Smartphone Trending

Samsung Galaxy A8s အတြက္ ပန္းေရာင္နဲ႔ ေရႊေရာင္မ်ား ထြက္ရွိ

Samsung က  Galaxy A8s အတြက္ ပန္းေရာင္နဲ႔ ေရႊေရာင္မ်ားကို ထုတ္လုပ္လိုက္ပါတယ္။ Galaxy A8s FE လို႔ အမည္ေပးထားတဲ့ အတြက္ အမ်ိဳးသမီးမ်ား အတြက္ ရည္ရြယ္ထုတ္လုပ္ထားပံုရပါတယ္။ လာမယ့္လ ခ်စ္သူမ်ားေန႔မွာ ေရာင္းခ်မွာပါ။

Specs မ်ားက မူလေမာ္ဒယ္မ်ားနဲ႔ တူညီပါတယ္။ Galaxy A8s ရဲ႕ အေရွ႕ဘက္စကရင္ရဲ႕ အထက္ ဘယ္ဘက္ေထာင့္မွာ 24MP Camera ကို ျမွပ္ႏွံထားပါတယ္။ အဲဒီမ်က္ႏွာျပင္ဒီဇိုင္းကို Infinity-O လို႔ ဆမ္ေဆာင္းက အမည္ေပးထားပါတယ္။ သူ႔မွာ ၆.၄ လက္မ 1080x2340p 19.5:9 Display ထည့္သြင္းထားပါတယ္။ Samsung က Super AMOLED လို႔ မေျပာသြားတဲ့ အတြက္ ယခင္ထြက္ခဲ့တဲ့ သတင္းအတိုင္း BOE က ထုတ္ေပးထားတဲ့ LCD IPS ျဖစ္ႏုိင္ပါတယ္။ 6 or 8GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 128GB Storage ထည့္သြင္းထားၿပီး 512GB microSD Card စိုက္ႏုိင္ပါတယ္။

Snapdragon 710 Chipset က စြမ္းရည္ျမင့္မားပါတယ္။ အေနာက္ဘက္မွာ 24MP Main Sensor , 10MP Telephoto Sensor နဲ႔ 5MP Depth Sensor မ်ား ထည့္သြင္းထားပါတယ္။ Fingerprint Scanner ကို အေနာက္ဘက္မွာျမွပ္ႏွံထားပါတယ္။ 3400mAh Battery ကို USB-C Port ကေန လွ်င္ျမန္စြာ အားသြင္းႏိုင္ပါတယ္။ Android 8.1 Oreo ကို Samsung UI နဲ႔ ေပါင္းစပ္ထားပါတယ္။

unicode

Samsung Galaxy A8s အတွက် ပန်းရောင်နဲ့ ရွှေရောင်များ ထွက်ရှိ

Samsung က Galaxy A8s အတွက် ပန်းရောင်နဲ့ ရွှေရောင်များကို ထုတ်လုပ်လိုက်ပါတယ်။ Galaxy A8s FE လို့ အမည်ပေးထားတဲ့ အတွက် အမျိုးသမီးများ အတွက် ရည်ရွယ်ထုတ်လုပ်ထားပုံရပါတယ်။ လာမယ့်လ ချစ်သူများနေ့မှာ ရောင်းချမှာပါ။

Specs များက မူလမော်ဒယ်များနဲ့ တူညီပါတယ်။ Galaxy A8s ရဲ့ အရှေ့ဘက်စကရင်ရဲ့ အထက် ဘယ်ဘက်ထောင့်မှာ 24MP Camera ကို မြှပ်နှံထားပါတယ်။ အဲဒီမျက်နှာပြင်ဒီဇိုင်းကို Infinity-O လို့ ဆမ်ဆောင်းက အမည်ပေးထားပါတယ်။ သူ့မှာ ၆.၄ လက်မ 1080x2340p 19.5:9 Display ထည့်သွင်းထားပါတယ်။ Samsung က Super AMOLED လို့ မပြောသွားတဲ့ အတွက် ယခင်ထွက်ခဲ့တဲ့ သတင်းအတိုင်း BOE က ထုတ်ပေးထားတဲ့ LCD IPS ဖြစ်နိုင်ပါတယ်။ 6 or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ 128GB Storage ထည့်သွင်းထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။

Snapdragon 710 Chipset က စွမ်းရည်မြင့်မားပါတယ်။ အနောက်ဘက်မှာ 24MP Main Sensor , 10MP Telephoto Sensor နဲ့ 5MP Depth Sensor များ ထည့်သွင်းထားပါတယ်။ Fingerprint Scanner ကို အနောက်ဘက်မှာမြှပ်နှံထားပါတယ်။ 3400mAh Battery ကို USB-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ Android 8.1 Oreo ကို Samsung UI နဲ့ ပေါင်းစပ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.