ATM ကေန ေဒၚလာ ၁ သန္း ခိုးထုတ္ခဲ့တဲ့ Programmer

0
1217

ဒီသတင္းက ရုပ္ရွင္ ဇာတ္ကားေတြထဲက လိုပါပဲ။ ပရိုဂရမ္မာ တစ္ေယာက္က ATM System ရဲ႕ လံုျခံဳေရး အားနည္းခ်က္ကေန ေဒၚလာ ၁ သန္းေလာက္ ခိုးထုတ္ခဲ့တာပါ။ အသက္ ၄၃ ႏွစ္အရြယ္ Qin Qisheng ဟာ သူ အလုပ္လုပ္တဲ့ Huaxia Bank မွ ATM စက္မ်ားကေန ယြမ္ ၇ သန္း ( ေဒၚလာ  ၁ သန္းအထက္) ကို ခိုးထုတ္ခဲ့ပါတယ္။

ဘဏ္စနစ္က ညလယ္ေလာက္မွာ ခိုးထုတ္ရင္ Record ေကာင္းစြာ မလုပ္ဘူးလို႔ သိရပါတယ္။ ထုတ္တဲ့ လူရဲ႕ အေကာင့္ကေန ေငြမ်ား ေလ်ာ့သြားျခင္း မရွိပါဘူး။ Qisheng ဟာ ဒီလို ေငြခိုးထုတ္လို႔ရေအာင္ ကုဒ္မ်ားကို ဘဏ္စနစ္မွာ ထည့္ထားတယ္လို႔ သိရပါတယ္။

သူဟာ ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာလကတည္းက ေငြမ်ား ခိုးထုတ္ေနတာပါ။ အႀကိမ္ေပါင္း ၁၃၅၈ ႀကိမ္ေလာက္ ခုိးထုတ္ၿပီးေနာက္ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလမွာ ဘဏ္က သိသြားခဲ့တာ ျဖစ္ပါတယ္။ ဘဏ္က သူ႔ကို ရဲလက္အပ္ထားပါတယ္။

စိတ္၀င္စားစရာ ေကာင္းတာက ဘဏ္က သူ ေငြျပန္ေပးရင္ တရားမစြဲဘူးလို႔ ေျပာပါတယ္။ လူသိမွာ စိုးလို႔ ထင္ပါတယ္။ အခုေတာ့ ဘဏ္စနစ္ရဲ႕ လံုျခံဳေရး ဟာကြက္ကို ျပင္ဆင္ၿပီး ျဖစ္ပါတယ္။ Qisheng ကေတာ့ သူဟာ ဘဏ္ရဲ႕ လံုျခံဳေရးကို စမ္းသပ္ေနတာလို႔ ေျပာပါတယ္။ ဘဏ္ကလည္း သူ႔ရဲ႕ ေျဖရွင္းခ်က္ကို လက္ခံပါတယ္။  ဒါေပမယ့္ တရားရံုးက လက္မခံပါဘူး။ သူဟာ ၁၀ နွစ္နဲ႔ အထက္ ေထာင္က်ႏုိင္ပါတယ္။

unicode

ATM ကနေ ဒေါ်လာ ၁ သန်း ခိုးထုတ်ခဲ့တဲ့ Programmer

ဒီသတင်းက ရုပ်ရှင် ဇာတ်ကားတွေထဲက လိုပါပဲ။ ပရိုဂရမ်မာ တစ်ယောက်က ATM System ရဲ့ လုံခြုံရေး အားနည်းချက်ကနေ ဒေါ်လာ ၁ သန်းလောက် ခိုးထုတ်ခဲ့တာပါ။ အသက် ၄၃ နှစ်အရွယ် Qin Qisheng ဟာ သူ အလုပ်လုပ်တဲ့ Huaxia Bank မှ ATM စက်များကနေ ယွမ် ၇ သန်း ( ဒေါ်လာ ၁ သန်းအထက်) ကို ခိုးထုတ်ခဲ့ပါတယ်။

ဘဏ်စနစ်က ညလယ်လောက်မှာ ခိုးထုတ်ရင် Record ကောင်းစွာ မလုပ်ဘူးလို့ သိရပါတယ်။ ထုတ်တဲ့ လူရဲ့ အကောင့်ကနေ ငွေများ လျော့သွားခြင်း မရှိပါဘူး။ Qisheng ဟာ ဒီလို ငွေခိုးထုတ်လို့ရအောင် ကုဒ်များကို ဘဏ်စနစ်မှာ ထည့်ထားတယ်လို့ သိရပါတယ်။

သူဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက ငွေများ ခိုးထုတ်နေတာပါ။ အကြိမ်ပေါင်း ၁၃၅၈ ကြိမ်လောက် ခိုးထုတ်ပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဘဏ်က သိသွားခဲ့တာ ဖြစ်ပါတယ်။ ဘဏ်က သူ့ကို ရဲလက်အပ်ထားပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ဘဏ်က သူ ငွေပြန်ပေးရင် တရားမစွဲဘူးလို့ ပြောပါတယ်။ လူသိမှာ စိုးလို့ ထင်ပါတယ်။ အခုတော့ ဘဏ်စနစ်ရဲ့ လုံခြုံရေး ဟာကွက်ကို ပြင်ဆင်ပြီး ဖြစ်ပါတယ်။ Qisheng ကတော့ သူဟာ ဘဏ်ရဲ့ လုံခြုံရေးကို စမ်းသပ်နေတာလို့ ပြောပါတယ်။ ဘဏ်ကလည်း သူ့ရဲ့ ဖြေရှင်းချက်ကို လက်ခံပါတယ်။ ဒါပေမယ့် တရားရုံးက လက်မခံပါဘူး။ သူဟာ ၁၀ နှစ်နဲ့ အထက် ထောင်ကျနိုင်ပါတယ်။

Leave a Reply