Gadget Smartphone Trending

iPhone ကို Charger အေဟာင္းမ်ားနဲ႔ အားသြင္းလို႔ မရေအာင္ လုပ္ခဲ့လို႔ Apple ကို တရားစြဲ

ကယ္လီဖိုးနီးယားမွာ ေနထိုင္တဲ့ Monica Emerson က iPhone ကို Charger အေဟာင္းမ်ားနဲ႔ အားသြင္းလို႔ မရေအာင္ ဖန္တီးထားတဲ့ iOS Update ကို ျဖန္႔ခ်ီခဲ့တဲ့ အတြက္ Apple ကို တရားစြဲလိုက္ပါတယ္။ အဲဒီ Update ကို ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာလမွာ ျဖန္႔ခ်ီခဲ့တာ ျဖစ္ပါတယ္။

Emerson ဟာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလမွာ iPhone 7 ကို ၀ယ္ယူခဲ့ပါတယ္။ ဘူးမွာ ပါတဲ့ ခ်ာဂ်ာနဲ႔ အားသြင္းတာ အဆင္ေျပခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္  ေအာက္တိုဘာလေလာက္မွာ အားသြင္းရင္ “this accessory may not be supported.” ဆိုတဲ့ အသိေပးစာ ေပၚလာၿပီး အားသြင္းလို႔ မရေတာ့ပါဘူး။ အဲဒီအတြက္ သူမဟာ ခ်ာဂ်ာ အသစ္ကို ၀ယ္ယူခဲ့ရပါတယ္။

သူမ အပါအ၀င္ အျခား စားသံုးသူမ်ားဟာ ခ်ာဂ်ာ အသစ္မ်ား ၀ယ္ယူခဲ့ရတဲ့ အတြက္ ကုန္က်စားရိတ္ဟာ ေဒၚလာ ၅ သန္းေက်ာ္ ရွိမယ္လို႔ သူမက ယံုၾကည္ထားပါတယ္။ အဲဒီအတြက္ သူမဟာ ထိခိုက္နစ္နာမႈမ်ားအတြက္ Apple ကို တရားစြဲလိုက္တာပါ။ သူမက “ ကုမၸဏီဟာ လိမ္ညာ ေၾကာ္ညာၿပီး ကုန္ပစၥည္းမ်ားကို ေရာင္းခ်ပါတယ္။ တရားမွ်တမႈ မရွိတဲ့ အျပဴအမူမ်ားကို လုပ္ေဆာင္ပါတယ္။ ကယ္လီဖိုးနီးယား ဥပေဒကို ခ်ိဳးေဖာက္ပါတယ္။ “ လို႔ တိုင္ၾကားထားပါတယ္။

Apple ဟာ သူ ထုတ္လုပ္ထားတဲ့ ခ်ာဂ်ာမ်ားနဲ႔ အိုင္ဖုန္းမ်ားကို အားသြင္းလို႔ မရေအာင္ ျပဳလုပ္တယ္ဆိုတာ မယံုႏုိုင္စရာပါ။ ဒါဟာ False Positive ျဖစ္ႏိုင္ပါတယ္။ Lightning Connector မွ ညစ္ေပေနတဲ့ Pin အပါအ၀င္ False Positive ျဖစ္ႏုိင္တဲ့ အေၾကာင္းအရင္းမ်ားစြာ ရွိပါတယ္။

unicode

iPhone ကို Charger အဟောင်းများနဲ့ အားသွင်းလို့ မရအောင် လုပ်ခဲ့လို့ Apple ကို တရားစွဲ

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ Monica Emerson က iPhone ကို Charger အဟောင်းများနဲ့ အားသွင်းလို့ မရအောင် ဖန်တီးထားတဲ့ iOS Update ကို ဖြန့်ချီခဲ့တဲ့ အတွက် Apple ကို တရားစွဲလိုက်ပါတယ်။ အဲဒီ Update ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။

Emerson ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ iPhone 7 ကို ဝယ်ယူခဲ့ပါတယ်။ ဘူးမှာ ပါတဲ့ ချာဂျာနဲ့ အားသွင်းတာ အဆင်ပြေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလလောက်မှာ အားသွင်းရင် “this accessory may not be supported.” ဆိုတဲ့ အသိပေးစာ ပေါ်လာပြီး အားသွင်းလို့ မရတော့ပါဘူး။ အဲဒီအတွက် သူမဟာ ချာဂျာ အသစ်ကို ဝယ်ယူခဲ့ရပါတယ်။

သူမ အပါအဝင် အခြား စားသုံးသူများဟာ ချာဂျာ အသစ်များ ဝယ်ယူခဲ့ရတဲ့ အတွက် ကုန်ကျစားရိတ်ဟာ ဒေါ်လာ ၅ သန်းကျော် ရှိမယ်လို့ သူမက ယုံကြည်ထားပါတယ်။ အဲဒီအတွက် သူမဟာ ထိခိုက်နစ်နာမှုများအတွက် Apple ကို တရားစွဲလိုက်တာပါ။ သူမက “ ကုမ္ပဏီဟာ လိမ်ညာ ကြော်ညာပြီး ကုန်ပစ္စည်းများကို ရောင်းချပါတယ်။ တရားမျှတမှု မရှိတဲ့ အပြူအမူများကို လုပ်ဆောင်ပါတယ်။ ကယ်လီဖိုးနီးယား ဥပဒေကို ချိုးဖောက်ပါတယ်။ “ လို့ တိုင်ကြားထားပါတယ်။

Apple ဟာ သူ ထုတ်လုပ်ထားတဲ့ ချာဂျာများနဲ့ အိုင်ဖုန်းများကို အားသွင်းလို့ မရအောင် ပြုလုပ်တယ်ဆိုတာ မယုံနိုင်စရာပါ။ ဒါဟာ False Positive ဖြစ်နိုင်ပါတယ်။ Lightning Connector မှ ညစ်ပေနေတဲ့ Pin အပါအဝင် False Positive ဖြစ်နိုင်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.