Smartphone Trending

Design အသစ္ေတြနဲ႔ ထြက္လာမယ့္ iPhone အသစ္မ်ား

Apple က ဒီႏွစ္မွာ အိုင္ဖုန္း အသစ္သံုးလံုးကို ေၾကညာမယ္လို႔ ထင္ရပါတယ္။ အဲဒီထဲက ႏွစ္လံုးမွာ OLED Display မ်ား ပါလာႏုိင္ပါတယ္။ အခုထြက္လာတဲ့ သတင္းအရ စြမ္းရည္ အျမင့္ဆံုး ေမာ္ဒယ္ အသစ္ဟာ iPhone XS Max ထက္ ပိုလန္းလာမယ္လို႔ သိရပါတယ္။

အန္းဒရြိဳက္ ဖုန္း ထုတ္လုပ္သူမ်ားက Notch မ်ားကို ဖယ္ရွားလာၾကေပမယ့္ Apple ကေတာ့ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ Notch မ်ားကို ဆက္လက္ အသံုးျပဳထားမွာ ျဖစ္ပါတယ္။ XR ရဲ႕ မ်ိဳးဆက္ဟာ XS Max ရဲ႕ မ်ိဳးဆက္ထက္ ပိုက်ယ္တဲ့ Notch ပါလာမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း ကုမၸဏီက အရြယ္ေသး Notch ပါတဲ့ XR မ်ိဳးဆက္ကိုလည္း ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

အိုင္ဖုန္း ေမာ္ဒယ္ အသစ္မ်ားမွာ လက္နဲ႔ ကိုင္ထားလို႔ ပိုအဆင္ေျပေအာင္ ဖန္တီးထားမွာပါ။ ဒါ့အျပင္ ျခစ္ရာမ်ားကိုလည္း ပို ခံႏိုင္လာမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ အဓိက ေျပာင္းလဲခ်က္တစ္ခုက Lightning Port အစား USB-C Connector ကိုလည္း ေျပာင္းလဲ အသံုးျပဳမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဒီသတင္းမ်ားဟာ လံုး၀ တိက်တယ္လို႔ေတာ့ မေျပာႏုိင္ပါဘူး။ ယခင္ႏွစ္ထုတ္ ေမာ္ဒယ္မ်ားမွာလို Lightning Port ကိုပဲ ဆက္သံုးထားႏုိင္ပါတယ္။

ေစ်းႏႈန္းပိုင္းမွာေတာ့ အိုင္ဖုန္း အသစ္မ်ားဟာ ယခင္ႏွစ္ထုတ္ ေမာ္ဒယ္မ်ားန          ဲ႔ တူညီမယ္လို႔ သိရပါတယ္။ တန္ဖိုး အနည္းဆံုး ေမာ္ဒယ္မ်ား အတြက္ XR မ်ိဳးဆက္သစ္ဟာ ၇၄၉ ေဒၚလာ ၊ XS မ်ိဳးဆက္သစ္ဟာ ၉၉၉ ေဒၚလာ၊ XS Max မ်ိဳးဆက္သစ္ဟာ ၁၀၉၉ ေဒၚလာ ရွိႏုိင္ပါတယ္။

unicode

Design အသစ်တွေနဲ့ ထွက်လာမယ့် iPhone အသစ်များ

Apple က ဒီနှစ်မှာ အိုင်ဖုန်း အသစ်သုံးလုံးကို ကြေညာမယ်လို့ ထင်ရပါတယ်။ အဲဒီထဲက နှစ်လုံးမှာ OLED Display များ ပါလာနိုင်ပါတယ်။ အခုထွက်လာတဲ့ သတင်းအရ စွမ်းရည် အမြင့်ဆုံး မော်ဒယ် အသစ်ဟာ iPhone XS Max ထက် ပိုလန်းလာမယ်လို့ သိရပါတယ်။

အန်းဒရွိုက် ဖုန်း ထုတ်လုပ်သူများက Notch များကို ဖယ်ရှားလာကြပေမယ့် Apple ကတော့ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာ Notch များကို ဆက်လက် အသုံးပြုထားမှာ ဖြစ်ပါတယ်။ XR ရဲ့ မျိုးဆက်ဟာ XS Max ရဲ့ မျိုးဆက်ထက် ပိုကျယ်တဲ့ Notch ပါလာမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီက အရွယ်သေး Notch ပါတဲ့ XR မျိုးဆက်ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

အိုင်ဖုန်း မော်ဒယ် အသစ်များမှာ လက်နဲ့ ကိုင်ထားလို့ ပိုအဆင်ပြေအောင် ဖန်တီးထားမှာပါ။ ဒါ့အပြင် ခြစ်ရာများကိုလည်း ပို ခံနိုင်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် အဓိက ပြောင်းလဲချက်တစ်ခုက Lightning Port အစား USB-C Connector ကိုလည်း ပြောင်းလဲ အသုံးပြုမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီသတင်းများဟာ လုံး၀ တိကျတယ်လို့တော့ မပြောနိုင်ပါဘူး။ ယခင်နှစ်ထုတ် မော်ဒယ်များမှာလို Lightning Port ကိုပဲ ဆက်သုံးထားနိုင်ပါတယ်။

ဈေးနှုန်းပိုင်းမှာတော့ အိုင်ဖုန်း အသစ်များဟာ ယခင်နှစ်ထုတ် မော်ဒယ်များန ဲ့ တူညီမယ်လို့ သိရပါတယ်။ တန်ဖိုး အနည်းဆုံး မော်ဒယ်များ အတွက် XR မျိုးဆက်သစ်ဟာ ၇၄၉ ဒေါ်လာ ၊ XS မျိုးဆက်သစ်ဟာ ၉၉၉ ဒေါ်လာ၊ XS Max မျိုးဆက်သစ်ဟာ ၁၀၉၉ ဒေါ်လာ ရှိနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.