Delivery Robot ျဖင့္ ကုန္ပစၥည္းမ်ား ပို႔ေဆာင္ေပးေနတဲ့ Amazon

0
322

ေမာင္းသူမဲ့ ကားနည္းပညာကို ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေရး နယ္ပယ္မ်ားမွာ အသံုးျပဳလာၾကပါတယ္။ Delivery Robot မ်ားျဖင့္ အစားအစာနဲ႔ ကုန္ပစၥည္းမ်ားကို သယ္ယူပို႔ေဆာင္ေပးေနၾကပါတယ္။ အခုလည္း အြန္လိုင္း စတိုးဆိုင္ႀကီး Amazon က Amazon Scout လို႔ အမည္ေပးထားတဲ့ Delivery Robot မ်ားျဖင့္ ၀ါရွင္တန္ရွိ Snohomish County မွာ ကုန္ပစၥည္းမ်ားကို စမ္းသပ္ပို႔ေဆာင္ေပးေနပါတယ္။

လက္ရွိမွာ စက္ရုပ္ ၆ ရုပ္နဲ႔ စမ္းသပ္ေနပါတယ္။ သူ႔မွာ ဘီး ေျခာက္ဘီး တပ္ဆင္ထားပါတယ္။ တနလၤာကေန ေသာၾကာေန႔မ်ားအတြင္း ေန႔ဘက္မွာသာ ပို႔ေဆာင္ေပးေနပါတယ္။ သူဟာ အျခား ကုမၸဏီမ်ားရဲ႕ Delivery Robot မ်ားနဲ႔ ဒီဇိုင္း အပိုင္းမွာ ဆင္တူပါတယ္။ ဘက္ထရီကို အသံုးျပဳၿပီး ေမာင္းနွင္မွာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ ပက္စီ အခ်ိဳရည္ကို ထုတ္လုပ္တဲ့ PepsiCo က ကယ္လီဖိုးနီးယား ျပည္နယ္မွ University of the Pacific ေက်ာင္း၀င္းကို စက္ရုပ္မ်ားျဖင့္ အစားအစာနဲ႔ ေဖ်ာ္ရည္မ်ား ပို႔ေဆာင္ေပးမယ္လို႔ ယခုလ အေစာပိုင္းမွာ ေၾကညာလိုက္ပါတယ္။ အဲဒီ စက္ရုပ္မ်ားကို Snackbots လို႔ အမည္ေပးထားၿပီး ကုမၸဏီရဲ႕ Hello Goodness စက္ရံုကေန အစားအစာမ်ားကို စက္ရုပ္မ်ားက ယူေဆာင္ေပးမွာ ျဖစ္ပါတယ္။

ပို႔ေဆာင္ေပးမယ့္ အစားအစာမ်ားထဲမွာ Smartfood Delight popcorn, Baked Lays, Pure Leaf Tea, နဲ႔ Starbucks Cold Brew drinks မ်ား ပါ၀င္ပါတယ္။ ေက်ာင္းသားမ်ားက iOS App ကေန အစားအစာမ်ားကို မွာယူႏုိင္ပါတယ္။ နံနက္ ၉ နာရီကေန ညေန ၅ နာရီအတြင္းမွာ ၁၇၅ ဧကက်ယ္၀န္းတဲ့ ေက်ာင္း၀န္းအတြင္းမွ ေက်ာင္းသားမ်ား မွာယူတဲ့ ေနရာကို လာပို႔ေပးမွာ ျဖစ္ပါတယ္။

unicode

Delivery Robot ဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးနေတဲ့ Amazon

မောင်းသူမဲ့ ကားနည်းပညာကို ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး နယ်ပယ်များမှာ အသုံးပြုလာကြပါတယ်။ Delivery Robot များဖြင့် အစားအစာနဲ့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေကြပါတယ်။ အခုလည်း အွန်လိုင်း စတိုးဆိုင်ကြီး Amazon က Amazon Scout လို့ အမည်ပေးထားတဲ့ Delivery Robot များဖြင့် ဝါရှင်တန်ရှိ Snohomish County မှာ ကုန်ပစ္စည်းများကို စမ်းသပ်ပို့ဆောင်ပေးနေပါတယ်။

လက်ရှိမှာ စက်ရုပ် ၆ ရုပ်နဲ့ စမ်းသပ်နေပါတယ်။ သူ့မှာ ဘီး ခြောက်ဘီး တပ်ဆင်ထားပါတယ်။ တနင်္လာကနေ သောကြာနေ့များအတွင်း နေ့ဘက်မှာသာ ပို့ဆောင်ပေးနေပါတယ်။ သူဟာ အခြား ကုမ္ပဏီများရဲ့ Delivery Robot များနဲ့ ဒီဇိုင်း အပိုင်းမှာ ဆင်တူပါတယ်။ ဘက်ထရီကို အသုံးပြုပြီး မောင်းနှင်မှာ ဖြစ်ပါတယ်။

နာမည်ကျော် ပက်စီ အချိုရည်ကို ထုတ်လုပ်တဲ့ PepsiCo က ကယ်လီဖိုးနီးယား ပြည်နယ်မှ University of the Pacific ကျောင်းဝင်းကို စက်ရုပ်များဖြင့် အစားအစာနဲ့ ဖျော်ရည်များ ပို့ဆောင်ပေးမယ်လို့ ယခုလ အစောပိုင်းမှာ ကြေညာလိုက်ပါတယ်။ အဲဒီ စက်ရုပ်များကို Snackbots လို့ အမည်ပေးထားပြီး ကုမ္ပဏီရဲ့ Hello Goodness စက်ရုံကနေ အစားအစာများကို စက်ရုပ်များက ယူဆောင်ပေးမှာ ဖြစ်ပါတယ်။

ပို့ဆောင်ပေးမယ့် အစားအစာများထဲမှာ Smartfood Delight popcorn, Baked Lays, Pure Leaf Tea, နဲ့ Starbucks Cold Brew drinks များ ပါဝင်ပါတယ်။ ကျောင်းသားများက iOS App ကနေ အစားအစာများကို မှာယူနိုင်ပါတယ်။ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်းမှာ ၁၇၅ ဧကကျယ်ဝန်းတဲ့ ကျောင်းဝန်းအတွင်းမှ ကျောင်းသားများ မှာယူတဲ့ နေရာကို လာပို့ပေးမှာ ဖြစ်ပါတယ်။

Leave a Reply