App/Game Enterprise Trending

FaceTime Bug ကို ျပင္ဆင္ေပးတဲ့ Update ကို ျဖန္႔ခ်ီလိုက္တဲ့ Apple

Apple ရဲ႕ Facetime Video Calling Platform ေလးမွာ ျပင္းထန္တဲ့ Bug တစ္ခု ၿပီးခဲ့တဲ့ တစ္ပတ္က ျဖစ္ေပၚေနပါတယ္။ ဒီအေၾကာင္းကိုလည္း လူမႈကြန္ရက္ေတြမွာ အေတာ္ေလးပ်ံ႕ႏွံ႕ေနပါတယ္။ 9to5Mac ရဲ႕ သတိေပးခ်က္အရ FaceTime ကေန တစ္ေယာက္ေယာက္ကို ေခၚမယ္ဆိုရင္ သူတို႕ရဲ႕မုိက္ခရိုဖုန္းေတြက ကိုင္သည္ျဖစ္ေစ၊ မကိုင္သည္ျဖစ္ေစ နားေထာင္ေနမွာျဖစ္ပါတယ္။

အခုေတာ့ ဒီလံုျခံဳေရး ဟာကြက္ကို Apple က ျပင္ဆင္ေပးလိုက္ပါတယ္။ ကုမၸဏီက iOS 12.1.4 ျဖင့္ ဒီျပႆနာကို ျပင္ဆင္ေပးလိုက္တာပါ။ အဲဒီ Update ကို အျမန္ဆံုး အင္စေတာ ျပဳလုပ္ဖို႔ ကုမၸဏီက စားသံုးသူမ်ားအား တိုက္တြန္းထားပါတယ္။ ဖုန္းေခၚတဲ့ အခါမွာ တစ္ဖက္လူက မကိုင္ရေသးခင္တြင္ အသံမ်ားကို နားေထာင္လို႔ရေနတာဟာ လူမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ လံုျခံဳေရးကို ထိပါးေစပါတယ္။

Apple က ဒီျပႆနာေၾကာင့္ ၿပီးခဲ့တဲ့ တစ္ပတ္က စားသံုးသူမ်ားအား ေတာင္းပန္လိုက္ပါတယ္။ ေတာင္းပန္စာမွာ Apple က ဆာဗာဘက္ျခမ္းမွာ ျပႆနာကို ေျဖရွင္းၿပီးၿပီ ျဖစ္ၿပီး လာမယ့္ တစ္ပတ္မွာ Group FaceTime လုပ္ေဆာင္ခ်က္ကို ျပန္လည္ ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။ စာမွာ ဒီ Bug ကို သတင္းေပးခဲ့တဲ့ Thompson မိသားစုကို ေက်းဇူးတင္ေၾကာင္းလည္း ေရးသားထားပါတယ္။

လက္ရွိမွာ Update ကို အင္စေတာ မလုပ္ခ်င္ေသးသူမ်ားအတြက္ iOS Settings ထဲမွာ FaceTime ကို ပိတ္ထားတာ အေကာင္းဆံုးပါ။ Mac မွာ App ကို ဖြင့္ၿပီး Preference ထဲသြားပါ။ “ Enable this account “ မွာ Üncheck လုပ္ေပးပါ။ Group FaceTime ကို iOS 12.1 မွာ ေအာက္တိုဘာလတြင္ မိတ္ဆက္ခဲ့ပါတယ္။ အေစာပိုင္းမွာလည္း Lockscreen နဲ႔ ပတ္သက္တဲ့ လံုျခံဳေရးဟာကြက္တစ္ခု ရွိခဲ့ဖူးပါတယ္။ ယခု လံုျခံဳေရး ဟာကြက္ကေတာ့ ဘယ္အခ်ိန္ကတည္းက ရွိတာလဲ ဆိုတာ မသိေသးပါဘူး။

Ref : gsmarena

unicode

FaceTime Bug ကို ပြင်ဆင်ပေးတဲ့ Update ကို ဖြန့်ချီလိုက်တဲ့ Apple

Apple ရဲ့ Facetime Video Calling Platform လေးမှာ ပြင်းထန်တဲ့ Bug တစ်ခု ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကိုလည်း လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့နေပါတယ်။ 9to5Mac ရဲ့ သတိပေးချက်အရ FaceTime ကနေ တစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင် သူတို့ရဲ့မိုက်ခရိုဖုန်းတွေက ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ နားထောင်နေမှာဖြစ်ပါတယ်။

အခုတော့ ဒီလုံခြုံရေး ဟာကွက်ကို Apple က ပြင်ဆင်ပေးလိုက်ပါတယ်။ ကုမ္ပဏီက iOS 12.1.4 ဖြင့် ဒီပြဿနာကို ပြင်ဆင်ပေးလိုက်တာပါ။ အဲဒီ Update ကို အမြန်ဆုံး အင်စတော ပြုလုပ်ဖို့ ကုမ္ပဏီက စားသုံးသူများအား တိုက်တွန်းထားပါတယ်။ ဖုန်းခေါ်တဲ့ အခါမှာ တစ်ဖက်လူက မကိုင်ရသေးခင်တွင် အသံများကို နားထောင်လို့ရနေတာဟာ လူများရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ထိပါးစေပါတယ်။

Apple က ဒီပြဿနာကြောင့် ပြီးခဲ့တဲ့ တစ်ပတ်က စားသုံးသူများအား တောင်းပန်လိုက်ပါတယ်။ တောင်းပန်စာမှာ Apple က ဆာဗာဘက်ခြမ်းမှာ ပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်ပြီး လာမယ့် တစ်ပတ်မှာ Group FaceTime လုပ်ဆောင်ချက်ကို ပြန်လည် ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ စာမှာ ဒီ Bug ကို သတင်းပေးခဲ့တဲ့ Thompson မိသားစုကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားပါတယ်။

လက်ရှိမှာ Update ကို အင်စတော မလုပ်ချင်သေးသူများအတွက် iOS Settings ထဲမှာ FaceTime ကို ပိတ်ထားတာ အကောင်းဆုံးပါ။ Mac မှာ App ကို ဖွင့်ပြီး Preference ထဲသွားပါ။ “ Enable this account “ မှာ Üncheck လုပ်ပေးပါ။ Group FaceTime ကို iOS 12.1 မှာ အောက်တိုဘာလတွင် မိတ်ဆက်ခဲ့ပါတယ်။ အစောပိုင်းမှာလည်း Lockscreen နဲ့ ပတ်သက်တဲ့ လုံခြုံရေးဟာကွက်တစ်ခု ရှိခဲ့ဖူးပါတယ်။ ယခု လုံခြုံရေး ဟာကွက်ကတော့ ဘယ်အချိန်ကတည်းက ရှိတာလဲ ဆိုတာ မသိသေးပါဘူး။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.