Rolex နာရီကို smart watch အျဖစ္ေျပာင္းလဲမယ့္ ဆိုနီရဲ႕စိတ္ကူး

0
1079

Zawgyi Version

hybrid ေတြကို ထိပါးေတာ့မယ့္စတုိင္လ္ပါပဲ။

sony ကေတာ့ ၂၀၁၄ခုႏွစ္မွာ ျပသခဲ့တဲ့ Android Wear watch ျပီးေနာက္မွာ စမတ္နာရီေလာကထဲကို အသစ္အဆန္းေတြ မယူေဆာင္လာခဲ့ေတာ့တာ ဒီေန႕အထိလို႕ေျပာရမွာပါ။ ဒါေပမယ့္လည္း သင့္ရဲ႕လက္ေကာက္၀တ္မွာ ေနရာယူမယ့္နာရီေလးကို ဒီဇိုင္းဆန္းဆန္းေလးနဲ႕ ျမင္ေတြ႕ရေအာင္ လုပ္ေဆာင္ေပးေတာ့မွာပါ။

hybrid smartwatch ေတြနဲ႕ ဆင္တူတဲ့ Sony Wena ေလးကေတာ့ သင့္ရဲ႕လက္ရွိနာရီကို band နဲ႕ခ်ိတ္ဆက္ခြင့္ေပးထားျပီးေတာ့ ေငြေပးခ်မႈေတြ၊ အားကစားေလ့က်င့္ခန္းေတြ၊ notification ေတြကို သိရွိေအာင္ ေဆာင္ရြက္ေပးထားပါတယ။္

လက္ပတ္ၾကိဳးေလးဟာဆိုရင္ျဖင့္ ဆီလီကြြန္ဒီဇုိင္းေလးနဲ႕ ပရီမီယမ္ဆန္တဲ့ သတၳဳဒီဇုိင္းဆိုျပီး ႏွစ္မ်ိဳးေတြ႕ျမင္ရမွာပါ။

ယူေကမွာေတာ့ ဒီေန႕ကစတင္ျပီး မွာယူႏုိင္ေနပါျပီ။ ယူအက္စ္၊ ၾသစေတးလ်တို႕ကို ဘယ္အခ်ိန္မွာ ျပသမလဲဆိုတာကိုေတာ့ မေျပာရေသးပါဘူး။ ေစာင့္ၾကည့္ရမွာပါ။

သတၳဳဒီဇုိင္းေလးကေတာ့ အဆင့္ျမင္နာရီေလးနဲ႕ တပ္ဆင္ဖို႕ေကာင္းမြန္ပါတယ္။ သူဟာ 20mm band ျဖစ္ပါတယ္။ ဒါေပမယ့္ 18 20 22 mm ေတြနဲ႕လည္း တပ္ဆင္ႏုိင္တဲ့အတြက္ေၾကာင့္ အျမင္တင့္တယ္ေစမွာပါ။ အေရာင္ကိုေတာ့ ေငြနဲ႕ အနက္ စသျဖင့္ ေရြးခ်ယ္ႏိုင္မွာပါ။

ဒီေကာင္ေလးကေတာ့ ေရေအာက္ ၅၀မီတာအထိ ခံႏုိင္ရည္ရွိျပီးေတာ့ အျပင္လမ္းေလွ်ာက္တဲ့အခ်ိန္မွာဆိုရင္လည္း notification ေတြၾကည့္ဖို႕အတြက္ display ေကာင္းေကာင္းရွိပါတယ္။

Android ၊ iOS ႏွစ္မ်ိဳးလံုးအသံုးျပဳႏိုင္တဲ့ Wirecard’s Boon app ေလးနဲ႕ ဗားရွင္းႏွစ္ခုလံုးကို ေထာက္ပံ့ေပးထားပါတယ္။ ဒါကေတာ့ Google Pay or Apple Pay နဲ႕ ခ်ိတ္ထားမွာ မဟုတ္ပါဘူး။

Noti ေတြကေတာ့ ၾကိဳးရဲ႕အေနာက္မွာရွိတဲ့ black box ကတစ္ဆင့္ ျမင္ေတြ႕ရမွာပါ။

fitness led လိုခ်င္တယ္ဆိုရင္ေတာ့ ဆီလီကြန္ဗားရွင္းကို ပိုၾကိဳက္ေလာက္ပါတယ္။ သူက သတၳဳဗားရွင္းမွာလိုပဲ GPS နဲ႕ heart rate tracker ပါ၀င္ပါတယ္။

ဒါေလးေတြကေတာ့ သင့္ရဲ႕ Apple Health or Google Fit တို႕နဲ႕ ခ်ိတ္ဆက္အသံုးျပဳႏုိင္ပါတယ္။ band ကေတာ့ 20mm ျဖစ္ျပီး face အေနနဲ႕ 18 20 22 တို႕ကို အသံုးျပဳႏုိင္မွာပါ။

ၾကိဳးအေနာက္ဘက္မွာ display ရွိတာမို႕ noti ေတြကို တိုက္ရုိက္ၾကည့္ရွဳႏုိင္ေစမွာပါ။

ရိုးရိုးနာရီမရွိဘူးလား။ Sony က အသင့္ထုတ္လုပ္ထားေပးပါတယ္။ watch face သံုးလံုးရွိပါတယ္။ သူတိုေတြမွာေတာ့ smart feature မရွိလို႕ သံုးခ်င္တယ္ဆိုရင္ smart ၾကိဳးေတြနဲ႕ တြဲဖက္ရမွာပါ။

နာမည္ေလးေတြလည္း ေပးထားပါေသးတယ္။ Mechanical, Solar and Quartz

Wena Wrist Pro ကေတာ့ ေဒၚလာ၅၁၀ ျဖစ္ျပီး Wrist Active ကေတာ့ ေဒၚလာ၄၅၀ ျဖစ္ပါတယ္။ watch face ကေတာ့ ေဒၚလာ၁၃၀ ျဖစ္ပါတယ္။ ၾကိဳးနဲ႕တြဲ၀ယ္ဖို႕ေတာ့ မေမနဲ႕ေနာ္။

Unicode Version

hybrid တွေကို ထိပါးတော့မယ့်စတိုင်လ်ပါပဲ။

sony ကတော့ ၂၀၁၄ခုနှစ်မှာ ပြသခဲ့တဲ့ Android Wear watch ပြီးနောက်မှာ စမတ်နာရီလောကထဲကို အသစ်အဆန်းတွေ မယူဆောင်လာခဲ့တော့တာ ဒီနေ့အထိလို့ပြောရမှာပါ။ ဒါပေမယ့်လည်း သင့်ရဲ့လက်ကောက်ဝတ်မှာ နေရာယူမယ့်နာရီလေးကို ဒီဇိုင်းဆန်းဆန်းလေးနဲ့ မြင်တွေ့ရအောင် လုပ်ဆောင်ပေးတော့မှာပါ။

hybrid smartwatch တွေနဲ့ ဆင်တူတဲ့ Sony Wena လေးကတော့ သင့်ရဲ့လက်ရှိနာရီကို band နဲ့ချိတ်ဆက်ခွင့်ပေးထားပြီးတော့ ငွေပေးချမှုတွေ၊ အားကစားလေ့ကျင့်ခန်းတွေ၊ notification တွေကို သိရှိအောင် ဆောင်ရွက်ပေးထားပါတယ။်

လက်ပတ်ကြိုးလေးဟာဆိုရင်ဖြင့် ဆီလီကွန်ဒီဇိုင်းလေးနဲ့ ပရီမီယမ်ဆန်တဲ့ သတ္ထုဒီဇိုင်းဆိုပြီး နှစ်မျိုးတွေ့မြင်ရမှာပါ။

ယူကေမှာတော့ ဒီနေ့ကစတင်ပြီး မှာယူနိုင်နေပါပြီ။ ယူအက်စ်၊ သြစတေးလျတို့ကို ဘယ်အချိန်မှာ ပြသမလဲဆိုတာကိုတော့ မပြောရသေးပါဘူး။ စောင့်ကြည့်ရမှာပါ။

သတ္ထုဒီဇိုင်းလေးကတော့ အဆင့်မြင်နာရီလေးနဲ့ တပ်ဆင်ဖို့ကောင်းမွန်ပါတယ်။ သူဟာ 20mm band ဖြစ်ပါတယ်။ ဒါပေမယ့် 18 20 22 mm တွေနဲ့လည်း တပ်ဆင်နိုင်တဲ့အတွက်ကြောင့် အမြင်တင့်တယ်စေမှာပါ။ အရောင်ကိုတော့ ငွေနဲ့ အနက် စသဖြင့် ရွေးချယ်နိုင်မှာပါ။

ဒီကောင်လေးကတော့ ရေအောက် ၅၀မီတာအထိ ခံနိုင်ရည်ရှိပြီးတော့ အပြင်လမ်းလျှောက်တဲ့အချိန်မှာဆိုရင်လည်း notification တွေကြည့်ဖို့အတွက် display ကောင်းကောင်းရှိပါတယ်။

Android ၊ iOS နှစ်မျိုးလုံးအသုံးပြုနိုင်တဲ့ Wirecard’s Boon app လေးနဲ့ ဗားရှင်းနှစ်ခုလုံးကို ထောက်ပံ့ပေးထားပါတယ်။ ဒါကတော့ Google Pay or Apple Pay နဲ့ ချိတ်ထားမှာ မဟုတ်ပါဘူး။

Noti တွေကတော့ ကြိုးရဲ့အနောက်မှာရှိတဲ့ black box ကတစ်ဆင့် မြင်တွေ့ရမှာပါ။

fitness led လိုချင်တယ်ဆိုရင်တော့ ဆီလီကွန်ဗားရှင်းကို ပိုကြိုက်လောက်ပါတယ်။ သူက သတ္ထုဗားရှင်းမှာလိုပဲ GPS နဲ့ heart rate tracker ပါဝင်ပါတယ်။

ဒါလေးတွေကတော့ သင့်ရဲ့ Apple Health or Google Fit တို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ band ကတော့ 20mm ဖြစ်ပြီး face အနေနဲ့ 18 20 22 တို့ကို အသုံးပြုနိုင်မှာပါ။

ကြိုးအနောက်ဘက်မှာ display ရှိတာမို့ noti တွေကို တိုက်ရိုက်ကြည့်ရှုနိုင်စေမှာပါ။

ရိုးရိုးနာရီမရှိဘူးလား။ Sony က အသင့်ထုတ်လုပ်ထားပေးပါတယ်။ watch face သုံးလုံးရှိပါတယ်။ သူတိုတွေမှာတော့ smart feature မရှိလို့ သုံးချင်တယ်ဆိုရင် smart ကြိုးတွေနဲ့ တွဲဖက်ရမှာပါ။

နာမည်လေးတွေလည်း ပေးထားပါသေးတယ်။ Mechanical, Solar and Quartz

Wena Wrist Pro ကတော့ ဒေါ်လာ၅၁၀ ဖြစ်ပြီး Wrist Active ကတော့ ဒေါ်လာ၄၅၀ ဖြစ်ပါတယ်။ watch face ကတော့ ဒေါ်လာ၁၃၀ ဖြစ်ပါတယ်။ ကြိုးနဲ့တွဲဝယ်ဖို့တော့ မမေနဲ့နော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.