Redmi Note 7 ကို ယွဥ္ၿပိဳင္မယ့္ Meizu M9 Note

0
1322

တရုတ္ စမတ္ဖုန္း ကုမၸဏီ မီဇူးက ဒီလထဲမွာ တန္ဖိုးနည္း စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အမည္က Meizu M9 Note ျဖစ္ၿပီး သူဟာ Redmi Note 7 ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ သူဟာ Snapdragon 632 Chipset ထည့္သြင္းထားတဲ့ M8 Note ရဲ႕ မ်ိဳးဆက္ ျဖစ္ပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ Meizu M9 Note မွာ Qualcomm Snapdragon 675 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ သူဟာ Snapdragon 675 Chipset ထည့္သြင္းထားတဲ့ အေစာဆံုး စမတ္ဖုန္းမ်ားထဲမွ တစ္လံုး ျဖစ္လာမွာပါ။ သူ႔မွာ ဆမ္ေဆာင္းရဲ႕ 48MP GM1 Sensor လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အဲဒီ ကင္မရာဟာ Redmi Note 7 မွာလည္း ပါပါတယ္။

Meizu M9 Note ဟာ ယြမ္ ၁၀၀၀ ၀န္းက်င္ တန္ေၾကးရွိႏုိင္ပါတယ္။ ေဒၚလာအားျဖင့္ ၁၅၀ ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။ သူ႔ကို တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္မွာ မွတ္ပံုတင္ထားပါတယ္။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္မ်ား အရ သူ႔မွာ ၆.၂ လက္မ မ်က္ႏွာျပင္ပါလာမွာ ျဖစ္ပါတယ္။ အရြယ္အစား ႀကီးမားတဲ့ 4000mAh Battery ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

unicode

Redmi Note 7 ကို ယှဉ်ပြိုင်မယ့် Meizu M9 Note
တရုတ် စမတ်ဖုန်း ကုမ္ပဏီ မီဇူးက ဒီလထဲမှာ တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်က Meizu M9 Note ဖြစ်ပြီး သူဟာ Redmi Note 7 ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူဟာ Snapdragon 632 Chipset ထည့်သွင်းထားတဲ့ M8 Note ရဲ့ မျိုးဆက် ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Meizu M9 Note မှာ Qualcomm Snapdragon 675 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူဟာ Snapdragon 675 Chipset ထည့်သွင်းထားတဲ့ အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်လာမှာပါ။ သူ့မှာ ဆမ်ဆောင်းရဲ့ 48MP GM1 Sensor လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ကင်မရာဟာ Redmi Note 7 မှာလည်း ပါပါတယ်။

Meizu M9 Note ဟာ ယွမ် ၁၀၀၀ ဝန်းကျင် တန်ကြေးရှိနိုင်ပါတယ်။ ဒေါ်လာအားဖြင့် ၁၅၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ သူ့ကို တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာ မှတ်ပုံတင်ထားပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များ အရ သူ့မှာ ၆.၂ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Leave a Reply