Huawei ရဲ့​5G ဆိုတာ ယုံကြည်လောက်စရာဖြစ်မှာလား

0
551
A woman stands at the booth of Huawei featuring 5G technology at the PT Expo in Beijing, China September 28, 2018. Picture taken September 28, 2018. REUTERS/Stringer ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. CHINA OUT.

သူတို့ကတော့ စွန့်စားမှုတွေကို ဘယ်လိုမျိုးစီမံထားသလဲဆိုတာကို ပြောသွားခဲ့ပါတယ်။

အမေရိကရဲ့ မျိုးဆက်သစ်ကြိုးမဲ့ချိတ်ဆက်မှု ကျောရိုးကြီးကတော့ ခြိမ်းခြောက်မှုအောက်မှာ ရောက်နေပါပြီ။ ဒီအကြောင်းကိုတော့ 5G လုံခြုံမှုအကြောင်းကို ဆွေးနွေးခဲ့တဲ့ ကွန်ဂရက်တစ်ခုကနေ သိခဲ့ရတာပါ။

5G ကွန်ရက်ကို နိုင်ငံရပ်ခြားကမှာယူတင်သွင်းတဲ့ hardware တွေနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ပစ္စည်းပြတ်လပ်မှုတွေနဲ့​ကြုံတွေ့ရတဲ့အခါ အနှောင့်အယှက်တွေဝင်နိုင်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ “5G ကွန်ရက်ကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ရဲ့နောက်ကွယ်မှာ လုံလောက်စိတ်ချရတဲ့ supply chain တစ်ခု ရှိနေတယ်ဆိုတာ သေချာဖို့ လိုအပ်ပါတယ်။”

Huawei လို့ အမည်မတပ်ပေမယ့်လည်း အများကတန်းသိနေနိုင်တဲ့အချက်တစ်ခုဖြစ်နေပါတယ်။ သူတို့ဟာ ယူအက်စ်ရဲ့ အခြေခံအဆောက်အဦးတွေကို ထိခိုက်လာစေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်နေပါတယ်။ သူတို့ဟာ မကြာသေးခင်ကာလအတွင်းက အရှုပ်တော်ပုံအချို့နဲ့ ရင်ဆိုင်ထားရတာလည်း အားလုံးအသိပါပဲ။ ကုန်သွယ်မှုလျှို့ဝှက်ချက်၊ ပိတ်ဆို့မှု ချိုးဖောက်ခြင်း၊​CFO ဖမ်းဆီးခံရခြင်း စတာတွေက ထင်ရှားတဲ့အဖြစ်တွေပါပဲ။ ဒါပေမယ့် ဒီဖြစ်ရပ်တွေက သူတို့ကို အားပျော့သွားအောင်အထိ မတိုက်ခိုက်နိုင်ဘူးဆိုတာလည်း ငြင်းလို့မရနိုင်ပါဘူး။

Huawei ဟာ တရုတ်အစိုးရအတွက် စောင့်ကြည့်ပေးနေတယ်ဆိုတဲ့အချက်ကို ငြင်းဆန်ထားခဲ့ပါတယ်။ ဒီငြင်းဆန်မှုကတော့ အနည်းငယ်အကျိုးသက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ ယူအက်စ်နဲ့ အမေရိကမှာ သူတို့ရဲ့ပစ္စည်းတွေကို အသုံးပြုနေသလို အမေရိကနဲ့မဟာမိတ်ဖွဲ့ထားတဲ့နိုင်ငံတွေမှာလည်း အသုံးပြုနေကြပါတယ်။ 5G ဟာ ကမ္ဘာအနှံ့အပြားမှာ ထွက်ပေါ်နေပြီး ပြီးမြောက်အောင်မြင်ဖို့အတွက် carrier တွေဟာ ရုန်းကန်နေကြရပါပြီ။ ဒါ့အပြင် ယူအက်စ်အတွက်ကြည့်မယ်ဆိုရင်လည်း လုံခြုံရေးပိုင်းမှာ စိတ်ပူစရာပါပဲ။

ဒါကြောင့် ယူအက်စ်အတွက် Huawei ရဲ့​လုံခြုံရေးပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အန်ဒီနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီအတွက် သူတို့မှာ စီမံကိန်းတွေ အမျိုးမျိုးချထားတယ်လို့ သိရပါတယ်။ ဒါဟာ အစိုးရစောင့်ကြည့်စနစ်လား၊ third party ရဲ့ အကဲဖြတ်စစ်ဆေးမှုလားဆိုတာတော့ မသဲကွဲသေးပါဘူး။ ပစ္စည်းတွေရဲ့​လုံခြုံမှုကို စစ်ဆေးပေးမယ့် အေဂျင်စီတွေလည်း ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။ “ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ဆွေးနွေးကြည့်ဖို့အတွက် လမ်းဖွင့်ပေးနေတုန်းလို့ ပြောရမှာပါ။ “

ဂျာနယ်လစ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း ဥက္ကဌဖြစ်သူ ကမ်က အလားတူ ပြောကြားခဲ့ပါတယ်။ ယူအက်စ်အပြင် အခြားနိုင်ငံတွေမှာလည်း လုံခြုံရေးဆိုင်ရာတိုင်းတာမှုတွေရှိနိုင်မလား မေးမြန်းခဲ့ရာမှာ “ဖြစ်လာနိုင်တဲ့ကိစ္စတွေအတွက် ကြိုတင်ကာကွယ်မှုတွေ၊​စစ်ဆေးမှုတွေလည်း လုပ်ဆောင်ဖို့အတွက် စိတ်ကူးထားပါတယ်။ အခြားနိုင်ငံတွေမှာ ပူးပေါင်းလုပ်ဆောင်နေတဲ့ဖြစ်ရပ်တွေမှာ အောင်မြင်မှုတွေလည်း ရထားပြီးပါပြီ။”

Huawei ထောက်ပြသွားခဲ့တာကတော့ ကနေဒါလိုနိုင်ငံမျိုးတွေမှာ hardware နဲ့ software တွေရဲ့ ပြစ်ချက်တွေကို ရှာနေပါတယ်။ “ကျွန်တော်တို့ရဲ့​telecommunications providers တွေနဲ့​ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေဖြစ်အောင် လုပ်ဆောင်နေပါတယ်။ နိုင်ငံအများစုမှာ ကျွန်တော်တို့မြင်တွေ့ဖူးထားသမျှနဲ့ မတူတာမျိုးပေါ့”

ဂျာမနီနဲ့ ဗြိတိန်မှာတော့ သူတို့ရဲ့ထုတ်ကုန်တွေကို စမ်းသပ်ဖို့အတွက် လုံခြုံရေးပိုင်းဆိုင်ရာ lab တွေကို အသုံးပြုနေပါပြီ။ ပိုလန်မှာလည်း အလားတူလုပ်ဆောင်ချက်မျိုးတွေလုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ယူအက်စ်အတွက်လည်း လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။ ယူအက်စ်မှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေဟာ ဘယ်သူ့ဘယ်သူရဲ့ ညွှန်ကြားချက်အောက်မှာ မရှိနေဘူးဆိုတာ ပြသနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယူအက်စ်အတွက် အသုံးတည့်အောင်လုပ်လို့ရနိုင်တဲ့နည်းလမ်းတွေရှိတယ်လို့ ပြောထားပါတယ်။ ယူအက်စ်မှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့လုပ်ဆောင်ချက်တွေကို ညွှန်ပြခဲ့ပါတယ်။ နိုင်ငံခြားလုပ်ငန်းတစ်ခုက အမေရိကန်လုပ်ငန်းကို ကျော်လွန်သွားတဲ့အခါ အစိုးရကော်မတီကနေ နိုင်ငံခြားလွှမ်းမိုးမှုကနေ ကာကွယ်နိုင်ဖို့အတွက် စံနှုန်းတစ်ခုသတ်မှတ်ဖို့ လိုအပ်လာမှာပါ။ လုံခြုံရေးပိုင်းဆိုင်ရာတွေလည်း ပါဝင်နေမှာဖြစ်ပါတယ်။ စွန့်စားမှုကို ဖြေရှင်းရမယ်နည်းလမ်းတစ်ခုရှိပါတယ်။ ပြီးတော့ အမေရိကအတွက်လည်း အကျိုးအမြတ်တွေရရှိစေမယ့်လမ်းပါ။

Huawei ကတော့ အစိုးရဆီကို တိုက်ရိုက်ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်။ FCC ကတော့ Huawei ကို ယူအက်စ်ဈေးကွက်မ၀င်နိုင်အောင် လုပ်ချင်နေပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကို စိတ်မချလို့ပါ။ Huawei ကလည်း ကော်မရှင်တွေနဲ့​ငြင်းခုံပြီး သူတို့ထုတ်ကုန်တွေက စိတ်ချလို့ရကြောင်း တင်ပြနေဆဲပါပဲ။

risk မဖြစ်အောင် လွှဲပြောင်းနိုင်တဲ့နည်းဗျူဟာအစား၊ ပိတ်ပင်လိုက်ခြင်းမျိုးတွေ လုပ်ဆောင်နိုင်ကြောင်းကိုလည်း Huawei က သဘောတူညီထားပါတယ်။

FCC အနေနဲ့ တကယ့် risk ကိုဖြေရှင်းနိုင်မယ့် ပရိုဂရမ်တစ်ခုဖန်တီပေးစေချင်ပါတယ်။ လူတိုင်းအပေါ်ကို သက်ရောက်မယ့်ဟာမျိုးပေါ့။ ဒါကိုလည်း ပွင့်လင်းမြင်သာအောင် လုပ်စေချင်ပါတယ်။

ယူအက်စ်အရာရှိအချို့ကတော့ အဲဒီလိုစိတ်ချရကြောင်းပြောဆိုနေမှုတွေကို လက်ခံခြင်းမရှိပါဘူး။ သူတို့ဟာ လုံခြုံရေးပိုင်းဆိုင်ရာ ယိုယွင်းနိုင်တဲ့အလားအလာရှိတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် Huawei ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံဖြစ်နေမလားဆိုတာ ပိုကြောက်နေကြတယ်လို့ သုံးသပ်မိပါတယ်။

Leave a Reply