Pro ကို မၾကာခင္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ OPPO က သူ႔ကို ေၾကညာမယ့္ အခ်ိန္ အတိအက်ကို မေျပာေသးပါဘူး။ ဒါေပမယ့္ F Series မ်ားကို ႏွစ္ႏွစ္ တစ္ႀကိမ္ ေၾကညာေလ့ ရွိတဲ့ အတြက္ သိပ္ေစာင့္ရေတာ့မွာ မဟုတ္ပါဘူး။  

အခုေတာ့ သူ႔ရဲ႕ Teaser Video တစ္ခုကို ကုမၸဏီက တြစ္တာမွာမွ်ေ၀လိုက္ပါတယ္။ ေျခာက္စကၠန္႔ၾကာ ဗီဒီယိုမွာ ဖုန္းရဲ႕ ဒီဇိုင္းကို အနည္းငယ္ ျပသထားပါတယ္။ 48MP စာသားကို ျပသထားတဲ့ အတြက္ သူ႔မွာ အဲဒီ ကင္မရာပါမွာ ေသခ်ာပါတယ္။  “ Brilliant Portrait in Low Light “ လို႔ ေရးသားထားတဲ့ အတြက္ Low-light Portrait Photo ေတြ အလြန္ ေကာင္းမွာ ေသခ်ာပါတယ္။

They say a picture is worth a thousand words. 
We say a #BrilliantPortrait is worth even more.  

RT if you’re set for the new #OPPOF11Pro, launching soon. pic.twitter.com/5ZyAirvzPf— OPPO (@oppo) February 13, 2019

48MP Camera ဟာ Samsung ISOCELL GM1 or Sony IMX586 Sensor ျဖစ္ႏုိင္ပါတယ္။ အေရွ႕ ကင္မရာကို Pop-Up Design ဖန္တီးထားၿပီး 32MP Camera ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ Pop-Up Camera ဟာ ဖုန္းရဲ႕ အလယ္ဗဟိုကေန အထက္ကို တိုးထြက္လာမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာကို တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာေတာ့ ပါမွာ မဟုတ္ပါဘူး။

unicode

48MP Camera ပါလာမယ့် OPPO F11 Pro

48MP Camera Phone တွေ ထွက်ပေါ်လာပါပြီ။ OPPO ကလည်း 48MP Camera ပါတဲ့ F11 Pro ကို မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ OPPO က သူ့ကို ကြေညာမယ့် အချိန် အတိအကျကို မပြောသေးပါဘူး။ ဒါပေမယ့် F Series များကို နှစ်နှစ် တစ်ကြိမ် ကြေညာလေ့ ရှိတဲ့ အတွက် သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး။

အခုတော့ သူ့ရဲ့ Teaser Video တစ်ခုကို ကုမ္ပဏီက တွစ်တာမှာမျှဝေလိုက်ပါတယ်။ ခြောက်စက္ကန့်ကြာ ဗီဒီယိုမှာ ဖုန်းရဲ့ ဒီဇိုင်းကို အနည်းငယ် ပြသထားပါတယ်။ 48MP စာသားကို ပြသထားတဲ့ အတွက် သူ့မှာ အဲဒီ ကင်မရာပါမှာ သေချာပါတယ်။ “ Brilliant Portrait in Low Light “ လို့ ရေးသားထားတဲ့ အတွက် Low-light Portrait Photo တွေ အလွန် ကောင်းမှာ သေချာပါတယ်။

They say a picture is worth a thousand words. 
We say a #BrilliantPortrait is worth even more.  

RT if you’re set for the new #OPPOF11Pro, launching soon. pic.twitter.com/5ZyAirvzPf— OPPO (@oppo) February 13, 2019

48MP Camera ဟာ Samsung ISOCELL GM1 or Sony IMX586 Sensor ဖြစ်နိုင်ပါတယ်။ အရှေ့ ကင်မရာကို Pop-Up Design ဖန်တီးထားပြီး 32MP Camera ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ Pop-Up Camera ဟာ ဖုန်းရဲ့ အလယ်ဗဟိုကနေ အထက်ကို တိုးထွက်လာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာကို တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတော့ ပါမှာ မဟုတ်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.