PUBG Mobile ကစားဖို႔ ဖုန္း မ၀ယ္ေပးလို႔ သတ္ေသသြားတဲ့ လူငယ္

0
619

PUBG Mobile Game ကို အိႏၵိယမွာ စြဲလမ္းစြာ ကစားေနၾကပါတယ္။ အခုေတာ့ အဲဒီ ဂိမ္းကစားဖို႔ ဖုန္း မ၀ယ္ေပးလို႔  မြန္ဘိုင္းမွ လူငယ္တစ္ဦးဟာ ကိုယ့္ကိုကိုယ္ သတ္ေသသြားပါတယ္။ အသက္ ၁၈ ႏွစ္ အရြယ္ လူငယ္ဟာ ႀကိဳးဆြဲခ်ၿပီး သတ္ေသသြားတာပါ။

လူငယ္ဟာ မြန္ဘိုင္းမွ Kurla’s Nehru Nagar မွာ ေနထိုင္သူလို႔ ရဲဌာနက ေျပာပါတယ္။ သူက PUBG Mobile ကစားဖု႔ိ ရူပီး ၃၇ ၀၀၀ ေလာက္ ရွိတဲ့ တန္ဖိုးႀကီး စမတ္ဖုန္းကို ၀ယ္ေပးဖို႔ ပူဆာခဲ့တာ ျဖစ္ပါတယ္။ မိဘမ်ားက ဒီေလာက္ေစ်းႀကီးတဲ့ ဖုန္းကို မ၀ယ္ေပးႏုိင္ဘဲ ရူပီး ၂၀ ၀၀၀ ေအာက္ ဖုန္းကိုသာ ၀ယ္ေပးမယ္လို႔ သူ႔ကို ေျပာခဲ့တာပါ။ အဲဒီအတြက္ လူငယ္က ေနအိမ္ရဲ႕ မ်က္ႏွာက်က္ ပန္ကာမွာ ႀကိဳးဆြဲခ်ၿပီး သတ္ေသသြားခဲ့တာ ျဖစ္ပါတယ္။

အလြန္စြဲလမ္းေစတဲ့ ဂိမ္းမ်ားကို ပိတ္ပင္ဖို႔ ေတာင္းဆိုမႈမ်ားလည္း ရွိေနပါတယ္။ ဂိမ္းမ်ားဟာ လူငယ္မ်ားကို ဆိုးက်ိဳး ျဖစ္ေစတယ္လို႔လည္း ေ၀ဖန္ေနၾကပါတယ္။ အထူးသျဖင့္ ေက်ာင္းသားမ်ားအတြက္ ျဖစ္ပါတယ္။ မၾကာခင္ကပဲ အသက္ ၁၁ ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးက PUBG Mobile ဟာ အၾကမ္းဖက္မႈမ်ား၊ အြန္လိုင္းမွာ အရွက္ခြဲျခင္းမ်ားကို ျဖစ္ပြားေစတဲ့ အတြက္ ပိတ္ပင္ေပးဖို႔ မြန္ဘိုင္း တရားရံုးကို ေတာင္းဆိုခဲ့ပါတယ္။

unicode

PUBG Mobile ကစားဖို့ ဖုန်း မဝယ်ပေးလို့ သတ်သေသွားတဲ့ လူငယ်

PUBG Mobile Game ကို အိန္ဒိယမှာ စွဲလမ်းစွာ ကစားနေကြပါတယ်။ အခုတော့ အဲဒီ ဂိမ်းကစားဖို့ ဖုန်း မဝယ်ပေးလို့ မွန်ဘိုင်းမှ လူငယ်တစ်ဦးဟာ ကိုယ့်ကိုကိုယ် သတ်သေသွားပါတယ်။ အသက် ၁၈ နှစ် အရွယ် လူငယ်ဟာ ကြိုးဆွဲချပြီး သတ်သေသွားတာပါ။

လူငယ်ဟာ မွန်ဘိုင်းမှ Kurla’s Nehru Nagar မှာ နေထိုင်သူလို့ ရဲဌာနက ပြောပါတယ်။ သူက PUBG Mobile ကစားဖု့ိ ရူပီး ၃၇ ၀၀၀ လောက် ရှိတဲ့ တန်ဖိုးကြီး စမတ်ဖုန်းကို ဝယ်ပေးဖို့ ပူဆာခဲ့တာ ဖြစ်ပါတယ်။ မိဘများက ဒီလောက်ဈေးကြီးတဲ့ ဖုန်းကို မဝယ်ပေးနိုင်ဘဲ ရူပီး ၂၀ ၀၀၀ အောက် ဖုန်းကိုသာ ဝယ်ပေးမယ်လို့ သူ့ကို ပြောခဲ့တာပါ။ အဲဒီအတွက် လူငယ်က နေအိမ်ရဲ့ မျက်နှာကျက် ပန်ကာမှာ ကြိုးဆွဲချပြီး သတ်သေသွားခဲ့တာ ဖြစ်ပါတယ်။

အလွန်စွဲလမ်းစေတဲ့ ဂိမ်းများကို ပိတ်ပင်ဖို့ တောင်းဆိုမှုများလည်း ရှိနေပါတယ်။ ဂိမ်းများဟာ လူငယ်များကို ဆိုးကျိုး ဖြစ်စေတယ်လို့လည်း ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ကျောင်းသားများအတွက် ဖြစ်ပါတယ်။ မကြာခင်ကပဲ အသက် ၁၁ နှစ်အရွယ် ကျောင်းသားတစ်ဦးက PUBG Mobile ဟာ အကြမ်းဖက်မှုများ၊ အွန်လိုင်းမှာ အရှက်ခွဲခြင်းများကို ဖြစ်ပွားစေတဲ့ အတွက် ပိတ်ပင်ပေးဖို့ မွန်ဘိုင်း တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

Leave a Reply