App/Game Gadget Trending
ကိုယ်ပိုင်appကနေ wearable အသစ်တွေကိုကြေညာခဲ့တဲ့ ဆမ်ဆောင်း
Zawgyi Version
ကဲကြည့်လိုက်ရအောင်။
Unicode Version
ဆမ်ဆောင်းရဲ့ wearable app လေးကတော့ update ထွက်ရှိလာခဲ့ပြီး ထုတ်ကုန်အသစ်တွေကိုလည်း ပြသထားတာကို တွေ့မြင်ရပါတယ်။ သူတို့တွေကို မကြာခင်မှာ ပြသတော့မယ့် Galaxy S10 နဲ့ တွေ့မြင်ရမယ်လို့ တွက်ထားပါတယ်။ Android အတွက် Galaxy Wearable app လေးကိုတော့ Samsung Gear လို့ သိကြပါတယ။် အဲဒီထဲမှာ
wireless earbuds ၊ smartwatch ၊ fitness band အသစ်လေးတွေကို တွေ့မြင်ကြရမှာပါ။ ဒီ update ကိုတော့ တွစ်တာအကောင့်ပိုင်ရှင် SamCentralTech ကနေ ထောက်ပြခဲ့တာပါ။
Galaxy Watch Active ကတော့ စာရင်းထဲမှာ ပထမဆုံးပါပဲ။ Galaxy Sport လို့နာမည်ထွက်ခဲ့တဲ့ smartwatch လေးနဲ့ ဆင်တူပါတယ်။ 40mm case နဲ့အတူ အရောင်နှစ်မျိုးတွေ့မြင်ရပါတယ်။ ဓါတ်ပုံလေးနဲ့ဆိုတော့ အခြားအကြောင်းအရာတွေကို တပ်အပ်မပြေနိုင်သေးပါဘူး။
Galaxy Fit နဲ့ Galaxy Fit e တို့ကတော့ watch ပုံစံ ရာဘာကြိုးလေးတွေနဲ့ပါ။ Galaxy Fit e ကတော့ ပြီးခဲ့တဲ့လ Bluetooth certification တစ်ခုကနေ ပေါက်ကြားလာခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပုံရိပ်ကိုတွေ့မြင်ရတာကတော့ ပထမဆုံးပါပဲ။ e ဆိုတာ ဘာကိုပြောချင်မှန်းတော့ မသိရသေးပါဘူး။ နောက်ပြီး e မပါတဲ့မော်ဒယ်လ်နဲ့ ဘယ်လိုတွေကွဲပြားနေမှာလဲ။
နောက်ဆုံးမှာတော့ ကျွန်ောတ်တို့အတွက် Galaxy Buds အတွက် အတည်ပြုချက် ရခဲ့ပါပြီ။ Galaxy S10 ကနေ အားသွင်းလို့ရမယ်လို့ ပြောထားကြပါတယ်။
ကဲကြည့်လိုက်ရအောင်။
ဆမ်ဆောင်းရဲ့ Galaxy S10 ပွဲကတော့ ဖေဖော်ဝါရီ၂၀ရက်နေ့ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမှာပါ။ သတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.