Smartphone Trending
unicode
တန်ဖိုးနည်း Realme C1(2019) ကို အိန္ဒိယမှာ ရောင်းချ
Realme က တန်ဖိုးနည်း C1 ရဲ့ မျိုးဆက်သစ် မော်ဒယ်ကို ကြေညာလိုက်ပါတယ်။ သူ့မှာ RAM နဲ့ Storage များ ပိုမို ပါဝင်လာပြီး အခြား Specs များက မူလမော်ဒယ်များနဲ့ တူညီပါတယ်။ 2GB/32GB Model ကို ရူပီး ၇၄၉၉ နဲ့ 3GB/32GB Model ကို ရူပီး ၈၄၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၁၀၅ နဲ့ ၁၂၀ လောက် တန်ကြေးရှိပါတယ်။ လာမယ့်လ ၅ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။
မျက်နှာပြင် ၆.၂ လက်မအရွယ် Realme C1 ဟာ 720p display နဲ့လာပြီး မျက်နှာပြင် အချိုးုဟာ 19:9 ဖြစ်ပါတယ်။ ဘက်ထရီပါဝါအကြီးစားဖြစ်တဲ့ 4230 mAh ကိုသုံးထားပါတယ်။ မျက်နှာပြင်ပိုင်းဖော်ပြမှုအတွက် 720 x 1520px နဲ့ဖြစ်ပြီး notched display သုံးထားပါတယ်။ နောက်ကျောဘက်မှာ Dual ကင်မရာနဲ့ ဖြစ်ပြီး 13MP + 2MP အရည်အသွေးနဲ့ သုံးနိုင်မှာပါ။ Qualcomm Snapdragon 450 SoC မောင်းနှင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။
dual cameras စနစ်ဟာ ဗီဒီယိုရိုက်ကူးရေးမှာ 1080p ရုပ်ထွက်ကို 30fps ှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ရှေ့ကင်မရာကတော့ AI Face Unlock နည်းပညာ အသုံးပြုနိုင်တဲ့ 5MP ကင်မရာ နဲ့လာတာပါ။ သူ့မှာ Android 8.1 Oreo နဲ့အတူ Oppo ရဲ့ ColorOS 5.1 ကိုတပါတည်း ထည့်သွင်းပေးထားပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.