Samsung က ေခါက္ခ်ိဳးု ဖုန္းကို ဒီလ ၂၀ ရက္ေန႔မွာ ေၾကညာမယ္လုိ႔ အတည္ျပဳ

0
474

ဆမ္ေဆာင္းက တြစ္တာမွာ Teaser Video တစ္ခုကို ျပသလိုက္ပါတယ္။ Caption မွာ “The future of mobile will unfold on February 20, 2019.” လို႔ ေရးသားထားတဲ့ အတြက္ ေခါက္ခ်ိဳး ဖုန္းကို ဒီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ေသခ်ာသြားပါၿပီ။

အဲဒီ ဖုန္းရဲ႕ ဗီဒီယိုနဲ႔ သတင္းအခ်က္အလက္မ်ားစြာလည္း ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔ကို ျဖန္႔ၿပီး တက္ဘလက္လို သံုးရင္ ၇.၃ လက္မ မ်က္ႏွာျပင္ကို သံုးႏုိင္မွာပါ။ ေခါက္ခ်ိဳးထားရင္ ၄.၅၈ လက္မ မ်က္ႏွာျပင္ကို အသံုးျပဳႏိုင္မွာပါ။ မ်က္နွာျပင္ အခ်ိဳးက အလြန္ ရွည္လ်ားပါတယ္။ အဲဒီအတြက္ လက္တစ္ဖက္ထဲနဲ႔ စကရင္ေအာက္ဘက္ျခမ္းမွာ App မ်ားကို အသံုးျပဳႏုိင္မယ့္ One UI ကုိ ဖန္တီးထားပါတယ္။ ဆမ္ေဆာင္းက One UI ကို Google နဲ႔ Android Developer မ်ားနဲ႔ နီးကပ္စြာ ပူးေပါင္း ဖန္တီးထားတာပါ။

တက္ဘလက္လို သံုးသံုး၊ ဖုန္းလို သံုးသံုး One UI က Content မ်ားကို အဆင္ေျပစြာ ျပသေပးမွာပါ။ One UI မွာ App ၃ ခုကို တစ္ၿပိဳင္နက္ သံုးႏုိင္တဲံ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ ေကြးညႊတ္ ဖုန္း မ်က္ႏွာျပင္ရဲ႕ Pixel သိပ္သည္းဆက ၄၂၀ ျဖစ္တဲ့ ထိပ္တန္းဖုန္းမ်ားေလာက္ေတာ့ မျမင့္မားပါဘူး။

ဆမ္ေဆာင္းရဲ႕ ၀န္ထမ္းမ်ားထံက ထြက္ေပၚလာခဲ့တ ဲ့ သတင္းအရ Samsung ရဲ႕ ေကြးညႊတ္ စမတ္ဖုန္းဟာ ေဒၚလာ ၂၅၀၀ ေလာက္ ရွိနုိင္ပါတယ္။ လက္ရွိ ေပါက္ေစ်းအရ ျမန္မာေငြ ၃၂ သိန္း ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။ အဲဒီ ဖုန္းကို ၿဗိတိန္မွာ စတိုးဆိုင္အခ်ိဳ႕ကေနသာ ေရာင္းခ်မွာ ျဖစ္ပါတယ္လို႔ Gizmodo UK က ေျပာပါတယ္။ Samsung Store မ်ားကေန SIM-Free Version ကို ေရာင္းခ်မွာပါ။ EE Carrier ကေန SIM-Free သာမက စာခ်ဳပ္မ်ားျဖင့္ပါ ၀ယ္ယူႏိုင္မွာပါ။

unicode

Samsung က ခေါက်ချိုးု ဖုန်းကို ဒီလ ၂၀ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြု

ဆမ်ဆောင်းက တွစ်တာမှာ Teaser Video တစ်ခုကို ပြသလိုက်ပါတယ်။ Caption မှာ “The future of mobile will unfold on February 20, 2019.” လို့ ရေးသားထားတဲ့ အတွက် ခေါက်ချိုး ဖုန်းကို ဒီလ ၂၀ ရက်နေ့မှာ ကြေညာမှာ သေချာသွားပါပြီ။

အဲဒီ ဖုန်းရဲ့ ဗီဒီယိုနဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့ကို ဖြန့်ပြီး တက်ဘလက်လို သုံးရင် ၇.၃ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် အချိုးက အလွန် ရှည်လျားပါတယ်။ အဲဒီအတွက် လက်တစ်ဖက်ထဲနဲ့ စကရင်အောက်ဘက်ခြမ်းမှာ App များကို အသုံးပြုနိုင်မယ့် One UI ကို ဖန်တီးထားပါတယ်။ ဆမ်ဆောင်းက One UI ကို Google နဲ့ Android Developer များနဲ့ နီးကပ်စွာ ပူးပေါင်း ဖန်တီးထားတာပါ။

တက်ဘလက်လို သုံးသုံး၊ ဖုန်းလို သုံးသုံး One UI က Content များကို အဆင်ပြေစွာ ပြသပေးမှာပါ။ One UI မှာ App ၃ ခုကို တစ်ပြိုင်နက် သုံးနိုင်တဲံ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ကွေးညွှတ် ဖုန်း မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆက ၄၂၀ ဖြစ်တဲ့ ထိပ်တန်းဖုန်းများလောက်တော့ မမြင့်မားပါဘူး။

ဆမ်ဆောင်းရဲ့ ဝန်ထမ်းများထံက ထွက်ပေါ်လာခဲ့တ ဲ့ သတင်းအရ Samsung ရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ဒေါ်လာ ၂၅၀၀ လောက် ရှိနိုင်ပါတယ်။ လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ ၃၂ သိန်း ဝန်းကျင် ကျသင့်နိုင်ပါတယ်။ အဲဒီ ဖုန်းကို ဗြိတိန်မှာ စတိုးဆိုင်အချို့ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်လို့ Gizmodo UK က ပြောပါတယ်။ Samsung Store များကနေ SIM-Free Version ကို ရောင်းချမှာပါ။ EE Carrier ကနေ SIM-Free သာမက စာချုပ်များဖြင့်ပါ ဝယ်ယူနိုင်မှာပါ။

Leave a Reply