၂၀ ရက္ေန႔မွာ ေၾကညာေတာ့မယ့္ Xiaomi Mi 9

0
1037

တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ေရွာင္မီရဲ႕ ပူးတြဲတည္ေထာင္သူ လီဂြ်န္က ပိုစတာတစ္ခုကို တင္လိုက္ပါတယ္။ ပိုစတာမွာ Mi 9 ကို ၂၀ ရက္ေန႔မွာ ေၾကညာမယ္လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ TFBoys မွ Roy Wang က Mi 9 ကို ကိုင္ထားတာကို ျမင္ရၿပီး အေနာက္ကင္မရာ သံုးလံုးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။

ယခင္ထြက္ေပၚခဲ့ဖူးတဲ့ သတင္းမ်ား အရ Xiaomi Mi 9 မွာ ၆.၄ လက္မ  19:9 FHD+ AMOLED Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19.5:9 ျဖစ္ပါတယ္။ အေနာက္ကင္မရာမ်ားက 48MP+18MP+8MP Triple Cameras မ်ား ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာကို မေတြ႕ရတဲ့ အတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို သံုးလာႏုိင္ပါတယ္။ သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ ေရွာင္မီရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ နည္းပညာ အသစ္ကို သံုးထားႏုိင္ပါတယ္။ ဒါ့အျပင္ ဖုန္းကို Unlock လုပ္ဖို႔ မ်က္ႏွာ အာရံုခံ နည္းပညာလည္း ပါလာမွာ ျဖစ္ပါတယ္။

သူ႔ကို Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ Snapdragon 855 Chipset ေမာင္းႏွင္ထားႏုိင္ပါတယ္။ သူ႔မွာ X50 LTE Modem ပါလာမလား၊ 5G Modem ကို သံုးထားမလား ဆိုတာ မသိရေသးပါဘူး။ တန္ဖုိး အနည္းဆံုးေမာ္ဒယ္မွာ 6/128GB ပါလာမွာပါ။ လီဂြ်န္က သူဟာ Redmi Note 7 ထက္ အားသြင္းျမန္မယ္လို႔ ေျပာထားတဲ့ အတြက္ 27W Fast Charging ပါလာႏုိင္ပါတယ္။ ဘက္ထရီ ပမာဏက 3500mAh ျဖစ္ပါတယ္။ Wireless Charging မပါဘူးလို႔ သတင္းထြက္ေနပါတယ္။

အနိမ့္ဆံုး ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းဟာ ေစ်းႏႈန္းဟာ ယြမ္ ၂၉၉၉ ( ၄၃၆ ေဒၚလာ) ေလာက္ ျဖစ္မွာပါ။ Android Pie အေျချပဳ MIUI 10 နဲ႔ ပြဲထြက္လာႏုိင္ပါတယ္။

unicode

၂၀ ရက်နေ့မှာ ကြေညာတော့မယ့် Xiaomi Mi 9

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူ လီဂျွန်က ပိုစတာတစ်ခုကို တင်လိုက်ပါတယ်။ ပိုစတာမှာ Mi 9 ကို ၂၀ ရက်နေ့မှာ ကြေညာမယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် TFBoys မှ Roy Wang က Mi 9 ကို ကိုင်ထားတာကို မြင်ရပြီး အနောက်ကင်မရာ သုံးလုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။

ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများ အရ Xiaomi Mi 9 မှာ ၆.၄ လက်မ 19:9 FHD+ AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။ အနောက်ကင်မရာများက 48MP+18MP+8MP Triple Cameras များ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာကို မတွေ့ရတဲ့ အတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို သုံးလာနိုင်ပါတယ်။ သူ့မှာ မကြာခင်က ကြေညာထားတဲ့ ရှောင်မီရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ နည်းပညာ အသစ်ကို သုံးထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းကို Unlock လုပ်ဖို့ မျက်နှာ အာရုံခံ နည်းပညာလည်း ပါလာမှာ ဖြစ်ပါတယ်။

သူ့ကို Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 855 Chipset မောင်းနှင်ထားနိုင်ပါတယ်။ သူ့မှာ X50 LTE Modem ပါလာမလား၊ 5G Modem ကို သုံးထားမလား ဆိုတာ မသိရသေးပါဘူး။ တန်ဖိုး အနည်းဆုံးမော်ဒယ်မှာ 6/128GB ပါလာမှာပါ။ လီဂျွန်က သူဟာ Redmi Note 7 ထက် အားသွင်းမြန်မယ်လို့ ပြောထားတဲ့ အတွက် 27W Fast Charging ပါလာနိုင်ပါတယ်။ ဘက်ထရီ ပမာဏက 3500mAh ဖြစ်ပါတယ်။ Wireless Charging မပါဘူးလို့ သတင်းထွက်နေပါတယ်။

အနိမ့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းဟာ ဈေးနှုန်းဟာ ယွမ် ၂၉၉၉ ( ၄၃၆ ဒေါ်လာ) လောက် ဖြစ်မှာပါ။ Android Pie အခြေပြု MIUI 10 နဲ့ ပွဲထွက်လာနိုင်ပါတယ်။

Leave a Reply