Smartphone Trending

အျပာေရာင္ Vivo V15 Pro ရဲ႕ ဓါတ္ပံုထြက္ေပၚလာ

Vivo ရဲ႕ ေနာက္ထုတ္မယ့္ V15 Pro ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ထြက္ေပၚလာေနပါတယ္။ သူ႔ကို ယခုလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ပါတယ္။ အခုလည္း သူ႔ရဲ႕ ဓါတ္ပံုတစ္ခု ထြက္လာပါတယ္။ အျပာေရာင္ ေမာ္ဒယ္ ျဖစ္ၿပီး Pop-up Selfie Camera ကို ျပသထားပါတယ္။

Vivo V15 Pro ရဲ႕ အေနာက္ကင္မရာ သံုးလံုးဟာ စြမ္းရည္ျမင့္မားမယ္ဆိုတဲ့ သတင္းထြက္လာခဲ့ဖူးပါတယ္။ အေနာက္ကင္မရာမ်ားထဲမွာ 48MP Main Camera ပါလာမွာ ျဖစ္ၿပီး Night Shots မ်ားအတြက္ 12MP Pixel Binning Mode ကို ေထာက္ပံ့ပါတယ္။ အျခား ကင္မရာ ႏွစ္လံုးမွာ 8MP နဲ႔ 5MP Camera မ်ား ျဖစ္ပါတယ္။ ကင္မရာ သံုးလံုးရဲ႕ လုပ္ေဆာင္ခ်က္မ်ားကိုေတာ့ မသိရေသးပါဘူး။ NEX Dual Display ၿပီးေနာက္ သူဟာ Vivo ရဲ႕ ဒုတိယေျမာက္ အေနာက္ကင္မရာ သံုးလံုး တပ္ ဖုန္း ျဖစ္ပါတယ္။

Vivo V15 Pro ဟာ Qualcomm Snapdragon 675 Chipset ပါတဲ့ အေစာဆံုး စမတ္ဖုန္းမ်ားထဲမွ တစ္လံုး ျဖစ္လာမွာ ျဖစ္ပါတယ္။ Vivo V15 Pro ဟာ 48MP Camera ပါတဲ့ Redmi Note 7 Pro နဲ႔ Motorola P40 တို႔ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

သူ႔မွာ ၆.၄ လက္မ FHD+ Super AMOLED Display ပါလာႏိုင္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Notch နဲ႔ Punch Hole Camera မ်ား မပါတာကို ပိုစတာမွာ ျမင္ရပါတယ္။   6GB RAM / 128GB Storage မ်ားပါတဲ့ ေမာ္ဒယ္ကို ရူပီး ၂၅ ၀၀၀ ( ေဒၚလာ ၃၅၀ ၀န္းက်င္) က်သင့္ႏုိင္ပါတယ္။

unicode

အပြာရောင် Vivo V15 Pro ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Vivo ရဲ့ နောက်ထုတ်မယ့် V15 Pro ရဲ့ သတင်းအချက်အလက်များစွာ ထွက်ပေါ်လာနေပါတယ်။ သူ့ကို ယခုလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံတစ်ခု ထွက်လာပါတယ်။ အပြာရောင် မော်ဒယ် ဖြစ်ပြီး Pop-up Selfie Camera ကို ပြသထားပါတယ်။

Vivo V15 Pro ရဲ့ အနောက်ကင်မရာ သုံးလုံးဟာ စွမ်းရည်မြင့်မားမယ်ဆိုတဲ့ သတင်းထွက်လာခဲ့ဖူးပါတယ်။ အနောက်ကင်မရာများထဲမှာ 48MP Main Camera ပါလာမှာ ဖြစ်ပြီး Night Shots များအတွက် 12MP Pixel Binning Mode ကို ထောက်ပံ့ပါတယ်။ အခြား ကင်မရာ နှစ်လုံးမှာ 8MP နဲ့ 5MP Camera များ ဖြစ်ပါတယ်။ ကင်မရာ သုံးလုံးရဲ့ လုပ်ဆောင်ချက်များကိုတော့ မသိရသေးပါဘူး။ NEX Dual Display ပြီးနောက် သူဟာ Vivo ရဲ့ ဒုတိယမြောက် အနောက်ကင်မရာ သုံးလုံး တပ် ဖုန်း ဖြစ်ပါတယ်။

Vivo V15 Pro ဟာ Qualcomm Snapdragon 675 Chipset ပါတဲ့ အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ Vivo V15 Pro ဟာ 48MP Camera ပါတဲ့ Redmi Note 7 Pro နဲ့ Motorola P40 တို့ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သူ့မှာ ၆.၄ လက်မ FHD+ Super AMOLED Display ပါလာနိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Notch နဲ့ Punch Hole Camera များ မပါတာကို ပိုစတာမှာ မြင်ရပါတယ်။ 6GB RAM / 128GB Storage များပါတဲ့ မော်ဒယ်ကို ရူပီး ၂၅ ၀၀၀ ( ဒေါ်လာ ၃၅၀ ဝန်းကျင်) ကျသင့်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.