မိနစ္ပိုင္းအတြင္း ေရာင္းကုန္သြားတဲ့ Redmi Note 7

0
1431

Redmi Note 7 ကိုယခုလ အေစာပိုင္းမွာ တရုတ္တြင္ ေၾကညာခဲ့ပါတယ္။ ပထမဆံုး Flash Sale ကို ၿပီးခဲ့တဲ့ ႏွစ္ပတ္က ျပဳလုပ္ေပးခဲ့ပါတယ္။ အခုေတာ့ ဒုတိယ Flash Sale ကို ျပဳလုပ္ေပးလိုက္ပါတယ္။ Flash Sale တိုင္းမွာ အလံုးေရ တစ္သိန္း ေရာင္းခ်ေပးခဲ့ၿပီး မိနစ္ပိုင္းအတြင္းမွာ ပစၥည္းျပတ္သြားပါတယ္။ ဒုတိယ အႀကိမ္မွာေတာ့ ၁၀ မိနစ္နဲ႔ ၅၆ စကၠန္႔အတြင္းမွာ ေရာင္းကုန္သြားပါတယ္။

သူ႔ရဲ႕ ဒီဇိုင္းဟာ မၾကာခင္က ေၾကညာခဲ့တဲ့ Mi Play နဲ႔ အရမ္းကို တူပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးပါၿပီး တစ္လံုးမွာ 48MP နဲ႔ ေနာက္တစ္လံုးမွာ  Depth Sensing အတြက္ 5MP မ်ား ျဖစ္ပါတယ္။ ကုမၸဏီက အလင္းေရာင္ေကာင္းတဲ့ အခ်ိန္မွာ 0.8 micron pixel size ျဖင့္ 48MP Photo နဲ႔ အလင္းေရာင္နည္းပါးခ်ိန္မွာ ပိုႀကီးတဲ့ 1.6 micron pixel size ျဖင့္ 12MP Photo မ်ားကို ရိုက္ကူးႏုိင္မယ္လို႔ ေျပာပါတယ္။  လက္ေဗြရာ ကိရိယာကိုလည္း အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။

Redmi Note 7 မွာ ၆.၃ လက္မ 19.5:9 FullHD Screen , Snapdragon 660 Processor , 13MP Selfie Camera , 4000mAh Battery မ်ား ထည့္သြင္းထားပါတယ္။ USB-C Port နဲ႔ Headphone Jack မ်ားလည္း ပါပါတယ္။ Xiaomi က Redmi ကို သီးျခား ဘရန္း အျဖစ္ ထုတ္လုပ္မယ္လို႔   ေၾကညာခဲ့ပါတယ္။ Note 7 ရဲ႕ အေနာက္မွာ “ Redmi by Xiaomi “ လို႔ ေရးသားထားတဲ့ လိုဂို အသစ္တစ္ခု ပါလာပါတယ္။

3GB/32GB Model ကို ယြမ္ ၉၉၉ ( ၁၅၀ ေဒၚလာ ၀န္းက်င္) နဲ႔ 6GB/64GB Model ကို ယြမ္ ၁၃၉၉ ( ၂၀၀ ေဒၚလာ ၀န္းက်င္) သတ္မွတ္ထားပါတယ္။ လက္ရွိမွာ တရုတ္မွာသာ ေရာင္းခ်ထားပါတယ္။ Note 7 လိုပဲ 48MP Camera ပါတဲ့ အျခား ဖုန္း ႏွစ္လံုးက Honor View 20 နဲ႔ Huawei Nova 4 တို႔ ျဖစ္ပါတယ္။

unicode

မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ Redmi Note 7

Redmi Note 7 ကိုယခုလ အစောပိုင်းမှာ တရုတ်တွင် ကြေညာခဲ့ပါတယ်။ ပထမဆုံး Flash Sale ကို ပြီးခဲ့တဲ့ နှစ်ပတ်က ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ ဒုတိယ Flash Sale ကို ပြုလုပ်ပေးလိုက်ပါတယ်။ Flash Sale တိုင်းမှာ အလုံးရေ တစ်သိန်း ရောင်းချပေးခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားပါတယ်။ ဒုတိယ အကြိမ်မှာတော့ ၁၀ မိနစ်နဲ့ ၅၆ စက္ကန့်အတွင်းမှာ ရောင်းကုန်သွားပါတယ်။

သူ့ရဲ့ ဒီဇိုင်းဟာ မကြာခင်က ကြေညာခဲ့တဲ့ Mi Play နဲ့ အရမ်းကို တူပါတယ်။ အနောက်ကင်မရာ နှစ်လုံးပါပြီး တစ်လုံးမှာ 48MP နဲ့ နောက်တစ်လုံးမှာ Depth Sensing အတွက် 5MP များ ဖြစ်ပါတယ်။ ကုမ္ပဏီက အလင်းရောင်ကောင်းတဲ့ အချိန်မှာ 0.8 micron pixel size ဖြင့် 48MP Photo နဲ့ အလင်းရောင်နည်းပါးချိန်မှာ ပိုကြီးတဲ့ 1.6 micron pixel size ဖြင့် 12MP Photo များကို ရိုက်ကူးနိုင်မယ်လို့ ပြောပါတယ်။ လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။

Redmi Note 7 မှာ ၆.၃ လက်မ 19.5:9 FullHD Screen , Snapdragon 660 Processor , 13MP Selfie Camera , 4000mAh Battery များ ထည့်သွင်းထားပါတယ်။ USB-C Port နဲ့ Headphone Jack များလည်း ပါပါတယ်။ Xiaomi က Redmi ကို သီးခြား ဘရန်း အဖြစ် ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ Note 7 ရဲ့ အနောက်မှာ “ Redmi by Xiaomi “ လို့ ရေးသားထားတဲ့ လိုဂို အသစ်တစ်ခု ပါလာပါတယ်။

3GB/32GB Model ကို ယွမ် ၉၉၉ ( ၁၅၀ ဒေါ်လာ ဝန်းကျင်) နဲ့ 6GB/64GB Model ကို ယွမ် ၁၃၉၉ ( ၂၀၀ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ လက်ရှိမှာ တရုတ်မှာသာ ရောင်းချထားပါတယ်။ Note 7 လိုပဲ 48MP Camera ပါတဲ့ အခြား ဖုန်း နှစ်လုံးက Honor View 20 နဲ့ Huawei Nova 4 တို့ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.