App/Game Knowledge Smartphone Trending

FaceTime bug ေၾကာင့္ တစ္ဖက္ကမကိုင္ရင္ေတာင္ အသံကိုဖမ္းထားႏိုင္

Zawgyi Version

တစ္ဖက္လူက ခ်ပစ္လုိက္ရင္ေတာင္မွ ဗြီဒီယိုေလးကို share လုပ္ေနဦးမွာ။

Apple ရဲ႕ FaceTime video calling platform ေလးမွာ ျပင္းထန္တဲ့ bug တစ္ခုျဖစ္ေပၚေနပါတယ္။ ဒီအေၾကာင္းကိုလည္း လူမႈကြန္ရက္ေတြမွာ အေတာ္ေလးပ်ံ႕ႏွံ႕ေနပါတယ္။ 9to5Mac ရဲ႕ သတိေပးခ်က္အရ FaceTime ကေန တစ္ေယာက္ေယာက္ကို ေခၚမယ္ဆိုရင္ သူတို႕ရဲ႕မုိက္ခရိုဖုန္းေတြက ကိုင္သည္ျဖစ္ေစ၊ မကိုင္သည္ျဖစ္ေစ နားေထာင္ေနမွာျဖစ္ပါတယ္။

Apple ရဲ႕ ေျပာေရးဆုိခြင့္ရွိသူရဲ႕ စကားသံကို နားေထာင္ၾကည့္ရေအာင္။

“ဒီအေၾကာင္းကို ကၽြန္ေတာ္တို႕သိထားျပီးသားပါ။ ဒီတစ္ပတ္ထဲမွာ ဒီကိစၥအတြက္ အေျဖရွာျပီးေတာ့့ fix update လုပ္ေပးႏုိင္ေအာင္ ျပင္ဆင္ေနပါတယ္။”

The Verge ကလည္း 12.1.2 သံုးထားတဲ့ iPhone ေတြနဲ႕ စမ္းၾကည္ထားပါတယ္။ Phone app ထဲကေန FaceTime Video ေခၚၾကည့္လုိက္ပါတယ္။ အဲဒီလူက ေကာက္မကုိင္ခင္မွာပဲ သင့္ရဲ႕ကိုယ္ပိုင္ဖုန္းနံပါတ္ေလးကုိ ထည့္ဖို႕အတြက္ swipe up လုပ္ႏုိင္ပါတယ္။ သင့္ကိုယ္သင္ထည့္လိုက္တာနဲ႕ FaceTime က conference call ကို active ျဖစ္ေနတယ္လို႕ ယူဆျပီးေတာ့ တစ္ဖက္လူရဲ႕အသံေတြကို ပို႕ပါေတာ့တယ္။ သူတို႕ကိုင္စရာမလိုဘဲ ပို႕ေနမွာပါ။

တစ္နည္းေျပာရမယ္ဆုိရင္ေတာ့ FaceTime video call ေလးလာေနျပီဆိုရင္ အျခားလူတစ္ေယာက္က သင့္အသံကိုနားေထာင္လို႕ရေနျပီဆိုတာ သတိျပဳလုိက္ပါ။ သင္မကိုင္လည္း အသံေတြက တစ္ဖက္ကိုေရာက္ေနမွာ ျဖစ္ပါတယ္။ ဒီေကာင္ေလးကေတာ့ Group FaceTime ကို ေထာက္ပံ့ေပးထားတဲ့ဗားရွင္းေတြမွာ ၾကံဳေနရတာျဖစ္ပါတယ္။

ဘာေတြရွိေသးလဲဆိုေတာ့ “fake” conference call ေတြျဖစ္လာျပီဆုိရင္၊ တစ္ဖက္လူက မကိုင္ခ်င္လို႕ ပါ၀ါခလုတ္ သို႕မဟုတ္ အသံခလုတ္ႏွိပ္လုိက္တာနဲ႕ အသံသာမက ဗြီဒီယိုကိုလည္း ေခၚဆိုတဲ့သူဆီကို ပို႕ေပးနိုင္မွာပါ။

အေတာ္ေလးဆိုးရြားတဲ့ bug ျဖစ္ပါတယ္။ ျမန္ျမန္ေလးျပင္ေပးသင့္တဲ့ bug ျဖစ္ေနပါတယ္။

အေကာင္းဆံုးနည္းလမ္းကို ညႊန္ေပးရမယ္ဆိုဳရင္ settings ကေနသြားျပီးေတာ့ FaceTime ကို ပိတ္ထားလိုက္ပါ။ “Enable this account” ဆိုတာေလးလည္း အမွန္ျခစ္ျဖဳတ္ေပးထားလုိက္ပါ။ မဟုတ္ရင္လည္း FaceTime call ၀င္လာျပီဆိုတာနဲ႕ သတိျပဳျပီး မသမာသူေတြဆီကလားဆိုတာ စစ္ေဆးလိုက္ပါ။

Unicode Version

တစ်ဖက်လူက ချပစ်လိုက်ရင်တောင်မှ ဗွီဒီယိုလေးကို share လုပ်နေဦးမှာ။
Apple ရဲ့ FaceTime video calling platform လေးမှာ ပြင်းထန်တဲ့ bug တစ်ခုဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကိုလည်း လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့နေပါတယ်။ 9to5Mac ရဲ့ သတိပေးချက်အရ FaceTime ကနေ တစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင် သူတို့ရဲ့မိုက်ခရိုဖုန်းတွေက ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ နားထောင်နေမှာဖြစ်ပါတယ်။
Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ စကားသံကို နားထောင်ကြည့်ရအောင်။
“ဒီအကြောင်းကို ကျွန်တော်တို့သိထားပြီးသားပါ။ ဒီတစ်ပတ်ထဲမှာ ဒီကိစ္စအတွက် အဖြေရှာပြီးတော့ fix update လုပ်ပေးနိုင်အောင် ပြင်ဆင်နေပါတယ်။”
The Verge ကလည်း 12.1.2 သုံးထားတဲ့ iPhone တွေနဲ့ စမ်းကြည်ထားပါတယ်။ Phone app ထဲကနေ FaceTime Video ခေါ်ကြည့်လိုက်ပါတယ်။ အဲဒီလူက ကောက်မကိုင်ခင်မှာပဲ သင့်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်လေးကို ထည့်ဖို့အတွက် swipe up လုပ်နိုင်ပါတယ်။ သင့်ကိုယ်သင်ထည့်လိုက်တာနဲ့ FaceTime က conference call ကို active ဖြစ်နေတယ်လို့ ယူဆပြီးတော့ တစ်ဖက်လူရဲ့အသံတွေကို ပို့ပါတော့တယ်။ သူတို့ကိုင်စရာမလိုဘဲ ပို့နေမှာပါ။
တစ်နည်းပြောရမယ်ဆိုရင်တော့ FaceTime video call လေးလာနေပြီဆိုရင် အခြားလူတစ်ယောက်က သင့်အသံကိုနားထောင်လို့ရနေပြီဆိုတာ သတိပြုလိုက်ပါ။ သင်မကိုင်လည်း အသံတွေက တစ်ဖက်ကိုရောက်နေမှာ ဖြစ်ပါတယ်။ ဒီကောင်လေးကတော့ Group FaceTime ကို ထောက်ပံ့ပေးထားတဲ့ဗားရှင်းတွေမှာ ကြုံနေရတာဖြစ်ပါတယ်။
ဘာတွေရှိသေးလဲဆိုတော့ “fake” conference call တွေဖြစ်လာပြီဆိုရင်၊ တစ်ဖက်လူက မကိုင်ချင်လို့ ပါဝါခလုတ် သို့မဟုတ် အသံခလုတ်နှိပ်လိုက်တာနဲ့ အသံသာမက ဗွီဒီယိုကိုလည်း ခေါ်ဆိုတဲ့သူဆီကို ပို့ပေးနိုင်မှာပါ။
အတော်လေးဆိုးရွားတဲ့ bug ဖြစ်ပါတယ်။ မြန်မြန်လေးပြင်ပေးသင့်တဲ့ bug ဖြစ်နေပါတယ်။
အကောင်းဆုံးနည်းလမ်းကို ညွှန်ပေးရမယ်ဆိုုရင် settings ကနေသွားပြီးတော့ FaceTime ကို ပိတ်ထားလိုက်ပါ။ “Enable this account” ဆိုတာလေးလည်း အမှန်ခြစ်ဖြုတ်ပေးထားလိုက်ပါ။
မဟုတ်ရင်လည်း FaceTime call ဝင်လာပြီဆိုတာနဲ့ သတိပြုပြီး မသမာသူတွေဆီကလားဆိုတာ စစ်ဆေးလိုက်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.