Enterprise Trending





unicode

အမေရိကန် လေကြောင်းလိုင်းများမှာ ဝိုင်ဖိုင်ကနေ Apple Music မှ သီချင်းများကို အခမဲ့ နားဆင်နိုင်မည်

Apple က အမေရိကန် လေကြောင်းလိုင်းများမှာ ဝိုင်ဖိုင်ကနေ Apple Music မှ သီချင်းများကို အခမဲ့ နားဆင်နိုင်ဖို့ ပြုလုပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ Apple Music Customers များဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး Viasat Satellite WiFi တပ်ဆင်ထားတဲ့ ပြည်တွင်း လေကြောင်းလိုင်းများမှာ သီချင်းများကို အခမဲ့ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Apple Music နဲ့ လေကြောင်းလိုင်းများ ပူးပေါင်း ပြုလုပ်တာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ PCs , iPhones, iPads , Android , Macs Device များ အားလုံးမှာ Apple Music ကို အခမဲ့ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ Apple Music Customers များအတွက်တော့ ဒါဟာ သတင်းကောင်းဖြစ်ပေမယ့် အင်တာနက်မှာ မျှတစွာ ယှဉ်ပြိုင်ရမယ့် မူဝါဒ အရတော့ မကောင်းဘူးလို့ ပြောနိုင်ပါတယ်။

Apple Music လို App များမှာ အခမဲ့ ဒေတာများ ပံ့ပိုးပေးခြင်းဟာ လူပြောစရာ ဖြစ်လာနိုင်ပါတယ်။ ကယ်လီဖိုးနီးယားမှာ အရင်က ဒီလို ပြုလုပ်ပေးခြင်းအား တားမြစ်ထားပါတယ်။ ဒါဟာ Carriers များက စပွန်ဆာ ဒေတာများကို Third-party Provider များကို ပေးခြင်းနဲ့ တူပါတယ်။ လေယာဉ်ပေါ်မှာ ဝိုင်ဖိုင် ပံ့ပိုးပေးခြင်းဟာ နောက်ဆုံးပေါ် နည်းပညာ ဖြစ်ပါတယ်။ Apple က Spotify နဲ့ Tidal တို့ကို အသာရချင်လို့ ဒီလို ပြုလုပ်ပေးတာဖြစ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.