V Day အမီေရာင္းခ်ေပးမယ့္ OnePlus 6T

0
1078

Zawgyi Version

V Day ေရာက္ဖို႕ မလိုေတာ့ပါဘူး။ OnePlus က OnePlus 6T promotion ကိုလည္း စီစဥ္ေပးထားပါတယ္။ ခ်စ္ရတဲ့သူတစ္ေယာက္အတြက္ နည္းပညာပစၥည္း၀ယ္ေပးခ်င္တယ္ဆိုရင္ေတာ့ ၾကည့္ၾကည့္လိုက္ပါဦး။ သူတို႕ဘာေတြေပးထာသလဲဆိုတာကိုေပါ့။

မၾကာခင္လပိုင္းမွာ ဖုန္းအသစ္ေတြ စတုိးေပၚကိုေရာက္လာမွာ ကၽြန္ေတာ္တို႕သိထားျပီးပါျပီ။ ဒါေပမယ့္ OnePlus 6T ကေတာ့ လက္ရွိမွာရႏုိင္တဲ့ စမတ္ဖုန္းေကာင္းတစ္လံုးျဖစ္ပါတယ္။ hardware အတူတူသံုးထားတယ္ဆုိရင္ေတာ့ အျခား flagship ေတြထက္ ေစ်းသက္သာေနတာဆိုေတာ့ ယွဥ္လို႕ရတယ္ေနာ္။

You Complete Me Bundle ေလးထဲမွာဆိုရင္ေတာ့ OnePlus 6T ၊ OnePlus Bullets Wireless headphones ၊ OnePlus 6T Bumper Case တို႕ ပါ၀င္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၆၂၄ ကေန ေဒၚလာ ၇၀၈ အထိျဖစ္ျပီးေတာ့ ဖုန္းေမာ္ဒယ္လ္အလိုက္ ေစ်းကြာသြားမွာပါ။ ဒါေပမယ့္လည္း အရင္ကထက္ေတာ့ ေဒၚလာ၂၀ သက္သာေနပါေသးတယ္။

ဒုတိယ bundle ေလးကိုေတာ့ Perfect Pair လို႕ အမည္ေပးထားပါတယ္။ နာမည္ေလးအတုိင္း OnePlus Bullets Wireless headphones ႏွစ္လံုးကို 10% ေလွ်ာ့ေစ်းနဲ႕ ရမွာပါ။ ဒီေတာ့ ေဒၚလာ၁၃၈ မဟုတ္ေတာ့ဘဲ ေဒၚလာ၁၂၄ ျဖစ္သြားမွာပါ။

OnePlus က ဒီႏွစ္ေနာက္ပိုင္းမွာ hardware အသစ္ထုတ္ျပမယ္လို႕ မွန္းမထားၾကပါဘူး။ OnePlus 7 ကေတာ့ ဒီႏွစ္၀က္မွာ ျမင္ရသင့္ပါတယ္။ ဒါေပမယ့္လည္း သတင္းအစအနမရေသးပါဘူး။ အရင္ႏွစ္ေတြနဲ႕မတူတာကေတာ့ OnePlus ဟာ ဒီႏွစ္ထဲမွာ တတိယအလံုးကို ေၾကညာပါလိမ့္မယ္။ OnePlus 5G ဖုန္းပါ။ ဒါေပမယ့္ ဘယ္အခ်ိန္ျမင္ရမလဲဆိုတာ မသိေသးပါဘူး။

Unicode Version

V Day ရောက်ဖို့ မလိုတော့ပါဘူး။ OnePlus က OnePlus 6T promotion ကိုလည်း စီစဉ်ပေးထားပါတယ်။ ချစ်ရတဲ့သူတစ်ယောက်အတွက် နည်းပညာပစ္စည်းဝယ်ပေးချင်တယ်ဆိုရင်တော့ ကြည့်ကြည့်လိုက်ပါဦး။ သူတို့ဘာတွေပေးထာသလဲဆိုတာကိုပေါ့။
မကြာခင်လပိုင်းမှာ ဖုန်းအသစ်တွေ စတိုးပေါ်ကိုရောက်လာမှာ ကျွန်တော်တို့သိထားပြီးပါပြီ။ ဒါပေမယ့် OnePlus 6T ကတော့ လက်ရှိမှာရနိုင်တဲ့ စမတ်ဖုန်းကောင်းတစ်လုံးဖြစ်ပါတယ်။ hardware အတူတူသုံးထားတယ်ဆိုရင်တော့ အခြား flagship တွေထက် ဈေးသက်သာနေတာဆိုတော့ ယှဉ်လို့ရတယ်နော်။
You Complete Me Bundle လေးထဲမှာဆိုရင်တော့ OnePlus 6T ၊ OnePlus Bullets Wireless headphones ၊ OnePlus 6T Bumper Case တို့ ပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၆၂၄ ကနေ ဒေါ်လာ ၇၀၈ အထိဖြစ်ပြီးတော့ ဖုန်းမော်ဒယ်လ်အလိုက် ဈေးကွာသွားမှာပါ။ ဒါပေမယ့်လည်း အရင်ကထက်တော့ ဒေါ်လာ၂၀ သက်သာနေပါသေးတယ်။
ဒုတိယ bundle လေးကိုတော့ Perfect Pair လို့ အမည်ပေးထားပါတယ်။ နာမည်လေးအတိုင်း OnePlus Bullets Wireless headphones နှစ်လုံးကို 10% လျှော့ဈေးနဲ့ ရမှာပါ။ ဒီတော့ ဒေါ်လာ၁၃၈ မဟုတ်တော့ဘဲ ဒေါ်လာ၁၂၄ ဖြစ်သွားမှာပါ။
OnePlus က ဒီနှစ်နောက်ပိုင်းမှာ hardware အသစ်ထုတ်ပြမယ်လို့ မှန်းမထားကြပါဘူး။ OnePlus 7 ကတော့ ဒီနှစ်ဝက်မှာ မြင်ရသင့်ပါတယ်။ ဒါပေမယ့်လည်း သတင်းအစအနမရသေးပါဘူး။ အရင်နှစ်တွေနဲ့မတူတာကတော့ OnePlus ဟာ ဒီနှစ်ထဲမှာ တတိယအလုံးကို ကြေညာပါလိမ့်မယ်။ OnePlus 5G ဖုန်းပါ။ ဒါပေမယ့် ဘယ်အချိန်မြင်ရမလဲဆိုတာ မသိသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.