Enterprise Trending

Apple နဲ႕ ျငိသြားတဲ့ Facebook

Zawgyi Version

Facebook အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ သူ႕ရဲ႕ Facebook Research app ကို ဆံုးရွံွဳးလုိက္ရသလို နာရီပိုင္းအနည္းငယ္အတြင္းမွာ အတြင္းပိုင္းက app ေတြအားလံုးကိုလည္း ဆံုးရွံဳးလုိက္ရတယ္။

ဘယ္လို္ေတြျဖစ္ခဲ့တာလဲဆိုေတာ့ သူတို႕လိုခ်င္တဲ့အခါ ေဒတာေတြကိုယူႏုိင္ဖို႕အတြက္ research app လို႕ေခၚတဲ့အရာေလးကို သံုးစြဲသူေတြရဲ႕ဖုန္းထဲမွာ ထည့္ထားခ်င္ခဲ့ပါတယ္။ ဒါေၾကာင့္ ထည့္ထားေပးမယ့္သံုးစြဲသူေတြကို တစ္လ ေဒၚလာ၂၀ေပးမယ္လို႕ မက္လံုးေပးခဲ့ပါတယ္။

ဘာေၾကာင့္မ်ားလဲ။ ေသခ်ာတာကေတာ့ Apple က ဒါမ်ိဳးကို App Store မွာ ခြင့္ျပဳမေပးေၾကာင္း သိေနလို႕ပါပဲ။ ဒါေၾကာင့္ Facebook ဟာ သူ႕ရဲ႕ကိုယ္ပိုင္ enterprise certificate ကို ျပဳလုပ္ခဲ့ျပီး App Store မလိုဘဲ သြင္းႏုိင္ေအာင္ စီမံထားခဲ့ပါတယ္။ enterprise certificate ဆိုတာ ဒီတစ္ခုတည္းအတြက္မဟုတ္ေၾကာင္း မသိခဲ့တဲ့ Facebook ကေတာ့ Apple ကို ရန္စခဲ့သလိုပါပဲ။ အေတာ္ေလးဆိုးရြားပါတယ္။ Apple က သိသြားတဲ့ေနာက္မွာေတာ့ Facebook enterprise certificate အေတာ္မ်ားမ်ားကို ဖယ္ရွားခဲ့ပါတယ္။ ဒီအေၾကာင္းကို အသိေတာင္မေပးခဲ့ပါဘူး။

Facebook ဌာနမွာေတာ့ ပြက္ေလာေတြရုိက္ေနျပီးေတာ့ အတြင္းပိုင္းမွာလုပ္ေဆာင္ေနတဲ့ app ေတြက အလုပ္မလုပ္ႏုိင္ေတာ့ပါဘူး။ launch လုပ္လိုက္တဲ့အခ်ိန္မွာ crash ျဖစ္သြားပါတယ္။ ဘာအက်ိဳးသက္ေရာက္မႈေတြျဖစ္သြားသလဲဆိုေတာ့ Facebook, Instagram, Messanger တို႕လို သူ႕ရဲ႕ကိုယ္ပိုင္ app ေတြကို beta test မလုပ္ႏုိင္ေတာ့ပါဘူး။ လုပ္ေဆာင္ေနဆဲ app ေတြလည္း ထည့္လို႕မရေတာ့ပါဘူး။

Facebook အတြက္ေတာ့ အေတာ္ေလးထိသြားမယ့္အကြက္ပါပဲ။ developer community အတြက္လည္း သံသယျဖစ္စရာေတြရွိေနေပမယ့္လည္း Apple ကေတာ့ ဒီကိစၥကို ေလွ်ာ့ေပးမွာမဟုတ္ပါဘူး။ ဒါမွမဟုတ္ Facebook ကို သူယံုၾကည္ႏုိင္ေလာက္တဲ့ certificate အသစ္ေတြ တင္ခိုင္းႏုိင္ပါတယ္။

ဒီေတာ့ ကၽြန္ေတာ္တို႕ေစာင့္ၾကည့္ရမွာက ဘယ္လိုေတြ ေျဖရွင္းၾကမလဲဆိုတာပါပဲ။ Facebook အတြက္ေတာ့ ဌာနထဲမွာ ပြက္ေလာေတြရုိက္ေနမွာ ျမင္ေယာင္ေနမိပါတယ္။ app အေတာ္မ်ားမ်ားက သံုးလို႕မရဘူး ျဖစ္သြားတယ္ဆိုေတာ့ မ်က္စိမ်က္ႏွာပ်က္ေနေလာက္ျပီ။

Facebook ရဲ႕ internal iOS app ေတြက သံုးမရေတာ့တာ ေသခ်ာသြားျပီလို႕ Bloomberg က လူေတြကလည္း အတည္ျပဳေပးထားပါတယ္။

Facebook ရဲ႕ အတည္ျပဳခ်က္အရ employee-only internal iOS app မ်ား (စမ္းသပ္ဆဲ app မ်ား) ဟာ offline ျဖစ္သြားျပီလို႕ ေျပာထားပါတယ္။ Apple နဲ႕ ညွိႏႈိင္းဖို႕လည္း လိုအပ္ေနျပီလို႕ေျပာထားပါတယ္။ အခုေတာ့ ညွိႏႈိင္းဖို႕ ၾကိဳးစားေနၾကပါတယ္။

Unicode Version

Facebook အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ရဲ့ Facebook Research app ကို ဆုံးရှံှုးလိုက်ရသလို နာရီပိုင်းအနည်းငယ်အတွင်းမှာ အတွင်းပိုင်းက app တွေအားလုံးကိုလည်း ဆုံးရှုံးလိုက်ရတယ်။
ဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတော့ သူတို့လိုချင်တဲ့အခါ ဒေတာတွေကိုယူနိုင်ဖို့အတွက် research app လို့ခေါ်တဲ့အရာလေးကို သုံးစွဲသူတွေရဲ့ဖုန်းထဲမှာ ထည့်ထားချင်ခဲ့ပါတယ်။ ဒါကြောင့် ထည့်ထားပေးမယ့်သုံးစွဲသူတွေကို တစ်လ ဒေါ်လာ၂၀ပေးမယ်လို့ မက်လုံးပေးခဲ့ပါတယ်။
ဘာကြောင့်များလဲ။ သေချာတာကတော့ Apple က ဒါမျိုးကို App Store မှာ ခွင့်ပြုမပေးကြောင်း သိနေလို့ပါပဲ။ ဒါကြောင့် Facebook ဟာ သူ့ရဲ့ကိုယ်ပိုင် enterprise certificate ကို ပြုလုပ်ခဲ့ပြီး App Store မလိုဘဲ သွင်းနိုင်အောင် စီမံထားခဲ့ပါတယ်။ enterprise certificate ဆိုတာ ဒီတစ်ခုတည်းအတွက်မဟုတ်ကြောင်း မသိခဲ့တဲ့ Facebook ကတော့ Apple ကို ရန်စခဲ့သလိုပါပဲ။ အတော်လေးဆိုးရွားပါတယ်။ Apple က သိသွားတဲ့နောက်မှာတော့ Facebook enterprise certificate အတော်များများကို ဖယ်ရှားခဲ့ပါတယ်။ ဒီအကြောင်းကို အသိတောင်မပေးခဲ့ပါဘူး။
Facebook ဌာနမှာတော့ ပွက်လောတွေရိုက်နေပြီးတော့ အတွင်းပိုင်းမှာလုပ်ဆောင်နေတဲ့ app တွေက အလုပ်မလုပ်နိုင်တော့ပါဘူး။ launch လုပ်လိုက်တဲ့အချိန်မှာ crash ဖြစ်သွားပါတယ်။ ဘာအကျိုးသက်ရောက်မှုတွေဖြစ်သွားသလဲဆိုတော့ Facebook, Instagram, Messanger တို့လို သူ့ရဲ့ကိုယ်ပိုင် app တွေကို beta test မလုပ်နိုင်တော့ပါဘူး။ လုပ်ဆောင်နေဆဲ app တွေလည်း ထည့်လို့မရတော့ပါဘူး။
Facebook အတွက်တော့ အတော်လေးထိသွားမယ့်အကွက်ပါပဲ။ developer community အတွက်လည်း သံသယဖြစ်စရာတွေရှိနေပေမယ့်လည်း Apple ကတော့ ဒီကိစ္စကို လျှော့ပေးမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် Facebook ကို သူယုံကြည်နိုင်လောက်တဲ့ certificate အသစ်တွေ တင်ခိုင်းနိုင်ပါတယ်။
ဒီတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာက ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာပါပဲ။ Facebook အတွက်တော့ ဌာနထဲမှာ ပွက်လောတွေရိုက်နေမှာ မြင်ယောင်နေမိပါတယ်။ app အတော်များများက သုံးလို့မရဘူး ဖြစ်သွားတယ်ဆိုတော့ မျက်စိမျက်နှာပျက်နေလောက်ပြီ။
Facebook ရဲ့ internal iOS app တွေက သုံးမရတော့တာ သေချာသွားပြီလို့ Bloomberg က လူတွေကလည်း အတည်ပြုပေးထားပါတယ်။
Facebook ရဲ့ အတည်ပြုချက်အရ employee-only internal iOS app များ (စမ်းသပ်ဆဲ app များ) ဟာ offline ဖြစ်သွားပြီလို့ ပြောထားပါတယ်။ Apple နဲ့ ညှိနှိုင်းဖို့လည်း လိုအပ်နေပြီလို့ပြောထားပါတယ်။ အခုတော့ ညှိနှိုင်းဖို့ ကြိုးစားနေကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.