Xiaomi Black Shark 2 ကို မတ္ သို႔မဟုတ္ ဧၿပီလမွာ ေၾကညာႏိုင္

0
1072

ေရွာင္မီက တတိယေျမာက္ Gaming Phone ျဖစ္တဲ့ Black Shark 2 ကို မၾကာခင္မွာ ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ ေရွာင္မီရဲ႕ ထုတ္ကုန္ ဒါရိုက္တာ ျဖစ္သူ Wang Teng Thomas က အဲဒီ ဖုန္းကို ျမင္ၿပီးၿပီ ျဖစ္တယ္လို႔ ၀ီဘိုမွာ ေၾကညာပါတယ္။ သူ႔ကို မတ္ သို႔မဟုတ္ ဧၿပီလမွာ ေၾကညာႏုိင္ပါတယ္။

ယခင္လကလည္း TENAA ကေန သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို သိခဲ့ရပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ အရြယ္အစား ၊ မ်က္ႏွာျပင္ အရြယ္အစား၊ ဘက္ထရီ ပမာဏမ်ားလို သတင္းအခ်က္အလက္ အနည္းငယ္ကိုသာ သိရပါေသးတယ္။ သူဟာ ပထမမ်ိဳးဆက္နဲ႔ ဒီဇိုင္းအပိုင္းမွာ တူညီပါတယ္။ အေနာက္ဘက္မွာ Pattern မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးကို ေဒါင္လိုက္ ျပင္ဆင္ ထည့္သြင္းထားသလို လက္ေဗြရာ အာရံုခံ ကိရိယာလည္း ပါပါတယ္။ Shark Key ကိုလည္း မူလ ေနရာမွာ ထည့္သြင္းထားပါတယ္။

Black Shark 2 မွာ မူလေမာ္ဒယ္လိုပဲ ၅.၉၉ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ TENAA မွာ ေဖာ္ျပထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ပါတယ္။ ဒါေပမယ့္ အရြယ္အစားက ပိုရွည္သြားၿပီး ပိုထူလာပါတယ္။ သူဟာ မူလ Black Shark ရဲ႕ မ်ိဳးဆက္သစ္ မဟုတ္ဘဲ တန္ဖိုးနည္း ေမာ္ဒယ္လည္း ျဖစ္ႏုိင္ပါတယ္။  Snapdragon 855 Chipset ထည့္သြင္းထားမွာပါ။ အနည္းဆံုး 8GB RAM နဲ႔ Android 9 Pie ပါလာမွာပါ။

unicode

Xiaomi Black Shark 2 ကို မတ် သို့မဟုတ် ဧပြီလမှာ ကြေညာနိုင်

ရှောင်မီက တတိယမြောက် Gaming Phone ဖြစ်တဲ့ Black Shark 2 ကို မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ရပါတယ်။ ရှောင်မီရဲ့ ထုတ်ကုန် ဒါရိုက်တာ ဖြစ်သူ Wang Teng Thomas က အဲဒီ ဖုန်းကို မြင်ပြီးပြီ ဖြစ်တယ်လို့ ဝီဘိုမှာ ကြေညာပါတယ်။ သူ့ကို မတ် သို့မဟုတ် ဧပြီလမှာ ကြေညာနိုင်ပါတယ်။

ယခင်လကလည်း TENAA ကနေ သူ့ရဲ့ သတင်းအချက်အလက်များကို သိခဲ့ရပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရွယ်အစား ၊ မျက်နှာပြင် အရွယ်အစား၊ ဘက်ထရီ ပမာဏများလို သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရပါသေးတယ်။ သူဟာ ပထမမျိုးဆက်နဲ့ ဒီဇိုင်းအပိုင်းမှာ တူညီပါတယ်။ အနောက်ဘက်မှာ Pattern များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ပြင်ဆင် ထည့်သွင်းထားသလို လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Shark Key ကိုလည်း မူလ နေရာမှာ ထည့်သွင်းထားပါတယ်။

Black Shark 2 မှာ မူလမော်ဒယ်လိုပဲ ၅.၉၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ပိုရှည်သွားပြီး ပိုထူလာပါတယ်။ သူဟာ မူလ Black Shark ရဲ့ မျိုးဆက်သစ် မဟုတ်ဘဲ တန်ဖိုးနည်း မော်ဒယ်လည်း ဖြစ်နိုင်ပါတယ်။ Snapdragon 855 Chipset ထည့်သွင်းထားမှာပါ။ အနည်းဆုံး 8GB RAM နဲ့ Android 9 Pie ပါလာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.