အေနာက္ကင္မရာ ငါးလံုးတပ္ Nokia 9 ကို လာမယ့္လမွာ ေၾကညာမည္

0
915

လာမယ့္လမွာ ဘာစီလိုနာတြင္ က်င္းပမယ့္ Mobile World Congress (MWC) 2019 မွာ HMD Global ကလည္း ပါ၀င္ ျပသေတာ့မွာ ျဖစ္ပါတယ္။ အဲဒီပြဲမွာ Nokia 9 PureView ကို ေၾကညာႏုိင္ပါတယ္။ ကုမၸဏီကေတာ့ သူ႔ရဲ႕ အေၾကာင္းကို ေျပာၾကားျခင္း မရွိေသးပါဘူး။

ယခင္က ထြက္ခဲ့တဲ့ သတင္းမ်ားအရ သူ႔မွာ အေနာက္ကင္မရာ ငါးလံုး ပါမယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ ေက့စ္မ်ားလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ က့စ္မွာ ကင္မရာ ငါးလံုးအတြက္ အေပါက္မ်ား ေဖာက္ထားပါတယ္။ ဒါ့အျပင္ Flash နဲ႔ Optic Sensor မ်ားအတြက္လည္း တစ္ေပါက္စီ ပါပါတယ္။ စုစုေပါင္း အေပါက္ ခုနစ္ခု ပါပါတယ္။

ဓါတ္ပံုမ်ားမွာ Case ကို ရႈေထာင့္ေပါင္းစံုကေန ျမင္ရပါတယ္။ ေအာက္ေျခမွာ စပီကာႏွစ္လံုးအတြက္ အေပါက္မ်ား ေဖာက္ထားပါတယ္။ စပီကာ အေပါက္မ်ား အၾကားမွာ USB-C Hole ထည့္သြင္းထားပါတယ္။ အသံနဲ႔ ပါ၀ါ ခလုတ္မ်ားကို ဖုန္းရဲ႕ ေဘးဘက္မွာ ထည့္သြင္းထားပါတယ္။ Noice-cancelling Microphone အတြက္ အေပါက္ငယ္ေလး တစ္ခုလည္း ပါပါတယ္။

Nokia 9 ရဲ႕ ဓါတ္ပံုမ်ား ယခင္ကလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူဟာ ဖုိင္နယ္ ဒီဇိုင္းေတာ့ မဟုတ္ေလာက္ဘူးလို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ပါတယ္။ ႏို၀င္ဘာလတုန္းကေတာ့ Nokia 9 ကို ဒီဇင္ဘာလ ၅ ရက္ေန႔မွာ ေၾကညာမယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ ကုမၸဏီက ဘလူးတုအတြက္ ေမာ္ဒယ္ သံုးခုကို မွတ္ပံုတင္ထားတဲ့ အတြက္ မၾကာခင္မွာ Nokia 9 ကို ေၾကညာေတာ့မယ္လို႔ ယူဆရပါတယ္။

unicode

အနောက်ကင်မရာ ငါးလုံးတပ် Nokia 9 ကို လာမယ့်လမှာ ကြေညာမည်

လာမယ့်လမှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) 2019 မှာ HMD Global ကလည်း ပါဝင် ပြသတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ Nokia 9 PureView ကို ကြေညာနိုင်ပါတယ်။ ကုမ္ပဏီကတော့ သူ့ရဲ့ အကြောင်းကို ပြောကြားခြင်း မရှိသေးပါဘူး။

ယခင်က ထွက်ခဲ့တဲ့ သတင်းများအရ သူ့မှာ အနောက်ကင်မရာ ငါးလုံး ပါမယ်လို့ သိရပါတယ်။ သူ့ရဲ့ ကေ့စ်များလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ က့စ်မှာ ကင်မရာ ငါးလုံးအတွက် အပေါက်များ ဖောက်ထားပါတယ်။ ဒါ့အပြင် Flash နဲ့ Optic Sensor များအတွက်လည်း တစ်ပေါက်စီ ပါပါတယ်။ စုစုပေါင်း အပေါက် ခုနစ်ခု ပါပါတယ်။

ဓါတ်ပုံများမှာ Case ကို ရှုထောင့်ပေါင်းစုံကနေ မြင်ရပါတယ်။ အောက်ခြေမှာ စပီကာနှစ်လုံးအတွက် အပေါက်များ ဖောက်ထားပါတယ်။ စပီကာ အပေါက်များ အကြားမှာ USB-C Hole ထည့်သွင်းထားပါတယ်။ အသံနဲ့ ပါဝါ ခလုတ်များကို ဖုန်းရဲ့ ဘေးဘက်မှာ ထည့်သွင်းထားပါတယ်။ Noice-cancelling Microphone အတွက် အပေါက်ငယ်လေး တစ်ခုလည်း ပါပါတယ်။

Nokia 9 ရဲ့ ဓါတ်ပုံများ ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ ဖိုင်နယ် ဒီဇိုင်းတော့ မဟုတ်လောက်ဘူးလို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ နိုဝင်ဘာလတုန်းကတော့ Nokia 9 ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ကုမ္ပဏီက ဘလူးတုအတွက် မော်ဒယ် သုံးခုကို မှတ်ပုံတင်ထားတဲ့ အတွက် မကြာခင်မှာ Nokia 9 ကို ကြေညာတော့မယ်လို့ ယူဆရပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.