Xiaomi က အိႏၵိယမွာ ေရာင္းအား အေကာင္းဆံုး ဖုန္း ကုမၸဏီ ျဖစ္လာ

0
989

ေရွာင္မီက ၂၀၁၈ ခုႏွစ္ ကြာတား ၄ မွာ အိႏၵိယ စမတ္ဖုန္းေစ်းကြက္မွာ ၂၇ ရာခုိင္ႏႈန္း ပိုင္ဆိုင္ခဲ့ၿပီး ေရာင္းအား အေကာင္းဆံုး ျဖစ္လာပါတယ္။ ဆမ္ေဆာင္းက ၂၂ ရာခုိင္ႏႈန္းျဖင့္ နံပါတ္ ၂ ေနရာမွာ ရပ္တည္ေနတယ္လို႔ Counterpoint ရဲ႕ စစ္တမ္းအရ သိရပါတယ္။ ၂၀၁၈ ခုႏွစ္တစ္ခုလံုးမွာ ေရွာင္မီက ၂၈ နဲ႔ ဆမ္ေဆာင္းက ၂၄ ရာခုိင္ႏႈန္း ပိုင္ဆိုင္ထားပါတယ္။ ၿပီးခဲ့တဲ့ နွစ္မွာ အိႏၵိယရဲ႕ စမတ္ဖုန္း ေရာင္းအားဟာ ၁၀ ရာခုိင္ႏႈန္း တိုးတက္သြားပါတယ္။

Counterpoint ရဲ႕ ခြဲျခမ္းစိတ္ျဖာသူ Karn Chauhan က “အိႏၵိယဟာ ကမာၻမွာ တရုတ္ၿပီးေနာက္ ဒုတိယ အႀကီးမားဆံုး စမတ္ဖုန္းေစ်းကြက္ျဖစ္ၿပီး စမတ္ဖုန္း အသံုးျပဳသူ သန္း ၄၃၀ ရွိပါတယ္။ အိႏၵိယဟာ အျခား ေစ်းကြက္မ်ားနဲ႔ ယွဥ္ရင္ စားသံုးသူမ်ားစြာ ရွိပါတယ္။ ဒါဟာ ၂၀၁၈ ခုႏွစ္မွာ ဖုန္းေရာင္းအား ေကာင္းရတဲ့ အဓိက အခ်က္ ျဖစ္ပါတယ္။ Featurephone ကေန စမတ္ဖုန္း ေျပာင္းကိုင္သူမ်ားလည္း တိုးတက္လာပါတယ္။ စြမ္းရည္နိမ့္ စမတ္ဖုန္းကေန စြမ္းရည္သင့္ စမတ္ဖုန္းမ်ားကို ေျပာင္းကိုင္သူမ်ားလည္း ရွိလာပါတယ္။ “ လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ ကြာတား ၄ မွာ Vivo က ၉ ၊ Realme က ၈ နဲ႔ OPPO က ၇ ရာခိုင္ႏႈန္းျဖင့္ ထိပ္တန္းေနရာမ်ားကို ရယူထားပါတယ္။ အိႏၵိယရဲ႕ မိုဘိုင္းဖုန္း ေရာင္းအားဟာ ပထမဆံုး အႀကိမ္အေနနဲ႔ အလံုးေရ သန္း ၃၃၀ ေက်ာ္သြားပါတယ္။ ၄၄ ရာခုိင္ႏႈန္းနီးပါးက စမတ္ဖုန္းမ်ား ျဖစ္ပါတယ္။

unicode

Xiaomi က အိန္ဒိယမှာ ရောင်းအား အကောင်းဆုံး ဖုန်း ကုမ္ပဏီ ဖြစ်လာ

ရှောင်မီက ၂၀၁၈ ခုနှစ် ကွာတား ၄ မှာ အိန္ဒိယ စမတ်ဖုန်းဈေးကွက်မှာ ၂၇ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ ဆမ်ဆောင်းက ၂၂ ရာခိုင်နှုန်းဖြင့် နံပါတ် ၂ နေရာမှာ ရပ်တည်နေတယ်လို့ Counterpoint ရဲ့ စစ်တမ်းအရ သိရပါတယ်။ ၂၀၁၈ ခုနှစ်တစ်ခုလုံးမှာ ရှောင်မီက ၂၈ နဲ့ ဆမ်ဆောင်းက ၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ အိန္ဒိယရဲ့ စမတ်ဖုန်း ရောင်းအားဟာ ၁၀ ရာခိုင်နှုန်း တိုးတက်သွားပါတယ်။

Counterpoint ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Karn Chauhan က “အိန္ဒိယဟာ ကမ္ဘာမှာ တရုတ်ပြီးနောက် ဒုတိယ အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုသူ သန်း ၄၃၀ ရှိပါတယ်။ အိန္ဒိယဟာ အခြား ဈေးကွက်များနဲ့ ယှဉ်ရင် စားသုံးသူများစွာ ရှိပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်မှာ ဖုန်းရောင်းအား ကောင်းရတဲ့ အဓိက အချက် ဖြစ်ပါတယ်။ Featurephone ကနေ စမတ်ဖုန်း ပြောင်းကိုင်သူများလည်း တိုးတက်လာပါတယ်။ စွမ်းရည်နိမ့် စမတ်ဖုန်းကနေ စွမ်းရည်သင့် စမတ်ဖုန်းများကို ပြောင်းကိုင်သူများလည်း ရှိလာပါတယ်။ “ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ကွာတား ၄ မှာ Vivo က ၉ ၊ Realme က ၈ နဲ့ OPPO က ၇ ရာခိုင်နှုန်းဖြင့် ထိပ်တန်းနေရာများကို ရယူထားပါတယ်။ အိန္ဒိယရဲ့ မိုဘိုင်းဖုန်း ရောင်းအားဟာ ပထမဆုံး အကြိမ်အနေနဲ့ အလုံးရေ သန်း ၃၃၀ ကျော်သွားပါတယ်။ ၄၄ ရာခိုင်နှုန်းနီးပါးက စမတ်ဖုန်းများ ဖြစ်ပါတယ်။

Leave a Reply