Gadget Trending
Galaxy S10 မှ အားသွင်းနိုင်မည့် ဆမ်ဆောင်းရဲ့မျိုးဆက်သစ် wireless earbuds
Zawgyi Version
Unicode Version
Galaxy Buds ကို ကြိုးနဲ့အားသွင်းနေစရာမလိုတော့ဘူး။
Samsung ကတော့ Apple ရဲ့ ကြိုးမဲ့အားသွင်းနိုင်တဲ့ earbuds ကို တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ WinFuture မှာ Galaxy S10 ရဲ့ ကျောမှာကပ်ပြီးတော့ Galaxy Buds အားသွင်းနေတဲ့ပုံလေးကို ရထားပါတယ်။ နောက်ပြီး earbuds အတွက် wireless charging case လေးကလည်း S10 အတွက် အားသွင်းလို့ရနိုင်မယ်လို့ပြောနေကြပါတယ်။ အားသွင်းနေတဲ့အချိန်မှာ အရေးကြီးမက်ဆေ့ချ်ဝင်လာရင် ဘယ်လိုလုပ်မလဲ။ အားအမြဲတမ်းသွင်းနေလို့ အဆင်မပြေဘူးမလား။ အိမ်ရဲ့အဝေးမှာရောက်နေတယ်။ အားမသွင်းဘဲ သီချင်းနည်းနည်းလောက်ဖြစ်ဖြစ် နားဆင်ချင်တယ်ဆိုရင်ရော အဆင်ပြေနိုင်မလား။
Galaxy Buds အကြောင်းကတော့ သိပ်ပြောစရာမလိုပါဘူး။ FCC ကို ဖြတ်သန်းပြီးနောက်မှာ သိလိုက်ရတာက Bluetooth ကို အခြေပြုထားတာပါ။ Gear IconX ကို မွမ်းမံထားတဲ့ပုံစံဆိုရင်တောင် အံ့သြစရာမလိုပါဘူး။ Bixby support ၊ in-ear design တွေနဲ့ပေ့ါ။
ဒီပေါက်ကြားမှုမှာ S10 အကြောင်း များများစားစားမပါဝင်ပါဘူး။ ဒါပေမယ့်လည်း သာမန်ဖန်သားပြင်ထက် ceramic နဲ့ မော်ဒယ်လ်တစ်လုံးတော့ တွေ့မြင်ရနိုင်ပါတယ်။ သွင်ပြင်ပိုင်းအရတော့ မိုက်လာမှာပါ။ Ceramic ဆိုတာက ဖန်သားပြင်ထက် ထိခိုက်လွယ်ပါတယ်။ ဒါပေမယ့်လည်း ကိုင်တွယ်ရချိန်မှာ ပေးစွမ်းနိုင်တဲ့ခံစားမှုကတော့ မတူပါဘူး။ ပွန်းခြစ်ရာလည်း ခံနိုင်မှုပိုများပါတယ်။ ceramic ကိုကိုင်တဲ့သူတွေအတွက်ကလည်း ကိုင်နိုင်တယ်ဆိုတဲ့ status တစ်ခုကို မက်မောလို့ ဖြစ်ပါလိမ့်မယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.