Smartphone Trending



Galaxy M10


Galaxy M20


unicode

Samsung က Infinity-V Display ပါတဲ့ စွမ်းရည်သင့် M Series များကို ကြေညာ

Samsung က “ Made in India” Galaxy M Series များကို ကြေညာလိုက်ပါတယ်။ Galaxy M10 နဲ့ Galaxy M20 များ ဖြစ်ပြီး ဈေးချိုပါတယ်။ M20 ရဲ့ 3GB Model ကို ယူရို ၁၃၅ ၊ 4GB Model ကို ယူရို ၁၆၀ သတ်မှတ်ထားပါတယ်။ M10 ရဲ့ 2GB Model ကို ယူရို ၁၀၀ နဲ့ 3GB Model ကို ယူရို ၁၁၀ ကျသင့်ပါတယ်။ ဖုန်း နှစ်လုံးစလုံးမှာ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အိန္ဒိယမှာ အရင်ဆုံး ရောင်းချမှာပါ။

Galaxy M10

Galaxy M10 မှာ Infinity-V Display နဲ့ 1.6GHz Octa-core Exynos 7870 Processor ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု Samsung Experience UI 9.5 ပါပါတယ်။ သြဂုတ်လမှာ Android 9 Pie ရရှိမှာပါ။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

Galaxy M20

သူ့မှာတော့ လက်ဗွေရာ အာရုံခံ ကိရိယာ အပိုပါလာပြီး အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ အရှေ့ ကင်မရာမှာ Face Unlock ပါပါတယ်။ အနောက်ဘက် 5MP Camera ဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဖြစ်ပါတယ်။ Android 8.1 Oreo အခြေပြု Samsung Experience UI 9.5 ပါပါတယ်။ သြဂုတ်လမှာ Android 9 Pie ရရှိမှာပါ။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.