Full Display Fingerprint Sensor ပါလာတဲ့ Vivo Apex 2019

0
483

Vivo က ထူးျခားဆန္းသစ္တဲ့ ဒီဇိုင္းနဲ႔ နည္းပညာမ်ား ပါတဲ့ Apex 2019 ကို ျပသလိုက္ပါတယ္။ သူ႔မွာ Screen-to-body Ratio နဲ႔ ေဘာင္ေပ်ာက္ ဒီဇိုင္းကို အသားေပးထားပါတယ္။ Physical Buttons မ်ားကို ဖယ္ရွားထားတာက ထူးျခားမႈပါ။ Headphone Jack , USB-C Port မ်ားေတာင္ မပါပါဘူး။ အေနာက္ဘက္မွာ အားသြင္းဖို႔ အတြက္ Magnetic Connector တစ္ခု ထည့္သြင္းထားပါတယ္။ သူ႔မွာ ႀကိဳးမဲ့ အားသြင္း စနစ္ ပါလာမလား ဆိုတာ Vivo က မေျပာေသးပါဘူး။ စပီကာအေပါက္မ်ားလည္း မပါဘဲ မ်က္ႏွာျပင္ကေန အသံထြက္တဲ့ နည္းပညာကို သံုးထားပါတယ္။ ဒီနည္းပညာကို Body Soundcasting လို႔ ေခၚပါတယ္။

သူဟာ Vivo ရဲ႕ ပထမဆံုး 5G Phone ျဖစ္ၿပီး Qualcomm X50 5G Modem ပါပါတယ္။ Snapdragon 855 Chipset , 256 or 512GB Storage , 12GB RAM မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 12+13MP Dual Camera မ်ား ထည့္ထားပါတယ္။ အေရွ႕ကင္မရာကိုေတာ့ Vivo မေျပာေသးပါဘူး။ အေရွ႕ဘက္မွာ ကင္မရာကို မေတြ႕ရပါဘူး။ အဲဒီအတြက္ Pop-up Camera ကို သံုးထားႏုိင္ပါတယ္။

မ်က္ႏွာျပင္ အရြယ္အစားက ၆.၃၉ လက္မ ျဖစ္ၿပီး AMOLED Display အမ်ိဳးအစား ျဖစ္ပါတယ္။ Full Display Fingerprint Sensor ျဖစ္တဲ့ အတြက္ စကရင္ရဲ႕ ဘယ္ေနရာကေန မဆို ဖုန္းကို Unlock လုပ္ႏိုင္ပါတယ္။ ေအာက္ေျခမွာေတာ့ မိုက္ကရိုဖုန္းအတြက္လို႔ ထင္ရတဲ့ အေပါက္ငယ္တစ္ခု ပါပါတယ္။

သူဟာ Concept Phone အဆင့္သာ ရွိေသးတဲ့ အတြက္ ဒီ Specifications မ်ားအတိုင္း ပြဲထြက္လာမယ္လို႔ မေျပာႏုိင္ေသးပါဘူး။ လာမယ့္လမွာ က်င္းပမယ့္ MWC 2019 မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ပိုသိရေတာ့မွာ ျဖစ္ပါတယ္။

unicode

Full Display Fingerprint Sensor ပါလာတဲ့ Vivo Apex 2019

Vivo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ နည်းပညာများ ပါတဲ့ Apex 2019 ကို ပြသလိုက်ပါတယ်။ သူ့မှာ Screen-to-body Ratio နဲ့ ဘောင်ပျောက် ဒီဇိုင်းကို အသားပေးထားပါတယ်။ Physical Buttons များကို ဖယ်ရှားထားတာက ထူးခြားမှုပါ။ Headphone Jack , USB-C Port များတောင် မပါပါဘူး။ အနောက်ဘက်မှာ အားသွင်းဖို့ အတွက် Magnetic Connector တစ်ခု ထည့်သွင်းထားပါတယ်။ သူ့မှာ ကြိုးမဲ့ အားသွင်း စနစ် ပါလာမလား ဆိုတာ Vivo က မပြောသေးပါဘူး။ စပီကာအပေါက်များလည်း မပါဘဲ မျက်နှာပြင်ကနေ အသံထွက်တဲ့ နည်းပညာကို သုံးထားပါတယ်။ ဒီနည်းပညာကို Body Soundcasting လို့ ခေါ်ပါတယ်။

သူဟာ Vivo ရဲ့ ပထမဆုံး 5G Phone ဖြစ်ပြီး Qualcomm X50 5G Modem ပါပါတယ်။ Snapdragon 855 Chipset , 256 or 512GB Storage , 12GB RAM များ ပါပါတယ်။ အနောက်ဘက်မှာ 12+13MP Dual Camera များ ထည့်ထားပါတယ်။ အရှေ့ကင်မရာကိုတော့ Vivo မပြောသေးပါဘူး။ အရှေ့ဘက်မှာ ကင်မရာကို မတွေ့ရပါဘူး။ အဲဒီအတွက် Pop-up Camera ကို သုံးထားနိုင်ပါတယ်။

မျက်နှာပြင် အရွယ်အစားက ၆.၃၉ လက်မ ဖြစ်ပြီး AMOLED Display အမျိုးအစား ဖြစ်ပါတယ်။ Full Display Fingerprint Sensor ဖြစ်တဲ့ အတွက် စကရင်ရဲ့ ဘယ်နေရာကနေ မဆို ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ အောက်ခြေမှာတော့ မိုက်ကရိုဖုန်းအတွက်လို့ ထင်ရတဲ့ အပေါက်ငယ်တစ်ခု ပါပါတယ်။

သူဟာ Concept Phone အဆင့်သာ ရှိသေးတဲ့ အတွက် ဒီ Specifications များအတိုင်း ပွဲထွက်လာမယ်လို့ မပြောနိုင်သေးပါဘူး။ လာမယ့်လမှာ ကျင်းပမယ့် MWC 2019 မှာ သူ့ရဲ့ သတင်းအချက်အလက်များကို ပိုသိရတော့မှာ ဖြစ်ပါတယ်။

Leave a Reply