Smartphone Trending

FaceTime ရဲ႕ လံုျခံဳေရး ဟာကြက္ကို ေတြ႕ခဲ့တဲ့ လူငယ္ကို ဆုေငြ ခ်ီးျမွင့္မယ့္ Apple

မၾကာခင္က iOS မွ FaceTime ရဲ႕ လံုျခံဳေရး ဟာကြက္တစ္ခုကို လူငယ္တစ္ဦးက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ လူငယ္ဟာ အသက္ ၁၄ ႏွစ္အရြယ္ အထက္တန္း ေက်ာင္းသား ျဖစ္ပါတယ္။ သူက သူ႕မိခင္အား ဒီအေၾကာင္းကို ေျပာျပခဲ့ၿပီး မိခင္က Apple အား အေၾကာင္းၾကားခဲ့ပါတယ္။ iOS မွ FaceTime ကေန ဖုန္း ေခၚတဲ့အခါမွာ တစ္ဖက္လူက မကိုင္ရေသးခင္မွာ တစ္ဖက္လူရဲ႕ ေျပာစကားမ်ားကို ဖုန္း ေခၚသူက ၾကားေနရတာ ျဖစ္ပါတယ္။

တစ္ဖက္လူရဲ႕ ေျပာစကားမ်ားကို ၾကားသိႏုိင္တာဟာ အလြန္ႀကီးမားတဲ့ လံုျခံဳေရး ဟာကြက္ႀကီး ျဖစ္ပါတယ္။ အခုေတာ့ အဲဒီ လံုျခံဳေရး ဟာကြက္ကို ကုမၸဏီက iOS Update နဲ႔ ေျဖရွင္းေပးလိုက္ပါၿပီ။ ကုမၸဏီက ဒီ Bug ကို ေတြ႕ရွိခဲ့တဲ့ သြန္စင္ မိသားစုကို ဆုေငြခ်ီးျမွင့္မွာ ျဖစ္သလို လူငယ္ရဲ႕ က်ဴရွင္ စားရိတ္မ်ားကိုပါ ကူညီမယ္လို႔ ေၾကညာလိုက္ပါတယ္။ ကုမၸဏီက ခ်ီးျမွင့္မယ့္ ဆုေငြ ပမာဏကိုေတာ့ ေျပာၾကားျခင္း မရိွပါဘူး။

ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက “ FaceTime Bug ကို iOS 12.1.4 Update မွာ ျပင္ဆင္ေပးလိုက္ပါတယ္။ ဒါ့အျပင္ Live Photo ရဲ႕ Bug တစ္ခုကိုလည္း ျပင္ဆင္ေပးထားပါတယ္။ အဲဒီ ျပႆနာ ႏွစ္ခုစလံုးကို Update မွာ ျပင္ဆင္ထားပါတယ္။ “ လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က ကုမၸဏီဟာ ဒီျပႆနာကို သိရွိၿပီးတာနဲ႔ ဆာဗာဘက္ျခမ္းမွာ ဒီလုပ္ေဆာင္ခ်က္ကို ပိတ္ခဲ့ပါတယ္။ အသံုးျပဳသူမ်ားကိုလည္း FaceTime App မွာ ဒီလုပ္ေဆာင္ခ်က္ကို ပိတ္ဖို႔ အၾကံေပးခဲ့ပါတယ္။

unicode

FaceTime ရဲ့ လုံခြုံရေး ဟာကွက်ကို တွေ့ခဲ့တဲ့ လူငယ်ကို ဆုငွေ ချီးမြှင့်မယ့် Apple

မကြာခင်က iOS မှ FaceTime ရဲ့ လုံခြုံရေး ဟာကွက်တစ်ခုကို လူငယ်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူငယ်ဟာ အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသား ဖြစ်ပါတယ်။ သူက သူ့မိခင်အား ဒီအကြောင်းကို ပြောပြခဲ့ပြီး မိခင်က Apple အား အကြောင်းကြားခဲ့ပါတယ်။ iOS မှ FaceTime ကနေ ဖုန်း ခေါ်တဲ့အခါမှာ တစ်ဖက်လူက မကိုင်ရသေးခင်မှာ တစ်ဖက်လူရဲ့ ပြောစကားများကို ဖုန်း ခေါ်သူက ကြားနေရတာ ဖြစ်ပါတယ်။

တစ်ဖက်လူရဲ့ ပြောစကားများကို ကြားသိနိုင်တာဟာ အလွန်ကြီးမားတဲ့ လုံခြုံရေး ဟာကွက်ကြီး ဖြစ်ပါတယ်။ အခုတော့ အဲဒီ လုံခြုံရေး ဟာကွက်ကို ကုမ္ပဏီက iOS Update နဲ့ ဖြေရှင်းပေးလိုက်ပါပြီ။ ကုမ္ပဏီက ဒီ Bug ကို တွေ့ရှိခဲ့တဲ့ သွန်စင် မိသားစုကို ဆုငွေချီးမြှင့်မှာ ဖြစ်သလို လူငယ်ရဲ့ ကျူရှင် စားရိတ်များကိုပါ ကူညီမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ချီးမြှင့်မယ့် ဆုငွေ ပမာဏကိုတော့ ပြောကြားခြင်း မရှိပါဘူး။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက “ FaceTime Bug ကို iOS 12.1.4 Update မှာ ပြင်ဆင်ပေးလိုက်ပါတယ်။ ဒါ့အပြင် Live Photo ရဲ့ Bug တစ်ခုကိုလည်း ပြင်ဆင်ပေးထားပါတယ်။ အဲဒီ ပြဿနာ နှစ်ခုစလုံးကို Update မှာ ပြင်ဆင်ထားပါတယ်။ “ လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကုမ္ပဏီဟာ ဒီပြဿနာကို သိရှိပြီးတာနဲ့ ဆာဗာဘက်ခြမ်းမှာ ဒီလုပ်ဆောင်ချက်ကို ပိတ်ခဲ့ပါတယ်။ အသုံးပြုသူများကိုလည်း FaceTime App မှာ ဒီလုပ်ဆောင်ချက်ကို ပိတ်ဖို့ အကြံပေးခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.