WiFi 6 ပါတဲ့ ပထမဆံုး ဖုန္းမ်ား ျဖစ္လာမယ့္ Samsung Galaxy S10 Series မ်ား

0
1072

Samsung Galaxy S10 Series မ်ားမွာ ပိုျမန္တဲ့ WiFi 6 စံႏႈန္း အသစ္ပါလာမွာပါ။ သူတို႔ဟာ အဲဒီ စံႏႈန္း အသစ္ပါလာတဲ့ ပထမဆံုး ဖုန္းမ်ား ျဖစ္လာမွာပါ။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္မ်ားအရ သိလိုက္ရတာပါ။

လက္ရွိမွာေတာ့ WiFi 6 ရဲ႕ အက်ိဳးေက်းဇူးမ်ားကို သိပ္ၿပီး ရရွိဦးမွာ မဟုတ္ပါဘူး။ WiFi 6 Routers မ်ားလည္း မထြက္လာေသးပါဘူး။ Devices မ်ားစြာ ခ်ိတ္ဆက္ထားတဲ့ ၀ိုင္ဖိုင္ ကြန္ရက္မ်ားမွာေတာ့ WiFi 6 ေၾကာင့္ အက်ိဳးေက်းဇူးမ်ား မ်ားလာႏိုင္ပါတယ္။ အထူးသျဖင့္ Smart Home Device မ်ားစြာ ရွိတဲ့ အိမ္မ်ားမွာပါ။ အဲဒီ Device မ်ားမွာလည္း WiFi 6 ကို ေထာက္ပံ့မွသာ အက်ိဳးေက်းဇူးကို ခံစားရမွာ ျဖစ္ပါတယ္။  WiFi 6 ပါတာကေတာ့ ႀကိဳဆိုစရာပါ။ လာမယ့္ ႏွစ္အနည္းငယ္အတြင္းမွာ WiFi 6 Router မ်ား ထြက္လာေတာ့မွာပါ။

ယခင္ေပါက္ၾကားထြက္ေပၚလာခဲ့ဖူးတဲ့ သတင္းမ်ားအရ Galaxy S10+ မွာ ၆.၄ လက္မ Super AMOLED Screen ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ေအာက္ေျခမွာ 3.5mm Headphone Jack ကို ထည့္သြင္းထားပါတယ္။ သူ႔မွာ ထည့္သြင္းထားမယ့္ 7nm Snapdragon 855 Chipset ကို Qualcomm က မၾကာခင္က ေၾကညာလိုက္ပါတယ္။

အရြယ္အစား အေသးဆံုးနဲ႔ တန္ဖိုး အနည္းဆံုး S10 Lite မွာ ၅.၈ လက္မ မ်က္ႏွာျပင္ပါပါတယ္။ သာမာန္ S10 Model မွာ ၆.၁ လက္မ မ်က္ႏွာျပင္နဲ႔ အရြယ္အစား အႀကီးမားဆံုး S10+ မွာ ၆.၄ လက္မ မ်က္ႏွာျပင္မ်ား ပါလာမွာ ျဖစ္ပါတယ္။ ဖုန္း အားလံုးရဲ႕ မ်က္ႏွာျပင္ ထိပ္ပိုင္း အလယ္နားမွာ အေရွ႕ ကင္မရာမ်ားကို ျမွပ္ႏွံထားပါတယ္။ S10 Lite နဲ႔ S10 မွာ အေရွ႕ ကင္မရာ ၁ လံုးစီနဲ႔ S10+ မွာ ၂ လံုး ထည့္သြင္းထားပါတယ္။

unicode

WiFi 6 ပါတဲ့ ပထမဆုံး ဖုန်းများ ဖြစ်လာမယ့် Samsung Galaxy S10 Series များ

Samsung Galaxy S10 Series များမှာ ပိုမြန်တဲ့ WiFi 6 စံနှုန်း အသစ်ပါလာမှာပါ။ သူတို့ဟာ အဲဒီ စံနှုန်း အသစ်ပါလာတဲ့ ပထမဆုံး ဖုန်းများ ဖြစ်လာမှာပါ။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ သိလိုက်ရတာပါ။

လက်ရှိမှာတော့ WiFi 6 ရဲ့ အကျိုးကျေးဇူးများကို သိပ်ပြီး ရရှိဦးမှာ မဟုတ်ပါဘူး။ WiFi 6 Routers များလည်း မထွက်လာသေးပါဘူး။ Devices များစွာ ချိတ်ဆက်ထားတဲ့ ဝိုင်ဖိုင် ကွန်ရက်များမှာတော့ WiFi 6 ကြောင့် အကျိုးကျေးဇူးများ များလာနိုင်ပါတယ်။ အထူးသဖြင့် Smart Home Device များစွာ ရှိတဲ့ အိမ်များမှာပါ။ အဲဒီ Device များမှာလည်း WiFi 6 ကို ထောက်ပံ့မှသာ အကျိုးကျေးဇူးကို ခံစားရမှာ ဖြစ်ပါတယ်။ WiFi 6 ပါတာကတော့ ကြိုဆိုစရာပါ။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ WiFi 6 Router များ ထွက်လာတော့မှာပါ။

ယခင်ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးတဲ့ သတင်းများအရ Galaxy S10+ မှာ ၆.၄ လက်မ Super AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အောက်ခြေမှာ 3.5mm Headphone Jack ကို ထည့်သွင်းထားပါတယ်။ သူ့မှာ ထည့်သွင်းထားမယ့် 7nm Snapdragon 855 Chipset ကို Qualcomm က မကြာခင်က ကြေညာလိုက်ပါတယ်။

အရွယ်အစား အသေးဆုံးနဲ့ တန်ဖိုး အနည်းဆုံး S10 Lite မှာ ၅.၈ လက်မ မျက်နှာပြင်ပါပါတယ်။ သာမာန် S10 Model မှာ ၆.၁ လက်မ မျက်နှာပြင်နဲ့ အရွယ်အစား အကြီးမားဆုံး S10+ မှာ ၆.၄ လက်မ မျက်နှာပြင်များ ပါလာမှာ ဖြစ်ပါတယ်။ ဖုန်း အားလုံးရဲ့ မျက်နှာပြင် ထိပ်ပိုင်း အလယ်နားမှာ အရှေ့ ကင်မရာများကို မြှပ်နှံထားပါတယ်။ S10 Lite နဲ့ S10 မှာ အရှေ့ ကင်မရာ ၁ လုံးစီနဲ့ S10+ မှာ ၂ လုံး ထည့်သွင်းထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.