built-in ကင်မရာပါဝင်လာနိုင်တဲ့ ဆမ်ဆောင်းရဲ့ S Pen

0
778

Zawgyi Version






Unicode Version

ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ကြေညာမယ့် ဆမ်ဆောင်းထုတ်ကုန်အချို့ရဲ့ ပေါက်ကြားမှုတွေဖြစ်နေတဲ့အကြောင်း ကျွန်တော်တို့ တင်ဆက်ပေးနေခဲ့ပါတယ်။ Galaxy S10 ၊ Galaxy Watch တို့အပါအဝင်ပေါ့။ အခုအလှည့်ကျလာတာကတော့ ဆမ်ဆောင်းရဲ့ အနာဂတ်စီမံကိန်းတွေကို လှစ်ဟပြထားတာပါ။

Samsung S Pen camera patent


Samsung ကတော့ ယူအက်စ် Patent and Trademark Office ဆီက patent တစ်ခုကို ရထားပါတယ်။ အဲဒီ patent ကတော့ S Pen stylus ထဲမှာ ကင်မရာထည့်သွင်းဖို့ပါ။ patent ရဲ့ ပုံစံလေးကတော့ Galaxy Note အတွင်းမှာ ထည့်ထားတဲ့ S Pen လေးနဲ့အတူတူပါပဲ။ အဲဒီထဲမှာ optical lenses ၊ optical zoom ၊ image sensor တွေကို stylus ရဲ့ စာရေးတဲ့ဘက်မဟုတ်တဲ့ အခြားတစ်ဖက်မှာ ထည့်သွင်းပေးထားပါတယ်။
နောက်ထပ်ပုံတစ်ခုကတော့ Samsung ဟာ S Pen အပေါက်ကို laptop နဲ့ desktop display တွေမှာလည်း ထည့်သွင်းနိုင်တယ်လို့ ဖော်ပြနေပါတယ်။
ဒီအချက်အလက်တွေအားလုံးက patent application မှာ ပါဝင်နေရုံသာဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ထဲကို ရောက်လာချိန်မှာ အဲဒီလိုဖြစ်နေမလားဆိုတာ ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးပါဘူး။ အိုင်ဒီယာလေးကတော့ ဆန်းကြယ်ပါတယ်။ သို့ပေမယ့်လည်း အဆင်ပြေနိုင်ပါ့မလား။ ကြိုးမဲ့ကင်မရာလေးဖြစ်ရုံသာမက ဆမ်ဆောင်းက ကင်မရာအတွက်ဘောင်၊ notch ၊ ရေစက်ပုံ notch တွေကိုပါ ဖျောက်ပစ်တော့မယ့် အလားအလာရှိနေတာကိုတော့ အသိအမှတ်ပြုရမှာပါ။

Leave a Reply