App Store က Facebook ကို ကစ္လိုက္ရင္ Apple ၾကီး ဘာျဖစ္သြားမလဲ

0
2545

Zawgyi Version

ျပီးခဲ့တဲ့ရက္တုန္းက Apple နဲ႕ Facebook ျငိၾကတဲ့အေၾကာင္းကို ကၽြန္ေတာ္တို႕ တင္ေပးခဲ့ပါတယ္။ စာဖတ္သူေတြရဲ႕ အေတြးအျမင္ေတြကိုလည္း ကြန္မန္႕ကေနတစ္ဆင့္ သိခဲ့ရပါတယ္။ အဲဒီမွာ facebook ကို ios သမားေတြ သံုးမရေအာင္လုပ္လိုက္ပါလားဆိုတဲ့စိတ္ကူးကလည္း တစ္ခုအပါအ၀င္ပါပဲ။ ထားလိုက္ပါ။ အခုေျပာျပမွာက သူတို႕ႏွစ္ေယာက္ရဲ႕ ျဖစ္လာမယ့္အေျခအေနကို ကၽြန္ေတာ္တို႕ သံုးသပ္ၾကည့္ရေအာင္။ Apple က အျပစ္ေပးတဲ့အေနနဲ႕ Facebook iOS app ေတြရဲ႕ beta စမ္းသပ္ခြင့္ကို ပိတ္ပင္လုိက္ပါတယ္။ Facebook ရဲ႕ enterprise developer certificate ေတြကို restore ျပန္လုပ္လိုက္တယ္ဆိုေတာ့ ေမးခြန္းထုတ္စရာတစ္ခု ျဖစ္လာပါတယ္။

ဒါဟာ iPhone ဘက္က သတိေပးခ်က္အေနနဲ႕သာ ျဖစ္ခဲ့မယ္ဆိုရင္ ဘာေတြမ်ား ျဖစ္လာႏုိင္သလဲ။ privacy လို႕ေၾကြးေၾကာ္ေနတဲ့ စီအီးအိုတစ္ေယာက္ ဘယ္လိုမ်ား ဆံုးျဖတ္မွာပါလဲ။ Facebook ကေတာ့ App Store ကေန ေသခ်ာေပါက္ ban ခံရမွာပါ။ အဲဒီေနာက္ ဘာမ်ားဆက္ျဖစ္မလဲ။

ပထမဆံုးအေနနဲ႕ “Apple ဟာ ခလုတ္တစ္ခ်က္တည္းနဲ႕ Facebbook ရဲ႕ ေနရာအားလံုးကို ban လို႕မရႏုိင္ပါဘူး။ Facebook app portfolio မွာရွိတဲ့ developer account တိုင္းကို ban ရမွာပါ။ ဒါေၾကာင့္ Instagram ၊ WhatsApp ၊ Facebook အေကာင့္ေတြကိုလည္း ban ရမွာျဖစ္သလို အျခား app အေသးေလးေတြကိုလည္း ban ဖို႕လိုအပ္ပါတယ္။ ဒါဟာ လုပ္ေဆာင္ေနက်လုပ္ငန္းစဥ္ မဟုတ္ပါဘူး။” per-app basis အေနနဲ႕ block ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ မွတ္ထားရမွာတစ္ခုက Facebook ကေတာ့ ေအးေဆးပါပဲ။ Android ဖုန္းေတြမွာ iOS ရဲ႕လုပ္ေဆာင္ခ်က္ေတြေၾကာင့္ သက္ေရာက္မႈမရွိႏုိင္ပါဘူး။ ဟုတ္ပါတယ္။ Android က လူၾကိဳက္မ်ားပါတယ္။ ဒါေပမယ့္လည္း ယူအက္စ္ကို ထည့္တြက္လို႕ ေျပာၾကလိမ့္မယ္။ ယူအက္စ္ဆိုတာ ဆယ္ပံုတစ္ပံုေတာင္ မျပည့္တဲ့သံုးစြဲသူေတြရွိေနတာပါ။

App Store ban လို္က္မယ္ဆိုရင္ iOS သမားေတြအေနနဲ႕ mobile web version ကို ေျပာင္းသံုးရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဟာ သံုးစြဲသူေတြအတြက္ေတာ့ အဆင္မေခ်ာႏုိင္ပါဘူး။ Facebook ကေတာ့ ျပန္သံုးသပ္ဖို႕လိုအပ္ေနပါျပီ။ Instagram’s mobile web experience ကိုၾကည့္လိုက္ပါ။ ပို႕စ္အသစ္တင္လို႕မရဘူးေလ။

အမ်ားပိုင္းလုပ္ငန္းေတြအေနနဲ႕ ရင္းႏွီးျမွဳပ္ႏွံသူေတြနဲ႕ ညွိႏႈိင္းဖို႕ လိုအပ္ပါတယ္။ Facebook ကလည္း ေျပာခဲ့ဖူးပါတယ္။ သူတို႕ရဲ႕ OS ပါတနာေတြရဲ႕ ဆက္ဆံေရးဟာ Facebook အသံုးျပဳမႈကို အက်ိဳးသက္ေရာက္မႈရွိပါတယ္တဲ့။ Facebook အေနနဲ႕ လံုး၀စဥ္းစားရမယ့္အခ်က္တစ္ခုျဖစ္ေနပါျပီ။

ျဖစ္လာခဲ့မယ္ဆုိရင္ေရာ။ Instagram, Messenger, WhatsApp နဲ႕ Facebook ပိုင္ဆုိင္ထားတဲ့ top free App Store app ေတြက မနည္းဘူးေလ။ လူအေတာ္မ်ားမ်ားရဲ႕ဖုန္းကို ၾကည့္လိုက္တဲ့အခ်ိန္မွာ အသံုးအမ်ားဆံုးဖုန္းေတြလည္း ျဖစ္ေနပါတယ္။ Facebook ကို ေဒါသထြက္ေအာင္မလုပ္သင့္သလို သံုးစြဲသူေတြရဲ႕ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လည္း Apple အေနနဲ႕ မလုပ္သင့္ပါဘူး။ ျပိဳင္ဘက္နည္းပညာလုပ္ငန္းေတြကိုလည္း ျပိဳင္ရဦးမယ္မလား။

Unicode Version

ပြီးခဲ့တဲ့ရက်တုန်းက Apple နဲ့ Facebook ငြိကြတဲ့အကြောင်းကို ကျွန်တော်တို့ တင်ပေးခဲ့ပါတယ်။ စာဖတ်သူတွေရဲ့ အတွေးအမြင်တွေကိုလည်း ကွန်မန့်ကနေတစ်ဆင့် သိခဲ့ရပါတယ်။ အဲဒီမှာ facebook ကို ios သမားတွေ သုံးမရအောင်လုပ်လိုက်ပါလားဆိုတဲ့စိတ်ကူးကလည်း တစ်ခုအပါအဝင်ပါပဲ။ ထားလိုက်ပါ။ အခုပြောပြမှာက သူတို့နှစ်ယောက်ရဲ့ ဖြစ်လာမယ့်အခြေအနေကို ကျွန်တော်တို့ သုံးသပ်ကြည့်ရအောင်။ Apple က အပြစ်ပေးတဲ့အနေနဲ့ Facebook iOS app တွေရဲ့ beta စမ်းသပ်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ Facebook ရဲ့ enterprise developer certificate တွေကို restore ပြန်လုပ်လိုက်တယ်ဆိုတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါတယ်။
ဒါဟာ iPhone ဘက်က သတိပေးချက်အနေနဲ့သာ ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေများ ဖြစ်လာနိုင်သလဲ။ privacy လို့ကြွေးကြော်နေတဲ့ စီအီးအိုတစ်ယောက် ဘယ်လိုများ ဆုံးဖြတ်မှာပါလဲ။ Facebook ကတော့ App Store ကနေ သေချာပေါက် ban ခံရမှာပါ။ အဲဒီနောက် ဘာများဆက်ဖြစ်မလဲ။
ပထမဆုံးအနေနဲ့ “Apple ဟာ ခလုတ်တစ်ချက်တည်းနဲ့ Facebbook ရဲ့ နေရာအားလုံးကို ban လို့မရနိုင်ပါဘူး။ Facebook app portfolio မှာရှိတဲ့ developer account တိုင်းကို ban ရမှာပါ။ ဒါကြောင့် Instagram ၊ WhatsApp ၊ Facebook အကောင့်တွေကိုလည်း ban ရမှာဖြစ်သလို အခြား app အသေးလေးတွေကိုလည်း ban ဖို့လိုအပ်ပါတယ်။ ဒါဟာ လုပ်ဆောင်နေကျလုပ်ငန်းစဉ် မဟုတ်ပါဘူး။” per-app basis အနေနဲ့ block ရမှာဖြစ်ပါတယ်။
ဒါပေမယ့် မှတ်ထားရမှာတစ်ခုက Facebook ကတော့ အေးဆေးပါပဲ။ Android ဖုန်းတွေမှာ iOS ရဲ့လုပ်ဆောင်ချက်တွေကြောင့် သက်ရောက်မှုမရှိနိုင်ပါဘူး။ ဟုတ်ပါတယ်။ Android က လူကြိုက်များပါတယ်။ ဒါပေမယ့်လည်း ယူအက်စ်ကို ထည့်တွက်လို့ ပြောကြလိမ့်မယ်။ ယူအက်စ်ဆိုတာ ဆယ်ပုံတစ်ပုံတောင် မပြည့်တဲ့သုံးစွဲသူတွေရှိနေတာပါ။
App Store ban လိုက်မယ်ဆိုရင် iOS သမားတွေအနေနဲ့ mobile web version ကို ပြောင်းသုံးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သုံးစွဲသူတွေအတွက်တော့ အဆင်မချောနိုင်ပါဘူး။ Facebook ကတော့ ပြန်သုံးသပ်ဖို့လိုအပ်နေပါပြီ။ Instagram’s mobile web experience ကိုကြည့်လိုက်ပါ။ ပို့စ်အသစ်တင်လို့မရဘူးလေ။
အများပိုင်းလုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ Facebook ကလည်း ပြောခဲ့ဖူးပါတယ်။ သူတို့ရဲ့ OS ပါတနာတွေရဲ့ ဆက်ဆံရေးဟာ Facebook အသုံးပြုမှုကို အကျိုးသက်ရောက်မှုရှိပါတယ်တဲ့။ Facebook အနေနဲ့ လုံးဝစဉ်းစားရမယ့်အချက်တစ်ခုဖြစ်နေပါပြီ။
ဖြစ်လာခဲ့မယ်ဆိုရင်ရော။ Instagram, Messenger, WhatsApp နဲ့ Facebook ပိုင်ဆိုင်ထားတဲ့ top free App Store app တွေက မနည်းဘူးလေ။ လူအတော်များများရဲ့ဖုန်းကို ကြည့်လိုက်တဲ့အချိန်မှာ အသုံးအများဆုံးဖုန်းတွေလည်း ဖြစ်နေပါတယ်။ Facebook ကို ဒေါသထွက်အောင်မလုပ်သင့်သလို သုံးစွဲသူတွေရဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင်လည်း Apple အနေနဲ့ မလုပ်သင့်ပါဘူး။ ပြိုင်ဘက်နည်းပညာလုပ်ငန်းတွေကိုလည်း ပြိုင်ရဦးမယ်မလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.