Xiaomi ရဲ႕ စီအီးအိုက ေခါက္ခ်ိဳး ဖုန္း သံုးျပေနတဲ့ ဗီဒီယို ထြက္ေပၚလာ

0
854

စမတ္ဖုန္ုး ထုတ္လုပ္သူမ်ားက ေခါက္ခ်ိဳး အသံုးျပဳႏိုင္တဲ့ စမတ္ဖုန္းမ်ားကို အၿပိဳင္အဆိုင္ ထုတ္လုပ္ေနၾကပါတယ္။ Huawei , Samsung နဲ႔ Motorola တို႔ကလည္း ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ဖန္တီးေနတယ္လို႔ အတည္ျပဳထားၾကပါတယ္။ အခုေတာ့   Xiaomi ရဲ႕ စီအီးအိုက ေခါက္ခ်ိဳး ဖုန္း သံုးျပေနတဲ့ ဗီဒီယို ထြက္ေပၚလာပါတယ္။

အဲဒီ ဗီဒီယိုဟာ တရုတ္ လူမႈကြန္ယက္ ၀ီဘိုမွာ စတင္ထြက္ေပၚလာတာ ျဖစ္ၿပီး YouTube မွာလည္း ေရာက္လာပါၿပီ။ ရွာင္မီက ဒီဗီဒီယိုကို တရား၀င္ ထုတ္ျပန္လိုက္တာ မဟုတ္ဘဲ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဖုန္းကို ျဖန္႔ထားရင္ အရြယ္အစား အနည္းငယ္ႀကီးတဲ့ တက္ဘလက္တစ္လံုးလိုေတာင္ သံုးႏိုင္မွာ ျဖစ္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ မ်က္ႏွာျပင္ အခ်ိဳးမွာ 3:2 ေလာက္ ရွိပါတယ္။

ေခါက္ခ်ိဳးလိုက္ခ်ိန္ ၊ ျဖန္႔လိုက္ခ်ိန္မွာ User Interface ဟာ သင့္ေတာ္တဲ့ အေနအထားကို လွ်င္ျမန္စြာ ေျပာင္းလဲသြားတာကို ျမင္ရပါတယ္။ ေဘးႏွစ္ဖက္ကို အေနာက္ဘက္သို႔ ေခါက္ခ်ိဳးၿပီး အသံုးျပဳေနတာကို ျပသထားပါတယ္။  ယခုလ အေစာပိုင္းက ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ေရွာင္မီရဲ႕ ေခါက္ခ်ိဳး ဖုန္းနဲ႔ ယခု ဖုန္းဟာ ဒီဇိုင္း တူညီပါတယ္။

unicode

Xiaomi ရဲ့ စီအီးအိုက ခေါက်ချိုး ဖုန်း သုံးပြနေတဲ့ ဗီဒီယို ထွက်ပေါ်လာ

စမတ်ဖုန်ုး ထုတ်လုပ်သူများက ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းများကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။ Huawei , Samsung နဲ့ Motorola တို့ကလည်း ခေါက်ချိုး စမတ်ဖုန်းများကို ဖန်တီးနေတယ်လို့ အတည်ပြုထားကြပါတယ်။ အခုတော့ Xiaomi ရဲ့ စီအီးအိုက ခေါက်ချိုး ဖုန်း သုံးပြနေတဲ့ ဗီဒီယို ထွက်ပေါ်လာပါတယ်။

အဲဒီ ဗီဒီယိုဟာ တရုတ် လူမှုကွန်ယက် ဝီဘိုမှာ စတင်ထွက်ပေါ်လာတာ ဖြစ်ပြီး YouTube မှာလည်း ရောက်လာပါပြီ။ ရှာင်မီက ဒီဗီဒီယိုကို တရားဝင် ထုတ်ပြန်လိုက်တာ မဟုတ်ဘဲ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဖုန်းကို ဖြန့်ထားရင် အရွယ်အစား အနည်းငယ်ကြီးတဲ့ တက်ဘလက်တစ်လုံးလိုတောင် သုံးနိုင်မှာ ဖြစ်ပါတယ်။ သူ့ကို ဖြန့်ထားရင် မျက်နှာပြင် အချိုးမှာ 3:2 လောက် ရှိပါတယ်။

ခေါက်ချိုးလိုက်ချိန် ၊ ဖြန့်လိုက်ချိန်မှာ User Interface ဟာ သင့်တော်တဲ့ အနေအထားကို လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်ရပါတယ်။ ဘေးနှစ်ဖက်ကို အနောက်ဘက်သို့ ခေါက်ချိုးပြီး အသုံးပြုနေတာကို ပြသထားပါတယ်။ ယခုလ အစောပိုင်းက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ရှောင်မီရဲ့ ခေါက်ချိုး ဖုန်းနဲ့ ယခု ဖုန်းဟာ ဒီဇိုင်း တူညီပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.