Smartphone Trending





Ref : gsmarena

unicode

မြန်မာငွေ တစ်သိန်းစွန်းစွန်းသာ ကျသင့်မယ့် Redmi Go

Xiaomi ရဲ့ ပထမဆုံး Android Go Smartphone ကို ကြေညာလိုက်ပါတယ်။ Redmi Go လို့ အမည်ပေးထားပြီး Android 8.1 Oreo ( Go Edition ) ထည့်သွင်းထားပါတယ်။ ဟာ့ဒ်ဝဲများက စွမ်းရည်နိမ့်ပေမယ့် Go Edition ဖြစ်တဲ့ အတွက် လျှင်မြန်သွက်လက်စွာ အလုပ်လုပ်ပါတယ်။ အနက်နဲ့ အပြာရောင်များ ထုတ်လုပ်ထားပါတယ်။ လာမယ့်လမှာ ရောင်းချမှာပါ။

သူ့မှာ ၅ လက်မ 1280x720p LCD Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 16:9 ဖြစ်ပါတယ်။ 8MP Main Camera နဲ့ LED Flash ပူးတွဲထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ Quad-core Snapdragon 425 Chipset မောင်းနှင်ထားပါတယ်။ 1GB RAM , 8GB or 16GB Storage များ ထည့်ထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Hybrid SIM Slot ဖြစ်ပါတယ်။

သူ့မှာ 3000mAh Battery ထည့်သွင်းထားပြီး မျက်နှာပြင် အရွယ်အစား သေးငယ်တဲ့ အတွက် သက်တမ်း ကောင်းပါတယ်။ ဥရောပမှာ ယူရို ၈၀ သတ်မှတ်ထားတဲ့ အတွက် မြန်မာငွေ ၁ သိန်း စွန်းစွန်းသာ ကျသင့်ပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.