Smartphone Trending

၂၄ ရက္ေန႔မွာ ေၾကညာမယ့္ Huawei ရဲ႕ 5G Foldable Phone

Huawei က MWC 2019 မွာ သူ႔ရဲ႕ 5G Foldable Phone ကို ေၾကညာမယ့္ ေန႔ကို အရိပ္အျမြက္ ေျပာၾကားလိုက္ပါတယ္။ တြစ္တာမွ ပို႔စ္ရဲ႕ ဓါတ္ပံုမွာ အဲဒီ စမတ္ဖုန္းကို အနီးကပ္ ရိုက္ျပထားပါတယ္။ “Connecting the Future “ စာသားကုိ အသံုးျပဳထားပါတယ္။

ဟြာေ၀းက ဆမ္ေဆာင္းထက္ေစာစြာ ေခါက္ခ်ိဳးဖုန္းကို ျပသမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ မျဖစ္လာေတာ့ပါဘူး။ ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳးဖုန္းနဲ႔ Galaxy S10 Series မ်ားကို ေၾကညာမွာ ျဖစ္ပါတယ္။

Come with us to explore #ConnectingTheFuture LIVE from #MWC @GSMA. Are you ready to reveal the unprecedented? #HuaweiMWC #MWC2019 pic.twitter.com/ErPD7eKMh1— Huawei Mobile (@HuaweiMobile) February 1, 2019

ဟြာေ၀းရဲ႕ ေခါက္ခ်ိဳးု ဖုန္းမွာ 5G ဆက္သြယ္မႈ ပါလာႏိုင္ပါတယ္။ လက္ရွိမွာ 5G ကြန္ယက္မ်ားကို ေနရာတိုင္းမွာ မသံုးႏိုင္ေသးေပမယ့္ အန္းဒရြိဳက္ ကုမၸဏီမ်ားကေတာ့ စားသံုးသူမ်ားကို စြဲေဆာင္ဖို႔ 5G Phone မ်ားကို မိတ္ဆက္ေနၾကပါတယ္။

ဟြာေ၀းက ေခါက္ခ်ိဳး ဖုန္း အျပင္ P30 Series မ်ားကိုလည္း ျပသႏိုင္ပါတယ္။ ယခင္ႏွစ္က P20 Series မ်ားမွာ ကင္မရာသံုးလံုးကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ႏွစ္ကုန္ပိုင္းမွာလည္း Mate 20 Pro မွာ ဒီအတြဲအစပ္မ်ားကို အဆင့္ျမွင့္ ထည့္သြင္းေပးခဲ့ပါတယ္။ P30 မွာေတာ့ ကင္မရာ သံုးလံုး စနစ္ကို အဆင့္ျမွင့္ထားႏိုင္ၿပီး စြမ္းရည္ျမင့္မားတဲ့ 7nm Kirin 980 Chipset ေမာင္းႏွင္ထားမွာပါ။

ဟြာေ၀းက ဒီလ ၂၄ ရက္ေန႔မွာ MWC 2019 Event ကို ျပဳလုပ္မွာပါ။ ဟြာေ၀းနဲ႔ ဆမ္ေဆာင္းတို႔ဟာ ေခါက္ခ်ိဳးု ဖုန္းနဲ႔ 5G Phone မ်ားကို အၿပိဳင္ထုတ္လုပ္ဖို႔ ႀကိဳးစားေနပါတယ္။ Apple ရဲ႕ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာလည္း အေနာက္ကင္မရာ သံုးလံုး ပါလာႏိုင္ပါတယ္။ Apple က လာမယ့္နွစ္ အနည္းငယ္အတြင္းမွာ ေခါက္ခ်ိဳး ဖုန္းမ်ားကို ျပသမွာ မဟုတ္ပါဘူး။ ၂၀၂၀ မတိုင္ခင္မွာ 5G Phone ကို ေရာင္းခ်မွာ မဟုတ္ပါဘူး။

unicode

၂၄ ရက်နေ့မှာ ကြေညာမယ့် Huawei ရဲ့ 5G Foldable Phone

Huawei က MWC 2019 မှာ သူ့ရဲ့ 5G Foldable Phone ကို ကြေညာမယ့် နေ့ကို အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ တွစ်တာမှ ပို့စ်ရဲ့ ဓါတ်ပုံမှာ အဲဒီ စမတ်ဖုန်းကို အနီးကပ် ရိုက်ပြထားပါတယ်။ “Connecting the Future “ စာသားကို အသုံးပြုထားပါတယ်။

ဟွာဝေးက ဆမ်ဆောင်းထက်စောစွာ ခေါက်ချိုးဖုန်းကို ပြသမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာတော့ပါဘူး။ ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုးဖုန်းနဲ့ Galaxy S10 Series များကို ကြေညာမှာ ဖြစ်ပါတယ်။

ဟွာဝေးရဲ့ ခေါက်ချိုးု ဖုန်းမှာ 5G ဆက်သွယ်မှု ပါလာနိုင်ပါတယ်။ လက်ရှိမှာ 5G ကွန်ယက်များကို နေရာတိုင်းမှာ မသုံးနိုင်သေးပေမယ့် အန်းဒရွိုက် ကုမ္ပဏီများကတော့ စားသုံးသူများကို စွဲဆောင်ဖို့ 5G Phone များကို မိတ်ဆက်နေကြပါတယ်။

ဟွာဝေးက ခေါက်ချိုး ဖုန်း အပြင် P30 Series များကိုလည်း ပြသနိုင်ပါတယ်။ ယခင်နှစ်က P20 Series များမှာ ကင်မရာသုံးလုံးကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာလည်း Mate 20 Pro မှာ ဒီအတွဲအစပ်များကို အဆင့်မြှင့် ထည့်သွင်းပေးခဲ့ပါတယ်။ P30 မှာတော့ ကင်မရာ သုံးလုံး စနစ်ကို အဆင့်မြှင့်ထားနိုင်ပြီး စွမ်းရည်မြင့်မားတဲ့ 7nm Kirin 980 Chipset မောင်းနှင်ထားမှာပါ။

ဟွာဝေးက ဒီလ ၂၄ ရက်နေ့မှာ MWC 2019 Event ကို ပြုလုပ်မှာပါ။ ဟွာဝေးနဲ့ ဆမ်ဆောင်းတို့ဟာ ခေါက်ချိုးု ဖုန်းနဲ့ 5G Phone များကို အပြိုင်ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ Apple ရဲ့ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာလည်း အနောက်ကင်မရာ သုံးလုံး ပါလာနိုင်ပါတယ်။ Apple က လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ခေါက်ချိုး ဖုန်းများကို ပြသမှာ မဟုတ်ပါဘူး။ ၂၀၂၀ မတိုင်ခင်မှာ 5G Phone ကို ရောင်းချမှာ မဟုတ်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.