Smartphone Trending




unicode

MWC 2019 မှာ ကွေးညွှတ် မျက်နှာပြင် ပါတဲ့ Device ကို ကြေညာမယ့် Nubia

Huawei က ဒီလမှာ ကျင်းပမယ့် MWC 2019 မှာ ခေါက်ချိုး 5G Smartphone ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Nubia က ကွေးညွှတ် မျက်နှာပြင်ပါတဲ့ ကိရိယာ တစ်ခုကို MWC 2019 မှာ ပြသမယ်လို့ အတည်ပြုလိုက်ပါတယ်။ Nubia မျှဝေလိုက်တဲ့ ဓါတ်ပုံမှာ “ Flex Your Life “ လို့ ရေးသားထားတဲ့ အတွက် ခေါက်ချိုး ကိရိယာတစ်ခုကို ပြသမယ်ဆိုတာ သေချာပါတယ်။

Nubia က ဘာလင်မှာ ကျင်းပခဲ့တဲ့ IFA 2018 မှာ Curved OLED Screen ပါပြီး လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ စမတ်ဖုန်းရဲ့ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အဲဒီအတွက် MWC 2019 မှာ ပြသမယ့် ခေါက်ချိုး ကိရိယာဟာ သူ့ရဲ့ ဖိုင်နယ် မော်ဒယ် ဖြစ်နိုင်ပါတယ်။ စီအီးအိုက အဲဒီ စမတ်ဖုန်းဟာ နေ့စဉ် ဝတ်ဆင် အသုံးပြုဖို့ အလွန် အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.