Huawei ရဲ႕ အေနာက္ကေန မားမားမတ္မတ္ ရပ္တည္ေနတဲ့ တရုတ္

0
882

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ ဟြာေ၀းဟာ တရုတ္ရဲ႕ အထင္ကရ ဆက္သြယ္ေရး ကုမၸဏီတစ္ခုကေန ကမာၻ႕ အင္အားႀကီး ကုမၸဏီ ျဖစ္လာပါတယ္။ ဟြာေ၀းဟာ လက္ရွိမွာ ကမာၻ႕ ဒုတိယ အႀကီးဆံုး စမတ္ဖုန္း ထုတ္လုပ္သူ ျဖစ္လာပါတယ္။ ဒီႏွစ္ကုန္မွာ နံပါတ္တစ္ေနရာကို သိမ္းပိုက္ဖုိ႔ ရည္ရြယ္ထားပါတယ္။ ဟြာေ၀းရဲ႕ စီးပြားေရးဟာ တရုတ္ရဲ႕ စီးပြားေရးနဲ႔ အလြန္ ဆက္စပ္ေနပါတယ္။ ဟြာေ၀း ရုန္းကန္ရရင္ တရုတ္လည္း ရုန္းကန္ရမွာပါ။

Internet Society of China ရဲ႕ ေဒတာမ်ားအရ တရုတ္မွာ အင္တာနက္ ဆက္သြယ္မႈကို မွီခိုေနရတဲ့ ၀န္ေဆာင္မႈနဲ႔ ထုတ္ကုန္မ်ားဟာ ၂၀၁၈ ခုႏွစ္မွာ ယြမ္ ၅ ထရီလီယမ္ (ေဒၚလာ ၇၄၁ ဘီလီယမ္) ရွိပါတယ္။ ဒါဟာ တရုတ္ GDP ရဲ႕ ၆ ရာခုိိင္ႏႈန္း ရွိပါတယ္။ အဲဒီ ၆ ရာခုိင္ႏႈန္းမွာ ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားက အဓိက ေနရာက ပါ၀င္ေနႏိုင္ပါတယ္။

အဲဒီအတြက္ တရုတ္က ဟြာေ၀း ေအာင္ျမင္မႈကို အလြန္မွီခိုေနရပါတယ္။ ၿပီးခဲ့တဲ့ ရက္က အေမရိကန္က ဟြာေ၀းအား စြဲခ်က္တင္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ အခုေတာ့ တရုတ္က ဒါကို တုန္႔ျပန္လိုက္ပါတယ္။ အာဏာပိုင္မ်ားက တရုတ္မွာ ဟြာေ၀း အက်ိဳးုအျမတ္မ်ား တိုးပြားေစဖို႔ စီမံကိန္းမ်ား ျပဳလုပ္လိုက္ပါတယ္။ အဲဒါေတြထဲမွာ ေအာက္ပါ အခ်က္မ်ား ပါ၀င္ပါတယ္။

• ႏိုင္ငံအ၀န္းမွာ 5G ကြန္ယက္ကို လွ်င္ျမန္စြာ တည္ေဆာက္ျခင္း။
• 4K Television Channels မ်ားကို လွ်င္ျမန္စြာ ဖန္တီးျခင္း။
• High-definition TV Sets မ်ားနဲ႔ VR/AR ထုတ္ကုန္မ်ားကို ေရာင္းအား ျမွင့္တင္ျခင္း။
• သတင္းအခ်က္အလက္မ်ား စားသံုးျခင္းကို တိုးျမွင့္ဖုိ႔ ႏိုင္ငံသားမ်ားအား တြန္းအားေပးျခင္း။

တစ္နည္းအားျဖင့္ တရုတ္က ဟြာေ၀းဟာ ကမာၻအ၀န္းမွာ ေစ်းကြက္ခ်ဲ႕ထြင္ရာမွာ ရုန္းကန္ရမယ္ဆိုတာ ႀကိဳသိေနတဲ့ အတြက္ ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ား ေရာင္းအားေကာင္းေစဖို႔ တြန္းအားေပးလိုက္တာျဖစ္ပါတယ္။

တရုတ္က ႏိုင္ငံျခား တိုင္းျပည္မ်ားကို ေထာက္လွမ္းဖို႔ အတြက္ သူ႔ရဲ႕ ထုတ္ကုန္မ်ားမွာ Back Door မ်ား ထည့္သြင္းထားတယ္လို႔ ယူဆတဲ့ အတြက္ ဟြာေ၀းအား ႏိုင္ငံျခား တုိင္းျပည္မ်ားက စိုးရိမ္ေနၾကတာပါ။

unicode
Huawei ရဲ့ အနောက်ကနေ မားမားမတ်မတ် ရပ်တည်နေတဲ့ တရုတ်

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဟွာဝေးဟာ တရုတ်ရဲ့ အထင်ကရ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုကနေ ကမ္ဘာ့ အင်အားကြီး ကုမ္ပဏီ ဖြစ်လာပါတယ်။ ဟွာဝေးဟာ လက်ရှိမှာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာပါတယ်။ ဒီနှစ်ကုန်မှာ နံပါတ်တစ်နေရာကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားပါတယ်။ ဟွာဝေးရဲ့ စီးပွားရေးဟာ တရုတ်ရဲ့ စီးပွားရေးနဲ့ အလွန် ဆက်စပ်နေပါတယ်။ ဟွာဝေး ရုန်းကန်ရရင် တရုတ်လည်း ရုန်းကန်ရမှာပါ။

Internet Society of China ရဲ့ ဒေတာများအရ တရုတ်မှာ အင်တာနက် ဆက်သွယ်မှုကို မှီခိုနေရတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်များဟာ ၂၀၁၈ ခုနှစ်မှာ ယွမ် ၅ ထရီလီယမ် (ဒေါ်လာ ၇၄၁ ဘီလီယမ်) ရှိပါတယ်။ ဒါဟာ တရုတ် GDP ရဲ့ ၆ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီ ၆ ရာခိုင်နှုန်းမှာ ဟွာဝေးရဲ့ ထုတ်ကုန်များက အဓိက နေရာက ပါဝင်နေနိုင်ပါတယ်။

အဲဒီအတွက် တရုတ်က ဟွာဝေး အောင်မြင်မှုကို အလွန်မှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ ရက်က အမေရိကန်က ဟွာဝေးအား စွဲချက်တင်မှုများ ပြုလုပ်ခဲ့ပါတယ်။ အခုတော့ တရုတ်က ဒါကို တုန့်ပြန်လိုက်ပါတယ်။ အာဏာပိုင်များက တရုတ်မှာ ဟွာဝေး အကျိုးုအမြတ်များ တိုးပွားစေဖို့ စီမံကိန်းများ ပြုလုပ်လိုက်ပါတယ်။ အဲဒါတွေထဲမှာ အောက်ပါ အချက်များ ပါဝင်ပါတယ်။

• နိုင်ငံအဝန်းမှာ 5G ကွန်ယက်ကို လျှင်မြန်စွာ တည်ဆောက်ခြင်း။
• 4K Television Channels များကို လျှင်မြန်စွာ ဖန်တီးခြင်း။
• High-definition TV Sets များနဲ့ VR/AR ထုတ်ကုန်များကို ရောင်းအား မြှင့်တင်ခြင်း။
• သတင်းအချက်အလက်များ စားသုံးခြင်းကို တိုးမြှင့်ဖို့ နိုင်ငံသားများအား တွန်းအားပေးခြင်း။

တစ်နည်းအားဖြင့် တရုတ်က ဟွာဝေးဟာ ကမ္ဘာအဝန်းမှာ ဈေးကွက်ချဲ့ထွင်ရာမှာ ရုန်းကန်ရမယ်ဆိုတာ ကြိုသိနေတဲ့ အတွက် ဟွာဝေးရဲ့ ထုတ်ကုန်များ ရောင်းအားကောင်းစေဖို့ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။

တရုတ်က နိုင်ငံခြား တိုင်းပြည်များကို ထောက်လှမ်းဖို့ အတွက် သူ့ရဲ့ ထုတ်ကုန်များမှာ Back Door များ ထည့်သွင်းထားတယ်လို့ ယူဆတဲ့ အတွက် ဟွာဝေးအား နိုင်ငံခြား တိုင်းပြည်များက စိုးရိမ်နေကြတာပါ။

Leave a Reply