Phone မ်ားမွာ ဓါတ္ပံုမ်ားကို အလိုအေလွ်ာက္ ဖ်က္ပစ္ေနတဲ့ ျပႆနာကို ေျဖရွင္းလိုက္တဲ့ Huawei

0
781

Reddit လူမႈကြန္ရက္မွာ ဟြာေ၀း စမတ္ဖုန္း ကိုင္ထားသူမ်ားဟာ Twitter App ဟာေၾကာင္ေနတယ္လို႔ ေျပာေနၾကပါတယမ္။ User က Twitter App ကေန ဓါတ္ပံုကို သိမ္းလုိက္ၿပီးေနာက္မွာ App ဟာ အဲဒီပံုကို ခ်က္ခ်င္း ဖ်က္ပစ္လိုက္တယ္လို႔  ေဆြးေႏြးေနၾကပါတယ္။ ပံုကို သိမ္းလိုက္ၿပီးေနာက္မွာ User မ်ားက “Twitter has deleted a photo from Gallery” ဆိုတဲ့ စာသားကို Huawei System Services ကေန ျမင္ရတယ္လို႔ ေျပာပါတယ္။ ဒီကိစၥေၾကာင့္ ဟြာေ၀းဟာ OS မွာ တြစ္တာမွ ဓါတ္ပံုမ်ား သိမ္းျခင္းကို ရည္ရြယ္ခ်က္ ရွိရွိ ဖ်က္ပစ္ေနတယ္လို႔ အင္တာနက္မွာ သတင္းေတြထြက္လာပါတယ္။

ဟြာေ၀းက အဲဒီ ကိစၥကို ေျဖရွင္းခ်က္ ထုတ္ျပန္လိုက္ပါတယ္။ ကုမၸဏီက “ ဒီျပႆနာကို အေျဖရွာေတြ႕ပါၿပီ။ Twitter app (version 7.78.0 and 7.77.0) ကေန ဓါတ္ပံုတစ္ခုကို ေဒါင္းလုပ္လုပ္တဲ့အခါမွာ App က အဲဒီပံုနဲ႔ အမည္တူ ဖိုဒါတစ္ခုကို ဖန္တီးလိုက္ၿပီး ေနာက္ကြယ္မွာ ပံုကို ခ်က္ခ်င္း ဖ်က္လိုက္ပါတယ္။ ဒီလိုဖ်က္လိုက္တဲ့ အတြက္ Huawei ရဲ႕ Image Protection စနစ္က ဖ်က္လိုက္ေၾကာင္း User ကို အသိေပးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပံုမ်ားဟာ ဖုန္းမွာ ရွိေနပါတယ္။ File Manager/picture/Twitter မွာ ပံုမ်ား ရွိပါတယ္။  “ လို႔ ေျပာပါတယ္။

ဒီေဆာ့ဖ္၀ဲ ျပႆနာကို တြစ္တာကပဲ ျပင္ဆင္ေပးရမလား ၊ တြစ္တာနဲ႔ ဟြာေ၀း ေပါင္းၿပီး ျပင္ဆင္ေပးရမလား ဆိုတာကို မသိရေသးပါဘူး။ ဟြာေ၀းက ဒီျပႆနာကို အျမန္ဆံုး ေျဖရွင္းဖို႔ တြစ္တာနဲ႔ စကားေျပာေနၿပီလို႔ သိရပါတယ္။

Ref : gsmarena

unicode

Phone များမှာ ဓါတ်ပုံများကို အလိုအလျှောက် ဖျက်ပစ်နေတဲ့ ပြဿနာကို ဖြေရှင်းလိုက်တဲ့ Huawei

Reddit လူမှုကွန်ရက်မှာ ဟွာဝေး စမတ်ဖုန်း ကိုင်ထားသူများဟာ Twitter App ဟာကြောင်နေတယ်လို့ ပြောနေကြပါတယမ်။ User က Twitter App ကနေ ဓါတ်ပုံကို သိမ်းလိုက်ပြီးနောက်မှာ App ဟာ အဲဒီပုံကို ချက်ချင်း ဖျက်ပစ်လိုက်တယ်လို့ ဆွေးနွေးနေကြပါတယ်။ ပုံကို သိမ်းလိုက်ပြီးနောက်မှာ User များက “Twitter has deleted a photo from Gallery” ဆိုတဲ့ စာသားကို Huawei System Services ကနေ မြင်ရတယ်လို့ ပြောပါတယ်။ ဒီကိစ္စကြောင့် ဟွာဝေးဟာ OS မှာ တွစ်တာမှ ဓါတ်ပုံများ သိမ်းခြင်းကို ရည်ရွယ်ချက် ရှိရှိ ဖျက်ပစ်နေတယ်လို့ အင်တာနက်မှာ သတင်းတွေထွက်လာပါတယ်။

ဟွာဝေးက အဲဒီ ကိစ္စကို ဖြေရှင်းချက် ထုတ်ပြန်လိုက်ပါတယ်။ ကုမ္ပဏီက “ ဒီပြဿနာကို အဖြေရှာတွေ့ပါပြီ။ Twitter app (version 7.78.0 and 7.77.0) ကနေ ဓါတ်ပုံတစ်ခုကို ဒေါင်းလုပ်လုပ်တဲ့အခါမှာ App က အဲဒီပုံနဲ့ အမည်တူ ဖိုဒါတစ်ခုကို ဖန်တီးလိုက်ပြီး နောက်ကွယ်မှာ ပုံကို ချက်ချင်း ဖျက်လိုက်ပါတယ်။ ဒီလိုဖျက်လိုက်တဲ့ အတွက် Huawei ရဲ့ Image Protection စနစ်က ဖျက်လိုက်ကြောင်း User ကို အသိပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံများဟာ ဖုန်းမှာ ရှိနေပါတယ်။ File Manager/picture/Twitter မှာ ပုံများ ရှိပါတယ်။ “ လို့ ပြောပါတယ်။

ဒီဆော့ဖ်ဝဲ ပြဿနာကို တွစ်တာကပဲ ပြင်ဆင်ပေးရမလား ၊ တွစ်တာနဲ့ ဟွာဝေး ပေါင်းပြီး ပြင်ဆင်ပေးရမလား ဆိုတာကို မသိရသေးပါဘူး။ ဟွာဝေးက ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ တွစ်တာနဲ့ စကားပြောနေပြီလို့ သိရပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.