မၾကာခင္က ေၾကညာခဲ့တဲ့ Redmi Note 7 ဟာ ေဒၚလာ ၁၅၀ ေလာက္သာ ရွိၿပီး ေစ်းေပါပါတယ္။ ဒါေပမယ့္လည္း ထံုးစံအတုိင္း ေပးရတဲ့ ေစ်းထက္ တန္ေအာင္ ကုမၸဏီက ဖန္တီးထားပါတယ္။ သူ႔မွာ ၆.၃ လက္မ LCD Display , အရြယ္ႀကီး 4000mAh Battery , Gorilla Glass 5 နဲ႔ 48MP Main Camera မ်ား ထည့္သြင္းထားပါတယ္။
Redmi ရဲ႕ စီအီးအို ျဖစ္သူ Lu Weibing က အဲဒီ စမတ္ဖုန္းရဲ႕ အၾကမ္းခံ စြမ္းရည္ကို ဗီဒီယိုမ်ားျဖင့္ ျပသေနပါတယ္။ အဲဒီ ဖုန္းနဲ႔ သစ္ၾကားသီး ခြဲျပျခင္း၊ သူ႔ကို ေလွခါးေပၚက ပစ္ခ်ျခင္း၊ စဥ္းတီတံုးလို သံုးျပျခင္းမ်ားကိုျမင္ခဲ့ၾကရၿပီးပါၿပီ။
အခုလည္း ဖုန္းနဲ႔ ဖရဲသီးနဲ႔ ဒူးရင္းသီးမ်ားကို ခြဲျပလိုက္ပါတယ္။ ဖုန္းရဲ႕ မ်က္ႏွာျပင္နဲ႔ ဖရဲသီးကို ရိုက္ၿပီး ခြဲျပတာကို ဗီဒီယိုမွာ ျမင္ရပါတယ္။ ဖရဲသီး ကြဲသြားေပမယ့္ ဖုန္းဟာ အေကာင္းအတိုင္း ရွိေနပါေသးတယ္။ ေနာက္ဗီဒီယိုမွာ ၾကမ္းျပင္ေပၚမွာ ခ်ထားတဲ့ ဖုန္းအေပၚကို မတ္တပ္ရပ္ အေနအထားကေန ဒူးရင္းသီး ပစ္ခ်ခဲ့ပါတယ္။ ဒူးရင္းသီး ကြဲသြားေပမယ့္ ဖုန္းက ပ်က္ဆီးသြားျခင္း မရွိတာကို ျမင္ရပါတယ္။
unicode
Redmi Note 7 ဖြင့် ဖရဲသီးနဲ့ ဒူးရင်းသီး ခွဲပြ
မကြာခင်က ကြေညာခဲ့တဲ့ Redmi Note 7 ဟာ ဒေါ်လာ ၁၅၀ လောက်သာ ရှိပြီး ဈေးပေါပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ပေးရတဲ့ ဈေးထက် တန်အောင် ကုမ္ပဏီက ဖန်တီးထားပါတယ်။ သူ့မှာ ၆.၃ လက်မ LCD Display , အရွယ်ကြီး 4000mAh Battery , Gorilla Glass 5 နဲ့ 48MP Main Camera များ ထည့်သွင်းထားပါတယ်။
Redmi ရဲ့ စီအီးအို ဖြစ်သူ Lu Weibing က အဲဒီ စမတ်ဖုန်းရဲ့ အကြမ်းခံ စွမ်းရည်ကို ဗီဒီယိုများဖြင့် ပြသနေပါတယ်။ အဲဒီ ဖုန်းနဲ့ သစ်ကြားသီး ခွဲပြခြင်း၊ သူ့ကို လှေခါးပေါ်က ပစ်ချခြင်း၊ စဉ်းတီတုံးလို သုံးပြခြင်းများကိုမြင်ခဲ့ကြရပြီးပါပြီ။
အခုလည်း ဖုန်းနဲ့ ဖရဲသီးနဲ့ ဒူးရင်းသီးများကို ခွဲပြလိုက်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်နဲ့ ဖရဲသီးကို ရိုက်ပြီး ခွဲပြတာကို ဗီဒီယိုမှာ မြင်ရပါတယ်။ ဖရဲသီး ကွဲသွားပေမယ့် ဖုန်းဟာ အကောင်းအတိုင်း ရှိနေပါသေးတယ်။ နောက်ဗီဒီယိုမှာ ကြမ်းပြင်ပေါ်မှာ ချထားတဲ့ ဖုန်းအပေါ်ကို မတ်တပ်ရပ် အနေအထားကနေ ဒူးရင်းသီး ပစ်ချခဲ့ပါတယ်။ ဒူးရင်းသီး ကွဲသွားပေမယ့် ဖုန်းက ပျက်ဆီးသွားခြင်း မရှိတာကို မြင်ရပါတယ်။