Smartphone Trending

အရမ္းလန္းတဲ့ Xiaomi ရဲ႕ ေခါက္ခ်ိဳး ဖုန္း ဒီဇိုင္း

ေရွာင္မီက LetsGoDigital အား သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို မွ်ေ၀လိုက္ပါတယ္။ LetsGoDigital က ေရွာင္မီရဲ႕ တရား၀င္ သတင္းအခ်က္အလက္မ်ားနဲ႔ ယခင္ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းမ်ားကို အေျခခံၿပီး အဲဒီ ဖုန္းရဲ႕ ပံုမ်ားကို ဖန္တီးလိုက္ပါတယ္။ အဲဒီ ဒီဇိုင္းဟာ ေရွာင္မီ ေခါက္ခ်ိဳးု ဖုန္းရဲ႕ ဖိုင္နယ္ ဒီဇိုင္းနဲ႔ လံုး၀ တူညီႏုိင္ပါတယ္။ ကြဲျပားရင္ေတာင္ အနည္းငယ္သာ ကြဲျပားမွာပါ။

သူဟာ ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳး ဖုန္းနဲ႔ ဒီဇိုင္း ကြဲျပားပါတယ္။ ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳး ဖုန္းဟာ စာအုပ္တစ္အုပ္လို ေခါက္ခ်ိဳး အသံုးျပဳႏုိင္တာ ျဖစ္ၿပီး ေရွာင္မီရဲ႕ ဖုန္းက အစြန္းႏွစ္ဖက္ကို အေနာက္ဘက္သုိ႔ ေခါက္ခ်ိဳး အသံုးျပဳႏိုင္တဲ့ ဒီဇုိင္း ျဖစ္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးလိုက္တာနဲ႔ User Interface ဟာ သင့္ေတာ္တဲ့ အေနအထားကို လွ်င္ျမန္စြာ ေျပာင္းလဲသြားတာကို ျမင္ရပါတယ္။

ျဖန္႔ထားရင္ သူဟာ အရြယ္အစား ႀကီးမားၿပီး တက္ဘလက္တစ္လံုးလို အသံုးျပဳနုိင္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ မ်က္ႏွာျပင္ အခ်ိဳးမွာ 3:2 ျဖစ္ပါတယ္။ LetsGoDigital က ေရွာင္မီဟာ အဲဒီ စမတ္ဖုန္းရဲ႕ အမည္အတြက္ Xiaomi Dual Flex နဲ႔   Xiaomi MIX Flex တို႔ကို ေရြးခ်ယ္ထားတယ္လို႔ ေျပာပါတယ္။

စမတ္ဖုန္ုး ထုတ္လုပ္သူမ်ားက ေခါက္ခ်ိဳး အသံုးျပဳႏိုင္တဲ့ စမတ္ဖုန္းမ်ားကို အၿပိဳင္အဆိုင္ ထုတ္လုပ္ေနၾကပါတယ္။ Huawei , Samsung နဲ႔ Motorola တို႔ကလည္း ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ဖန္တီးေနတယ္လို႔ အတည္ျပဳထားၾကပါတယ္။

unicode

အရမ်းလန်းတဲ့ Xiaomi ရဲ့ ခေါက်ချိုး ဖုန်း ဒီဇိုင်း

ရှောင်မီက LetsGoDigital အား သူ့ရဲ့ ခေါက်ချိုး ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို မျှဝေလိုက်ပါတယ်။ LetsGoDigital က ရှောင်မီရဲ့ တရားဝင် သတင်းအချက်အလက်များနဲ့ ယခင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများကို အခြေခံပြီး အဲဒီ ဖုန်းရဲ့ ပုံများကို ဖန်တီးလိုက်ပါတယ်။ အဲဒီ ဒီဇိုင်းဟာ ရှောင်မီ ခေါက်ချိုးု ဖုန်းရဲ့ ဖိုင်နယ် ဒီဇိုင်းနဲ့ လုံး၀ တူညီနိုင်ပါတယ်။ ကွဲပြားရင်တောင် အနည်းငယ်သာ ကွဲပြားမှာပါ။

သူဟာ ဆမ်ဆောင်းရဲ့ ခေါက်ချိုး ဖုန်းနဲ့ ဒီဇိုင်း ကွဲပြားပါတယ်။ ဆမ်ဆောင်းရဲ့ ခေါက်ချိုး ဖုန်းဟာ စာအုပ်တစ်အုပ်လို ခေါက်ချိုး အသုံးပြုနိုင်တာ ဖြစ်ပြီး ရှောင်မီရဲ့ ဖုန်းက အစွန်းနှစ်ဖက်ကို အနောက်ဘက်သို့ ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်တာနဲ့ User Interface ဟာ သင့်တော်တဲ့ အနေအထားကို လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်ရပါတယ်။

ဖြန့်ထားရင် သူဟာ အရွယ်အစား ကြီးမားပြီး တက်ဘလက်တစ်လုံးလို အသုံးပြုနိုင်ပါတယ်။ သူ့ကို ဖြန့်ထားရင် မျက်နှာပြင် အချိုးမှာ 3:2 ဖြစ်ပါတယ်။ LetsGoDigital က ရှောင်မီဟာ အဲဒီ စမတ်ဖုန်းရဲ့ အမည်အတွက် Xiaomi Dual Flex နဲ့ Xiaomi MIX Flex တို့ကို ရွေးချယ်ထားတယ်လို့ ပြောပါတယ်။

စမတ်ဖုန်ုး ထုတ်လုပ်သူများက ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းများကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။ Huawei , Samsung နဲ့ Motorola တို့ကလည်း ခေါက်ချိုး စမတ်ဖုန်းများကို ဖန်တီးနေတယ်လို့ အတည်ပြုထားကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.