Smartphone Trending

Android Phone မ်ားထဲမွာ အျမန္ဆံုး ျဖစ္သြားတဲ့ Nubia Red Magic Mars

AnTuTu ဟာ ဖုန္းမ်ားရဲ႕ စြမ္းရည္မ်ားကို စစ္ေဆး အကဲျဖတ္တဲ့ ေနရာမွာ အရမ္း နာမည္ႀကီးပါတယ္။ သူက လစဥ္လတိုင္း အျမန္ဆံုး စမတ္ဖုန္းမ်ား စာရင္းကို ထုတ္ျပန္ေလ့ ရွိပါတယ္။ အခုလည္း ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလအတြက္ အျမန္ဆံုး အန္းဒရြိဳက္ဖုန္း စာရင္းကို ထုတ္ျပန္လိုက္ပါတယ္။

အျမန္ဆံုး အန္းဒရြိဳက္ ဖုန္း ၁၀ လံုး စာရင္းမွာ နံပါတ္ ၁ ေနရာကို သိမ္းပိုက္သြားတာက Nubia Red Magic Mars ျဖစ္ပါတယ္။ သူဟာ Gaming Phone တစ္လံုးပါ။ နံပါတ္ ၂ ေနရာမွာ Huawei Mate 20 ရပ္တည္ေနပါတယ္။ သူတို႔ရဲ႕ ေအာက္မွာ Vivo V20 , Huawei Mate 20 X, Honor Magic 2 , Xiaomi Black Shark Helo , Huawei Mate 20 Pro , OnePlus 6T , Vivo NEX S နဲ႔ Asus ROG တို႔က အစဥ္လိုက္ ရပ္တည္ေနပါတယ္။ ရမွတ္မ်ားကို ေအာက္ပါ ပံုမွာ ၾကည့္ႏုိင္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာလ စာရင္းမွာ Huawei Mate 20 က နံပါတ္ ၁ ေနရာကို ရထားခဲ့တာပါ။ ဇန္န၀ါရီလမွာေတာ့ သူ႔ထက္ Nubia Red Magic Mars က ရမွတ္သာသြားတာ ျဖစ္ပါတယ္။ Mate 20 နဲ႔ Specs မ်ားစြာ တူတဲ့ Mate 20 Pro က နံပါတ္ ၇ ေနရာကို ေရာက္ေနတာက ထူးျခားပါတယ္။

unicode

Android Phone များထဲမှာ အမြန်ဆုံး ဖြစ်သွားတဲ့ Nubia Red Magic Mars

AnTuTu ဟာ ဖုန်းများရဲ့ စွမ်းရည်များကို စစ်ဆေး အကဲဖြတ်တဲ့ နေရာမှာ အရမ်း နာမည်ကြီးပါတယ်။ သူက လစဉ်လတိုင်း အမြန်ဆုံး စမတ်ဖုန်းများ စာရင်းကို ထုတ်ပြန်လေ့ ရှိပါတယ်။ အခုလည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွက် အမြန်ဆုံး အန်းဒရွိုက်ဖုန်း စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အမြန်ဆုံး အန်းဒရွိုက် ဖုန်း ၁၀ လုံး စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်သွားတာက Nubia Red Magic Mars ဖြစ်ပါတယ်။ သူဟာ Gaming Phone တစ်လုံးပါ။ နံပါတ် ၂ နေရာမှာ Huawei Mate 20 ရပ်တည်နေပါတယ်။ သူတို့ရဲ့ အောက်မှာ Vivo V20 , Huawei Mate 20 X, Honor Magic 2 , Xiaomi Black Shark Helo , Huawei Mate 20 Pro , OnePlus 6T , Vivo NEX S နဲ့ Asus ROG တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ရမှတ်များကို အောက်ပါ ပုံမှာ ကြည့်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ စာရင်းမှာ Huawei Mate 20 က နံပါတ် ၁ နေရာကို ရထားခဲ့တာပါ။ ဇန်နဝါရီလမှာတော့ သူ့ထက် Nubia Red Magic Mars က ရမှတ်သာသွားတာ ဖြစ်ပါတယ်။ Mate 20 နဲ့ Specs များစွာ တူတဲ့ Mate 20 Pro က နံပါတ် ၇ နေရာကို ရောက်နေတာက ထူးခြားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.