iPhone ေတြကို ေစ်းေလွ်ာ့ေရာင္းခ်မယ့္ Apple

0
2110

Apple ရဲ႕ အိုင္ဖုန္း ေရာင္းအားကေန ၀င္ေငြဟာ ယခင္ႏွစ္ကထက္ ၁၅ ရာခုိင္ႏႈန္း နည္းပါးသြားပါတယ္။ အခုေတာ့ စီအီးအို တင္ကြတ္က ကုမၸဏီဟာ ေစ်းႏႈန္းကို ျပန္လည္ စဥ္းစားသံုးသပ္ေတာ့မယ္လို႔ ေျပာပါတယ္။ Reuters နဲ႔ အင္တာဗ်ဴး တစ္ခုမွာ တင္ကြတ္က ေဒၚလာေစ်းမာေနတဲ့ အတြက္ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ အိုင္ဖုန္းဟာ ေစ်းအလြန္ ႀကီးေနတယ္လို႔ ေျပာပါတယ္။

Apple ဟာ ေနာက္ဆံုး ကြာတားမွာ အိုင္ဖုန္း ကေန ၀င္ေငြ ေဒၚလာ ၅၁.၉ ဘီလီယမ္ ရရွိခဲ့ၿပီး ယခင္ႏွစ္ကထက္ ၁၅ ရာခုိင္ႏႈန္း ေရာင္းအား က်ဆင္းခဲ့တယ္လို႔ ၿပီးခဲ့တဲ့ အဂၤါေန႔မွာ ထုတ္ျပန္ေၾကညာပါတယ္။ ကုမၸဏီရဲ႕ ၀င္ေငြ ထုတ္ျပန္ေၾကညာပြဲမွာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ အဲဒီပြဲမွာပဲ တင္ကြတ္က ေဒၚလာေစ်း မာေနတဲ့ အတြက္ ကမာၻအ၀န္းမွာ သူ႔ရဲ႕ ထုတ္ကုန္မ်ားဟာ ပိုေစ်းႀကီးေနတယ္လို႔ ေျပာပါတယ္။

သူက တူရကီကို ဥပမာအေနနဲ႔ ေျပာပါတယ္။ ၂၀၁၈ ခုႏွစ္မွာ တူရကီရဲ႕ ေငြေစ်းဟာ ၃၃ ရာခုိင္ႏႈန္း နည္းပါးသြားတယ္လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ကြာတားဟာ ယခင္ႏွစ္ ကနဲ႔ ယွဥ္ရင္ ၀င္ေငြ သန္း ၇၀၀ နီးပါး နည္းပါးခဲ့ပါတယ္။

Apple က ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္မွာ အဆံုးသတ္တဲ့ ကြာတားမွာ စုစုေပါင္း ၀င္ေငြ ေဒၚလာ ၈၄.၃ ဘီလီယမ္ ရရွိခဲ့ၿပီး ယခင္ႏွစ္က အဲဒီ ကြာတားထက္ ၅ ရာခုိင္ႏႈန္း က်ဆင္းခဲ့တယ္လုိ႔ ေၾကညာပါတယ္။ တင္ကြတ္က အိုင္ဖုန္း ေမာ္ဒယ္အသစ္မ်ားရဲ႕ ေစ်းဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွာ အလြန္ ျမင့္မားေနတယ္လို႔ ေျပာပါတယ္။

unicode

iPhone တွေကို ဈေးလျှော့ရောင်းချမယ့် Apple

Apple ရဲ့ အိုင်ဖုန်း ရောင်းအားကနေ ဝင်ငွေဟာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ အခုတော့ စီအီးအို တင်ကွတ်က ကုမ္ပဏီဟာ ဈေးနှုန်းကို ပြန်လည် စဉ်းစားသုံးသပ်တော့မယ်လို့ ပြောပါတယ်။ Reuters နဲ့ အင်တာဗျူး တစ်ခုမှာ တင်ကွတ်က ဒေါ်လာဈေးမာနေတဲ့ အတွက် အချို့ နိုင်ငံများမှာ အိုင်ဖုန်းဟာ ဈေးအလွန် ကြီးနေတယ်လို့ ပြောပါတယ်။

Apple ဟာ နောက်ဆုံး ကွာတားမှာ အိုင်ဖုန်း ကနေ ဝင်ငွေ ဒေါ်လာ ၅၁.၉ ဘီလီယမ် ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း ရောင်းအား ကျဆင်းခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေ ထုတ်ပြန်ကြေညာပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာပဲ တင်ကွတ်က ဒေါ်လာဈေး မာနေတဲ့ အတွက် ကမ္ဘာအဝန်းမှာ သူ့ရဲ့ ထုတ်ကုန်များဟာ ပိုဈေးကြီးနေတယ်လို့ ပြောပါတယ်။

သူက တူရကီကို ဥပမာအနေနဲ့ ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ တူရကီရဲ့ ငွေဈေးဟာ ၃၃ ရာခိုင်နှုန်း နည်းပါးသွားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ကွာတားဟာ ယခင်နှစ် ကနဲ့ ယှဉ်ရင် ဝင်ငွေ သန်း ၇၀၀ နီးပါး နည်းပါးခဲ့ပါတယ်။

Apple က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်မှာ အဆုံးသတ်တဲ့ ကွာတားမှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၈၄.၃ ဘီလီယမ် ရရှိခဲ့ပြီး ယခင်နှစ်က အဲဒီ ကွာတားထက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကြေညာပါတယ်။ တင်ကွတ်က အိုင်ဖုန်း မော်ဒယ်အသစ်များရဲ့ ဈေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အလွန် မြင့်မားနေတယ်လို့ ပြောပါတယ်။

Leave a Reply