ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳးစမတ္ဖုန္းကို ဗြီဒီယိုတစ္ခုတြင္ ေတြ႕ျမင္ရ

0
657

Zawgyi Version

ေနာက္လေတြကေတာ့ စိတ္၀င္စားစရာေကာင္းပါတယ္။ Samsung နဲ႕ Huawei တို႕ဆီကေန အျပိဳင္အဆုိင္ထြက္ေပၚလာေတာ့မွာပါ။ Huawei က Samsung ကို အျပတ္အသတ္တိုက္ဖို႕ ေမွ်ာ္မွန္းထားပါတယ္။ ဆမ္ေဆာင္းကလည္း Huawei လုပ္ေဆာင္ေနတာေတြကို ၾကားထားေတာ့ နည္းနည္းစိတ္ပူေနပါတယ္။ ဒါေတာင္ ယူအက္စ္ေစ်းကြက္မပါေသးပါဘူး။ ေခါက္ခ်ိဳးစမတ္ဖုန္းေတြကေတာ့ ၂၀၁၉ခုႏွစ္မွာ ျဖည္းျဖည္းခ်င္း ၀င္လာမွာဆိုေတာ့ စိတ္၀င္စားစရာျဖစ္သလို 5G ကလည္း ေစာင့္ေမွ်ာ္ေနပါျပီ။

ဒီတစ္ပတ္အေစာပိုင္းတုန္းက Huawei ရဲ႕ ေခါက္ခ်ိဳးဖုန္းေလးဟာ 5G စနစ္ပါ၀င္တယ္လို႕ ေၾကညာထားပါတယ္။ အရမ္းမိုက္ပါတယ္။ အခုမွ OEM အေတာ္မ်ားမ်ားက ေခါက္ခ်ိဳးဖုန္းေတြနဲ႕ 5G ကို သက္သက္စီလုပ္ဖို႕ စဥ္းစားေနတုန္းမွာ သူက တြဲျပလိုက္တာ အံ့ၾသမိပါတယ္

အခု ဆမ္ေဆာင္းရဲ႕ ဖြင့္လွစ္ျပသမႈကို ၾကည့္ရမယ့္အလွည့္ပါပဲ။

Samsung က “Do What You Can’t” လို႕ ေျပာထားးပါတယ္။ ကၽြန္ေတာ္တို႕မလုပ္ႏုိင္တဲ့အရာေတြအမ်ားၾကီးရွိတာဆိုေတာ့ ဆမ္ေဆာင္းဖုန္းေလးက လုပ္ႏုိင္ေအာင္ အေထာက္အကူျပဳမယ္လုိ႕ ထင္ရတာပဲ။

ဗြီဒီယိုထဲမွာေတာ့ ေခါက္ခ်ိဳးဖုန္းေလးကို ျပသထားပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႕ထင္သလိုေတာ့ မဟုတ္ေသးပါဘူး။

အလယ္မွာ စာအုပ္ပံုစံ ပတၱာေလးရွိေနျပီးေတာ့ home screen က အေရွ႕ဘက္မွာျဖစ္ပါတယ္။ အတြင္းပိုင္းကေတာ့ ပိုမိုက်ယ္ျပန္႕တဲ့ display ျဖစ္ပါတယ္။

ဒီဗြီဒီယိုေလးကို Samsung Vietnam က တင္ခဲ့တာျဖစ္ပါတယ္။ ဒါက ေဖေဖာ္၀ါရီ ၂၀ရက္ေန႕မွာ ျပသမယ့္ ေခါက္ခ်ိဳးဖုန္းျဖစ္ႏုိင္ပါတယ္။

Display ကေတာ့ သိထားတယ္ဆိုေပမယ့္လည္း အတည္မျပဳရေသးပါဘူး။

Cover Display: 840 × 1960 resolution, 420dpi screen density, 320dp (smallest screen width), normal screen size

Main Display: 1536 × 2152 resolution, 420dpi screen density, 585dp (smallest screen width), large screen size

ဒါဟာ ကၽြန္ေတာ္တို႕ေစာင့္ေမွ်ာ္ေနတဲ့ ဆမ္ေဆာင္းေခါက္ခ်ိဳးဖုန္းျဖစ္လာႏုိင္မလား။ ဒီလထဲမွာ ေတြ႕ျမင္ရမွာဆိုေတာ့ ေစာင့္ၾကည့္ၾကပါဦးစုိ႕။

Unicode Version

နောက်လတွေကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ Samsung နဲ့ Huawei တို့ဆီကနေ အပြိုင်အဆိုင်ထွက်ပေါ်လာတော့မှာပါ။ Huawei က Samsung ကို အပြတ်အသတ်တိုက်ဖို့ မျှော်မှန်းထားပါတယ်။ ဆမ်ဆောင်းကလည်း Huawei လုပ်ဆောင်နေတာတွေကို ကြားထားတော့ နည်းနည်းစိတ်ပူနေပါတယ်။ ဒါတောင် ယူအက်စ်ဈေးကွက်မပါသေးပါဘူး။ ခေါက်ချိုးစမတ်ဖုန်းတွေကတော့ ၂၀၁၉ခုနှစ်မှာ ဖြည်းဖြည်းချင်း ဝင်လာမှာဆိုတော့ စိတ်ဝင်စားစရာဖြစ်သလို 5G ကလည်း စောင့်မျှော်နေပါပြီ။
ဒီတစ်ပတ်အစောပိုင်းတုန်းက Huawei ရဲ့ ခေါက်ချိုးဖုန်းလေးဟာ 5G စနစ်ပါဝင်တယ်လို့ ကြေညာထားပါတယ်။ အရမ်းမိုက်ပါတယ်။ အခုမှ OEM အတော်များများက ခေါက်ချိုးဖုန်းတွေနဲ့ 5G ကို သက်သက်စီလုပ်ဖို့ စဉ်းစားနေတုန်းမှာ သူက တွဲပြလိုက်တာ အံ့သြမိပါတယ်
အခု ဆမ်ဆောင်းရဲ့ ဖွင့်လှစ်ပြသမှုကို ကြည့်ရမယ့်အလှည့်ပါပဲ။


Samsung က “Do What You Can’t” လို့ ပြောထားးပါတယ်။ ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေအများကြီးရှိတာဆိုတော့ ဆမ်ဆောင်းဖုန်းလေးက လုပ်နိုင်အောင် အထောက်အကူပြုမယ်လို့ ထင်ရတာပဲ။
ဗွီဒီယိုထဲမှာတော့ ခေါက်ချိုးဖုန်းလေးကို ပြသထားပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ထင်သလိုတော့ မဟုတ်သေးပါဘူး။
အလယ်မှာ စာအုပ်ပုံစံ ပတ္တာလေးရှိနေပြီးတော့ home screen က အရှေ့ဘက်မှာဖြစ်ပါတယ်။ အတွင်းပိုင်းကတော့ ပိုမိုကျယ်ပြန့်တဲ့ display ဖြစ်ပါတယ်။
ဒီဗွီဒီယိုလေးကို Samsung Vietnam က တင်ခဲ့တာဖြစ်ပါတယ်။ ဒါက ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ ပြသမယ့် ခေါက်ချိုးဖုန်းဖြစ်နိုင်ပါတယ်။
Display ကတော့ သိထားတယ်ဆိုပေမယ့်လည်း အတည်မပြုရသေးပါဘူး။
Cover Display: 840 × 1960 resolution, 420dpi screen density, 320dp (smallest screen width), normal screen size
Main Display: 1536 × 2152 resolution, 420dpi screen density, 585dp (smallest screen width), large screen size


ဒါဟာ ကျွန်တော်တို့စောင့်မျှော်နေတဲ့ ဆမ်ဆောင်းခေါက်ချိုးဖုန်းဖြစ်လာနိုင်မလား။ ဒီလထဲမှာ တွေ့မြင်ရမှာဆိုတော့ စောင့်ကြည့်ကြပါဦးစို့။

Leave a Reply