18,000mAh ဘတ္ထရီပါ၀င္ျပီး ေခါက္ခ်ိဳး display ၊ pop-up ကင္မရာပါ၀င္မယ့္ Energizer ရဲ႕ စမတ္ဖုန္းမ်ား

0
1951

Zawgyi Version

ဘတ္ထရီၾကီးကေတာ့ မနည္းမေနာပါပဲ။

Energizer က စမတ္ဖုန္းေတြကို အံ့အားသင့္သြားေစမယ့္အခ်က္အလက္ေတြ မထည့္ႏုိင္ဘူးတဲ့လား။ ဒီႏွစ္ Mobile World Congress မွာ ေမာ္က်ဴး ၂၆ခုကို ျပသခဲ့ပါတယ္။ အဲဒီမွာ pop-up ကင္မရာ၊ 18,000mAh ဘတ္ထရီ၊ ေခါက္ခ်ိဳး display တို႕ကိုလည္း ျပသခဲ့တာပါ။ ဒါေတြအားလံုးက ဖုန္းတစ္လံုးစီမွာ သံုးထားမယ္လို႕ ထင္ေနပါသလား။ တစ္လံုးတည္းဆို ပိုေကာင္းမွာလို႕ မေတြးမိိဘူးလား။ တကယ္ေကာင္းမွာပါ။

9to5Google ရဲ႕ တင္ျပခ်က္အရ ဖုန္းအမ်ိဳးအစား ေလးပိုင္းခြဲျပထားပါတယ္။ Power Max, Ultimate, Energy နဲ႕ Hardcase တို႕ ျဖစ္ပါတယ္။ ေမာ္က်ဴး အသစ္၂၆ခုကေတာ့ Energy ၊ Hardcase အပိုင္းထဲမွာ ေတြ႕ျမင္ရမွာပါ။ Power Max ကေတာ့ 18,000mAh ကို ေတြ႕ျမင္ရမွာပါ။ ဒါကေတာ့ 16,000mAh Power Max P16K Pro ရဲ႕ေနာက္မွာ ေတြ႕ျမင္ရမယ့္ဖုန္းတစ္လံုး ျဖစ္လာမွာပါ။ Ultimate ကေတာ့ pop-up ကင္မရာနဲ႕ ေရစက္ပံု notch တို႕ကို အသံုးျပဳသြားမွာပါ။

ဖုန္းေတြရဲ႕ အခ်က္အလက္အေသးစိတ္ကို မသိရေသးေပမယ့္လည္း Ultimate ဖုန္းေတြအေၾကာင္းေတာ့ အနည္းငယ္သိထားပါတယ္။ GSM Arena ရဲ႕ တင္ျပခ်က္အရ Energizer Ultimate U620S Pop နဲ႕ U630S Pop တို႕ကို P70 ၊ P22 MediaTek Helio chipset တို႕ေပၚမွာ run ထားပါတယ္။ ကင္မရာႏွစ္လံုးကို ေမာ္တာတပ္ဆင္ထားျပီး 16MP main camera နဲ႕ 2MP depth sensor တို႕ကို သံုးထားပါတယ္။ U620S Pop မွာ ကင္မရာသံုးလံုး 16MP, 5MP, 2MP ပါ၀င္ျပီးေတာ့ 6GB RAM ၊ 128GB သိုေလွာင္မႈေတြလည္း ေတြ႕ျမင္ရမွာပါ။ ဂ်ဴလုိင္လမွာ ထုတ္ျပေပးသြားမွာပါ။ U630S Pop ကေတာ့ 4GB RAM ၊ 64GB သိုေလွာင္မႈပမာဏေတြနဲ႕ ဂၽြန္လမွာ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

18,000mAh ေမာ္ဒယ္အတြက္ ပံုရိပ္ေတြမရထားေသးသလို ေခါက္ခ်ိဳးဖုန္းအတြက္လညး္ မျမင္ရေသးေတာ့ အတိအက်မေျပာေပးႏုိင္ေသးပါဘူး။ ဒီဇုိင္းပိုင္းကေတာ့ သိပ္ေမွ်ာ္လင့္ထားလို႕ မရႏုိင္ေလာက္ပါဘူး။

ဒီဖုန္းေတြကို Avenir Telecom လို႕ေခၚတဲ့ျပင္သစ္လုပ္ငန္းကေန ထုတ္လုပ္မွာပါ။ အရင္တုန္းက Energizer license ေအာက္ကေန အခ်က္အလက္အနိမ့္ စမတ္ဖုန္းေတြ ေရာင္းခ်ေနတဲ့လုပ္ငန္းျဖစ္ပါတယ္။ ဒီေတာ့ Avenir က နည္းပညာျမင့္ စမတ္ဖုန္းေတြ၊ pop-up ကင္မရာနဲ႕ ေခါက္ခ်ိဳးစမတ္ဖုန္းေတြ ထုတ္လုပ္မယ္ဆိုေတာ့ ေစာင့္ၾကည့္ရမယ့္ ပြဲတစ္ခုလည္း ျဖစ္ပါတယ္။ MWC ျဖစ္တဲ့ ေဖေဖာ္၀ါရီ ၂၅ရက္ေန႕မွာ ေစာင့္ၾကည့္ႏုိင္ပါျပီ။

Unicode Version

ဘတ်ထရီကြီးကတော့ မနည်းမနောပါပဲ။
Energizer က စမတ်ဖုန်းတွေကို အံ့အားသင့်သွားစေမယ့်အချက်အလက်တွေ မထည့်နိုင်ဘူးတဲ့လား။ ဒီနှစ် Mobile World Congress မှာ မော်ကျူး ၂၆ခုကို ပြသခဲ့ပါတယ်။ အဲဒီမှာ pop-up ကင်မရာ၊ 18,000mAh ဘတ်ထရီ၊ ခေါက်ချိုး display တို့ကိုလည်း ပြသခဲ့တာပါ။ ဒါတွေအားလုံးက ဖုန်းတစ်လုံးစီမှာ သုံးထားမယ်လို့ ထင်နေပါသလား။ တစ်လုံးတည်းဆို ပိုကောင်းမှာလို့ မတွေးမိဘူးလား။ တကယ်ကောင်းမှာပါ။
9to5Google ရဲ့ တင်ပြချက်အရ ဖုန်းအမျိုးအစား လေးပိုင်းခွဲပြထားပါတယ်။ Power Max, Ultimate, Energy နဲ့ Hardcase တို့ ဖြစ်ပါတယ်။ မော်ကျူး အသစ်၂၆ခုကတော့ Energy ၊ Hardcase အပိုင်းထဲမှာ တွေ့မြင်ရမှာပါ။ Power Max ကတော့ 18,000mAh ကို တွေ့မြင်ရမှာပါ။ ဒါကတော့ 16,000mAh Power Max P16K Pro ရဲ့နောက်မှာ တွေ့မြင်ရမယ့်ဖုန်းတစ်လုံး ဖြစ်လာမှာပါ။ Ultimate ကတော့ pop-up ကင်မရာနဲ့ ရေစက်ပုံ notch တို့ကို အသုံးပြုသွားမှာပါ။
ဖုန်းတွေရဲ့ အချက်အလက်အသေးစိတ်ကို မသိရသေးပေမယ့်လည်း Ultimate ဖုန်းတွေအကြောင်းတော့ အနည်းငယ်သိထားပါတယ်။ GSM Arena ရဲ့ တင်ပြချက်အရ Energizer Ultimate U620S Pop နဲ့ U630S Pop တို့ကို P70 ၊ P22 MediaTek Helio chipset တို့ပေါ်မှာ run ထားပါတယ်။ ကင်မရာနှစ်လုံးကို မော်တာတပ်ဆင်ထားပြီး 16MP main camera နဲ့ 2MP depth sensor တို့ကို သုံးထားပါတယ်။ U620S Pop မှာ ကင်မရာသုံးလုံး 16MP, 5MP, 2MP ပါဝင်ပြီးတော့ 6GB RAM ၊ 128GB သိုလှောင်မှုတွေလည်း တွေ့မြင်ရမှာပါ။ ဂျူလိုင်လမှာ ထုတ်ပြပေးသွားမှာပါ။ U630S Pop ကတော့ 4GB RAM ၊ 64GB သိုလှောင်မှုပမာဏတွေနဲ့ ဂျွန်လမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
18,000mAh မော်ဒယ်အတွက် ပုံရိပ်တွေမရထားသေးသလို ခေါက်ချိုးဖုန်းအတွက်လည်း မမြင်ရသေးတော့ အတိအကျမပြောပေးနိုင်သေးပါဘူး။ ဒီဇိုင်းပိုင်းကတော့ သိပ်မျှော်လင့်ထားလို့ မရနိုင်လောက်ပါဘူး။
ဒီဖုန်းတွေကို Avenir Telecom လို့ခေါ်တဲ့ပြင်သစ်လုပ်ငန်းကနေ ထုတ်လုပ်မှာပါ။ အရင်တုန်းက Energizer license အောက်ကနေ အချက်အလက်အနိမ့် စမတ်ဖုန်းတွေ ရောင်းချနေတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒီတော့ Avenir က နည်းပညာမြင့် စမတ်ဖုန်းတွေ၊ pop-up ကင်မရာနဲ့ ခေါက်ချိုးစမတ်ဖုန်းတွေ ထုတ်လုပ်မယ်ဆိုတော့ စောင့်ကြည့်ရမယ့် ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ MWC ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ စောင့်ကြည့်နိုင်ပါပြီ။

Leave a Reply