အေနာက္ကင္မရာ သံုးလံုးပါတဲ့ Samsung Galaxy A9 Pro (2019)

0
760




unicode

အနောက်ကင်မရာ သုံးလုံးပါတဲ့ Samsung Galaxy A9 Pro (2019)

Samsung က Notch Display ပါတဲ့ စမတ်ဖုန်းများကို နောက်ပိုင်းမှာ ထုတ်လုပ်ရောင်းချလာပါတယ်။ ဒါ့အပြင် Notch အစား အရွယ်သေး Cutout ပါတဲ့ Infinity-O Display ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Galaxy A8s မှာ စတင် ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ ဒီဇိုင်းကို သုံးထားတဲ့ Galaxy A9 Pro (2019) ကို တောင်ကိုရီးယားမှာ ကြေညာလိုက်ပါတယ်။

ဆမ်ဆောင်းက Galaxy A9 Pro ဟာ Infinity-O Display ပါတဲ့ ပထမဆုံး ဖုန်းလို့ ပြောတဲ့ အတွက် သူဟာ Galaxy A8s နဲ့ အတူတူပဲလို့ ယူဆနိုင်ပါတယ်။ Galaxy A8s ကို တရုတ်မှာသာ ရောင်းချထားပြီး Galaxy A9 Pro ကို အခြား နိုင်ငံများမှာ ရောင်းချမှာပါ။ သူ့မှာ 6GB RAM, 128GB Storage, 3400mAh Battery များပါပါတယ်။ အနောက်ဘက်မှာ 24MP Main Sensor , 10MP Telephoto Camera ( 2x zoom ) , 5MP Depth Sensor များ ပါပါတယ်။ အရှေ့ဘက်မှာ 24MP Camera ထည့်ထားပါတယ်။

အခြား Specs များကိုတော့ မသိရသေးပါဘူး။ Galaxy A8s နဲ့ တူတူပဲ ဆိုရင် သူ့မှာ Qualcomm Snapdragon 710 Processor ထည့်သွင်းထားနိုင်ပါတယ်။ ကိုရီးယားမှာ ဝမ် ၅၉၉ ၅၀၀ ( ၅၃၃ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Leave a Reply