
0
971





unicode

iPhone XR ရဲ့ ဈေးလောက်သာ ရှိတဲ့ Refurbished iPhone X ကို ရောင်းချ

Apple က ၂၀၁၇ ခုနှစ်ထုတ် iPhone X ရဲ့ Refurbished Model များကို ရောင်းချပေးလိုက်ပါတယ်။ 64GB Storage Model ကို ၇၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီအတွက် သူဟာ iPhone XS ထက် ဈေးများစွာ သက်သာပြီး iPhone XR ရဲ့ ဈေးလောက်သာ ရှိပါတယ်။ iPhone XR ကို ဒေါ်လာ ၇၅၀ နဲ့ ရောင်းချပေးထားတာပါ။

iPhone XS ညီနောင်များကို ယခင်နှစ် နှောင်းပိုင်းက ကြေညာပြီးနောက်မှာ Apple က သူ့ရဲ့ အွန်လိုင်း စတိုးကနေ iPhone X ရောင်းချခြင်းကို ရပ်နားခဲ့ပါတယ်။ မော်ဒယ် အသစ်များကို ဝယ်ယူစေချင်တဲ့ သဘောပါ။

iPhone X ရဲ့ Refurbished Model နဲ့ iPhone XR တို့ထဲကနေ ဘာကို ရွေးရမလဲ မသိဖြစ်နေရင်တော့ အနည်းငယ် သုံးသပ်ပေးလိုက်ပါတယ်။ XR က X ထက် ဈေး အနည်းငယ် သက်သာပါတယ်။ XR မှာ အရွယ်ပိုကြီးတဲ့ ၆.၁ လက်မ LCD Display နဲ့ နောက်ဆုံးထုတ် A12 Mobile Chip ထည့်သွင်းထားပါတယ်။ X မှာ ၅.၈ လက်မ Display သာ ပါပေမယ့် ပိုမို ကောင်းတဲ့ AMOLED Display ပါပါတယ်။

iPhone X ရဲ့ Refurbished Model ဆိုပေမယ့် Apple ရဲ့ စမ်းသပ်စစ်ဆေးမှုများက ကောင်းမွန်တဲ့ အတွက် Used Model များထက်တော့ ကောင်းမှာ သေချာပါတယ်။ X မှာ အနောက်ကင်မရာ နှစ်လုံး ပါတဲ့ အတွက် တစ်လုံးသာ ပါတဲ့ XR ထက် သာလွန်ပါတယ်။ Refurbished iPhone X ရဲ့ 256GB Version ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply