Enterprise Trending

ဖိလစ္ပိုင္ႏုိင္ငံကို ၀ိုင္ဖုိင္ဖရီးေပးမယ့္ Google

Zawgyi Version

ဖိလစ္ပိုင္ကြန္ဖရင့္ကို Google တက္ေရာက္သြားမွာျဖစ္ျပီး အဲဒီေနရာမွာ Google Station program ေလးကို ဖိလစ္ပိုင္အတြက္ လုပ္ေဆာင္သြားမယ္လို႕ ေၾကညာမွာပါ။

Google Station ဆိုတာကေတာ့ ဖြံ႕ျဖိဳးဆဲႏုိင္ငံေတြရဲ႕ လူေနထူထပ္တဲ့ေနရာေတြျဖစ္တဲ့ ဘတ္စ္ကားဂိတ္၊ ေလဆိပ္စတဲ့ေနရာေတြမွာ Wi-Fi hotspots ေပးထားမယ့္ ပရိုဂရမ္ေလးျဖစ္ပါတယ္။ Google Station ကို အိႏၵိယ၊ မကၠဆီကို၊ အင္ဒိုနီးရွား၊ ႏိုက္ဂ်ီးရီးယား၊ ထိုင္းတို႕မွာ ရရွိခဲ့ျပီး အခုဆိုရင္ ဖိလစ္ပိုင္မွာလည္း အသံုးျပဳႏုိင္ေတာ့မွာပါ။

ဖိလပ္ပိုင္မွာ Google Station ကို ေဖေဖာ္၀ါရီလကုန္ေလာက္မွာ ေနရာ၅၀အထိ ရရွိေအာင္ လုပ္ေဆာင္သြားမွာပါ။ ေနရာအမ်ားစုကေတာ့ မနီလာနဲ႕ Quezon ျမိဳ႕ေတြမွာ ျဖစ္ပါလိမ့္မယ္။ ၂၀၁၉အတြင္းမွာ လူေနထူထပ္တဲ့ေနရာေတြမွာ ဆက္လက္တိုးခ်ဲ႕သြားဖို႕ရွိပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံသားေတြအေနနဲ႕ အခမဲ့၀ို္င္ဖုိင္ကို မိနစ္သံုးဆယ္စာ အသံုးျပဳႏုိင္မွာပါ။ သက္တမ္းကုန္သြားရင္ေတာ့ ေနာက္တစ္ခါ sign in ၀င္နိုင္မွာျဖစ္ပါတယ္။

Google က အေချခံအေဆာက္အအံုအတြက္ PLDT နဲ႕ Smart Communications တို႕နဲ႕ ပူးေပါင္းထားပါတယ္။ ေနာက္ျပီး ေၾကာ္ျငာအတြက္ Unilever နဲ႕ပူးေပါင္းထားပါတယ္။ Unilever ဟာ brand ၄၀၀ ေက်ာ္ပိုင္ဆုိင္ထားျပီး သန္႕ရွင္းေရး၊ အလွအပ၊ တစ္ကိုယ္ရည္ေစာင့္ေရွာက္မႈ၊ အစားအေသာက္ စတာေတြလည္း အပါအ၀င္ျဖစ္ပါတယ္။

Unicode Version

ဖိလစ်ပိုင်ကွန်ဖရင့်ကို Google တက်ရောက်သွားမှာဖြစ်ပြီး အဲဒီနေရာမှာ Google Station program လေးကို ဖိလစ်ပိုင်အတွက် လုပ်ဆောင်သွားမယ်လို့ ကြေညာမှာပါ။

Google Station ဆိုတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ဘတ်စ်ကားဂိတ်၊ လေဆိပ်စတဲ့နေရာတွေမှာ Wi-Fi hotspots ပေးထားမယ့် ပရိုဂရမ်လေးဖြစ်ပါတယ်။ Google Station ကို အိန္ဒိယ၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယား၊ ထိုင်းတို့မှာ ရရှိခဲ့ပြီး အခုဆိုရင် ဖိလစ်ပိုင်မှာလည်း အသုံးပြုနိုင်တော့မှာပါ။

ဖိလပ်ပိုင်မှာ Google Station ကို ဖေဖော်ဝါရီလကုန်လောက်မှာ နေရာ၅၀အထိ ရရှိအောင် လုပ်ဆောင်သွားမှာပါ။ နေရာအများစုကတော့ မနီလာနဲ့ Quezon မြို့တွေမှာ ဖြစ်ပါလိမ့်မယ်။ ၂၀၁၉အတွင်းမှာ လူနေထူထပ်တဲ့နေရာတွေမှာ ဆက်လက်တိုးချဲ့သွားဖို့ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့ အခမဲ့ဝိုင်ဖိုင်ကို မိနစ်သုံးဆယ်စာ အသုံးပြုနိုင်မှာပါ။ သက်တမ်းကုန်သွားရင်တော့ နောက်တစ်ခါ sign in ဝင်နိုင်မှာဖြစ်ပါတယ်။

Google က အခေခြံအဆောက်အအုံအတွက် PLDT နဲ့ Smart Communications တို့နဲ့ ပူးပေါင်းထားပါတယ်။ နောက်ပြီး ကြော်ငြာအတွက် Unilever နဲ့ပူးပေါင်းထားပါတယ်။ Unilever ဟာ brand ၄၀၀ ကျော်ပိုင်ဆိုင်ထားပြီး သန့်ရှင်းရေး၊ အလှအပ၊ တစ်ကိုယ်ရည်စောင့်ရှောက်မှု၊ အစားအသောက် စတာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.