Smartphone Trending

Xiaomi Mi 6 ကို ဒီဇိုင္းထုတ္ခဲ့တဲ့ Mi Liu က Mi 9 ကို ဒီဇိုင္းထုတ္မည္

Xiaomi က Mi 8 ထက္ Mi 9 ကို ဒီဇိုင္းအပိုင္းမွာ ပိုမို အာရံုစိုက္ထားႏိုင္ပါတယ္။ ေရွာင္မီရဲ႕ ထုတ္ကုန္ ဒါရိုက္တာ ျဖစ္သူ Wang Teng Thomas က Mi 6 ကို ဒီဇိုင္းထုတ္ထားတဲ့ Mi Liu က Mi 9 ကို ဒီဇိုင္းထုတ္ထားမယ္လို႔ ေျပာပါတယ္။ Mi 6 ဟာ ေရွာင္မီရဲ႕ ဒီဇိုင္းအလွဆံုး စြမ္းရည္ျမင့္ စမတ္ဖုန္း ျဖစ္ခဲ့ပါတယ္။

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ   ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main Camera အပါအ၀င္ ကင္မရာ သံုးလံုး ထည့္သြင္းထားပါတယ္။ အျခား ႏွစ္လံုးမွာ 18MP နဲ႔ 8MP Camera မ်ား ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

အေရွ႕ဘက္မွာ ၆.၄ လက္မ မ်က္ႏွာျပင္ပါမယ္လို႔ ထင္ရပါတယ္။ အရြယ္ေသး Teardrop Notch ပါလာႏိုင္ပါတယ္။ ဒါေပမယ့္ ပံုမ်ားမွာေတာ့ Notch က အနည္းငယ္ အရြယ္ႀကီးေနပါတယ္။ Mi 9 ကို Qualcomm Snapdragon 855 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ အလြန္ လွ်င္ျမန္တဲ့ အားသြင္း နည္းပညာ ပါလာမွာ ျဖစ္ပါတယ္။

Xiaomi က ၿပီးခဲ့တဲ့ ႏွစ္ ေမလမွာ Mi 8 ကို ေၾကညာခဲ့ပါတယ္။ အဲဒီအတြက္ Mi 9 ကို ျမင္ရဖို႔ လအနည္းငယ္သာ လိုပါေတာ့တယ္။ ေရွာင္မီက လာမယ့္လမွာ က်င္းပမယ့္ MWC မွာလည္း ထုတ္ကုန္ အသစ္မ်ားကို ျပသမွာ ျဖစ္ပါတယ္။ ပြဲမွာ Mi Mix 3 ရဲ႕ 5G Version ကို ေၾကညာႏိုင္ပါတယ္။

Ref : gsmarena

unicode

Xiaomi Mi 6 ကို ဒီဇိုင်းထုတ်ခဲ့တဲ့ Mi Liu က Mi 9 ကို ဒီဇိုင်းထုတ်မည်

Xiaomi က Mi 8 ထက် Mi 9 ကို ဒီဇိုင်းအပိုင်းမှာ ပိုမို အာရုံစိုက်ထားနိုင်ပါတယ်။ ရှောင်မီရဲ့ ထုတ်ကုန် ဒါရိုက်တာ ဖြစ်သူ Wang Teng Thomas က Mi 6 ကို ဒီဇိုင်းထုတ်ထားတဲ့ Mi Liu က Mi 9 ကို ဒီဇိုင်းထုတ်ထားမယ်လို့ ပြောပါတယ်။ Mi 6 ဟာ ရှောင်မီရဲ့ ဒီဇိုင်းအလှဆုံး စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main Camera အပါအဝင် ကင်မရာ သုံးလုံး ထည့်သွင်းထားပါတယ်။ အခြား နှစ်လုံးမှာ 18MP နဲ့ 8MP Camera များ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

အရှေ့ဘက်မှာ ၆.၄ လက်မ မျက်နှာပြင်ပါမယ်လို့ ထင်ရပါတယ်။ အရွယ်သေး Teardrop Notch ပါလာနိုင်ပါတယ်။ ဒါပေမယ့် ပုံများမှာတော့ Notch က အနည်းငယ် အရွယ်ကြီးနေပါတယ်။ Mi 9 ကို Qualcomm Snapdragon 855 Chipset မောင်းနှင်ထားနိုင်ပါတယ်။ အလွန် လျှင်မြန်တဲ့ အားသွင်း နည်းပညာ ပါလာမှာ ဖြစ်ပါတယ်။

Xiaomi က ပြီးခဲ့တဲ့ နှစ် မေလမှာ Mi 8 ကို ကြေညာခဲ့ပါတယ်။ အဲဒီအတွက် Mi 9 ကို မြင်ရဖို့ လအနည်းငယ်သာ လိုပါတော့တယ်။ ရှောင်မီက လာမယ့်လမှာ ကျင်းပမယ့် MWC မှာလည်း ထုတ်ကုန် အသစ်များကို ပြသမှာ ဖြစ်ပါတယ်။ ပွဲမှာ Mi Mix 3 ရဲ့ 5G Version ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.