Apple Watch ေၾကာင့္ ေသကံမေရာက္ခဲ့တဲ့ သူနာျပဳမေလး

0
1134

Zawgyi Version

Apple Watch ဟာ လူေတြကို က်န္းမာေရးအေျခအေနနဲ႕ပတ္သတ္ျပီး အာရံုစုိက္လာေအာင္ လုပ္ေဆာင္ျပေနတယ္လို႕ဆိုရင္ မမွားပါဘူး။ သံုးစြဲသူေတြရဲ႕ ႏွလံုးခုန္ႏႈန္းနဲ႕ စည္းခ်က္ေတြကို တုိင္းတာေစာင့္ၾကည့္ျပီး အခ်ိန္နဲ႕တစ္ေျပးညီ အသိေပးေနပါတယ္။ Apple Watch Series 4 နဲ႕ ECG လုပ္ေဆာင္ခ်က္တို႕ရဲ႕ ေပါင္းစပ္လိုက္မႈေၾကာင့္ က်န္းမာေရးအထူးကုေတြေတာင္ အတုိင္းအတာတစ္ခုအထိ မလိုအပ္ေတာ့ပါဘူး။ ဒါဟာ အားသာခ်က္တစ္ခုျဖစ္လာပါတယ္။

ABC 11 ရဲ႕ သတင္းကို ၾကည့္လိုက္ရေအာင္။ သူနာျပဳမေလးတစ္ေယာက္ဟာ လူနာသြားၾကည့္တဲ့အခ်ိန္ သူမရဲ႕ ႏွလံုးခုန္ႏႈန္းက အဆမတန္ျမင့္တက္ေနတယ္ဆိုတာ Apple Watch က သတိေပးေနတာကို ျမင္လိုက္ရပါတယ္။ 177 BPM အထိ ေရာက္ေနျပီးေတာ့ ႏွလံုးခုန္ႏႈန္းျပန္ျငိမ္ေအာင္ ၾကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးလို႕ သူမက ေျပာျပပါတယ္။

ခံစားေနရတာကေတာ့ မာရသြန္ေျပးပြဲၾကီးကို အဆံုးအထိ ျပိဳင္ထားရသလိုပါပဲ။ အေရးေပၚကားေရာက္လာျပီးခ်ိန္မွာေတာ့ စမ္းသပ္မႈေလးေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီေနာက္မွာ
supraventricular tachycardia (SVT) လို႕ေခၚတဲ့ ႏွလံုးတစ္၀ုိုက္မွာ လွ်ပ္စစ္လႈပ္ရွားမႈေတြေၾကာင့္ျဖစ္လာတဲ့ ေရာဂါလကၡဏာရဲ႕ ေရွ႕ေျပးအျဖစ္ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

အခုဆိုရင္ေတာ့ သူမကို ေဆးကုသမႈခံယူေစႏိုင္ခဲ့ပါျပီ။ အရင္တုန္းကလည္း အဲဒီလိုအျဖစ္အပ်က္မ်ိဳး ခံစားခဲ့ရဖူးတယ္လို႕ သူမက ေျပာျပပါတယ္။ Apple Watch ရဲ႕ေက်းဇူးနဲ႕ အခ်ိန္မီကုသႏုိင္ခဲ့တာလို႕ ၀မ္းသာအားရေျပာျပေနတာကိုလည္း ၾကားခဲ့ရပါတယ္။

Apple Watch ဟာ က်န္းမာေရးပိုင္းမွာ အေတာ္ေလးအေထာက္အကူျပဳေနတာမို႕ အထင္ေသးလို႕မရပါဘူး။ CEO Tim Cook ကလည္း က်န္းမာေရးနယ္ပယ္ထဲမွာ Apple Watch နဲ႕ ေနရာယူႏုိင္လိမ့္မယ္လို႕ တြက္ဆထားပါတယ္။

Unicode Version

Apple Watch ဟာ လူတွေကို ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး အာရုံစိုက်လာအောင် လုပ်ဆောင်ပြနေတယ်လို့ဆိုရင် မမှားပါဘူး။ သုံးစွဲသူတွေရဲ့ နှလုံးခုန်နှုန်းနဲ့ စည်းချက်တွေကို တိုင်းတာစောင့်ကြည့်ပြီး အချိန်နဲ့တစ်ပြေးညီ အသိပေးနေပါတယ်။ Apple Watch Series 4 နဲ့ ECG လုပ်ဆောင်ချက်တို့ရဲ့ ပေါင်းစပ်လိုက်မှုကြောင့် ကျန်းမာရေးအထူးကုတွေတောင် အတိုင်းအတာတစ်ခုအထိ မလိုအပ်တော့ပါဘူး။ ဒါဟာ အားသာချက်တစ်ခုဖြစ်လာပါတယ်။

ABC 11 ရဲ့ သတင်းကို ကြည့်လိုက်ရအောင်။ သူနာပြုမလေးတစ်ယောက်ဟာ လူနာသွားကြည့်တဲ့အချိန် သူမရဲ့ နှလုံးခုန်နှုန်းက အဆမတန်မြင့်တက်နေတယ်ဆိုတာ Apple Watch က သတိပေးနေတာကို မြင်လိုက်ရပါတယ်။ 177 BPM အထိ ရောက်နေပြီးတော့ နှလုံးခုန်နှုန်းပြန်ငြိမ်အောင် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သူမက ပြောပြပါတယ်။

ခံစားနေရတာကတော့ မာရသွန်ပြေးပွဲကြီးကို အဆုံးအထိ ပြိုင်ထားရသလိုပါပဲ။ အရေးပေါ်ကားရောက်လာပြီးချိန်မှာတော့ စမ်းသပ်မှုလေးတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ
supraventricular tachycardia (SVT) လို့ခေါ်တဲ့ နှလုံးတစ်ဝိုက်မှာ လျှပ်စစ်လှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ ရောဂါလက္ခဏာရဲ့ ရှေ့ပြေးအဖြစ် ကောက်ချက်ချခဲ့ပါတယ်။

အခုဆိုရင်တော့ သူမကို ဆေးကုသမှုခံယူစေနိုင်ခဲ့ပါပြီ။ အရင်တုန်းကလည်း အဲဒီလိုအဖြစ်အပျက်မျိုး ခံစားခဲ့ရဖူးတယ်လို့ သူမက ပြောပြပါတယ်။ Apple Watch ရဲ့ကျေးဇူးနဲ့ အချိန်မီကုသနိုင်ခဲ့တာလို့ ဝမ်းသာအားရပြောပြနေတာကိုလည်း ကြားခဲ့ရပါတယ်။

Apple Watch ဟာ ကျန်းမာရေးပိုင်းမှာ အတော်လေးအထောက်အကူပြုနေတာမို့ အထင်သေးလို့မရပါဘူး။ CEO Tim Cook ကလည်း ကျန်းမာရေးနယ်ပယ်ထဲမှာ Apple Watch နဲ့ နေရာယူနိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။

Leave a Reply